Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
မိန်းကလေးအဖြစ်ဘဝသစ်စဖို့ လိင်ပြောင်းခွဲစိတ်လိုက်ပြီဖြစ်တဲ့ မေသစ္စာမောင်
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အသက် ၂၁ နှစ်အရွယ် လေဒီဘွိုင်းတစ်ယောက်ဖြစ်တဲ့ မေသစ္စာမောင်ကတော့ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ပုရိသပရိသတ်တွေရဲ့ အားပေးမှုကိုသာမက မိန်းကလေးပရိသတ်တွေလည်း အများကြီး ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
မေသစ္စာမောင်ကတော့ မိန်းကလေးစစ်တစ်ယောက်လိုမျိုး သူမရဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့အတွက် စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖေါ်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သူမရဲ့ လိင်ပြောင်းခွဲစိတ်မှုအောင်အောင်မြင်မြင်နဲ့ ပြီးစီးခဲ့တဲ့အကြောင်းကို ဖေစ်ဘုတ်ပေါ်မှာ မျှဝေပေးလိုက်တာဖြစ်ပါတယ်။
မေသစ္စာမောင်ကတော့ သူမရဲ့ နေ့သစ်တွေအတွက် စိတ်လှုပ်ရှားနေတဲ့အကြောင်းကို “အသက်၂၁ မှာပဲကျွန်မအတွက်ဘဝအသစ်တစ်ခုနဲ့ဖြတ်ကျော်နိုင်ပါတော့မယ် အဲ့အတွက် Real Team clinicကိုလည်းကျေးဇူးအများကြီးတင်ပါတယ်.ကျွန်မကိုအကောင်းဆုံးခွဲစိတ်ပေးတဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်.ကျွန်မကိုလည်းအမြန်ကျန်းမာစေဖို့ဆုတောင်းပေးကြပါအုံးလို့ ဒီထက်မကဆက်ချစ်ပေးကြဖို့မျော်လင့်ပါတယ်” လို့လည်း ရေးသားထားပါတယ်။
share from : burmese.asia