Zawgyi ဖြင့်ဖတ်ရန်

 








Credit :momolay

Unicode ဖြင့်ဖတ်ရန်

မက်ဆီနဲ့ စီရော်နယ်ဒို ဗိုလ်လုပွဲတွေမှာ ဘယ်သူပိုပြီးခြေစွမ်းပြခဲ့ဆိုတာကွဲကွဲပြားပြား သိမြင်ရမယ့်မှတ်တမ်း

မက်ဆီနဲ့ စီရော်နယ်ဒိုဆိုတာ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမား (၂) ယောက်အဖြစ် အားလုံးက တစ်ညီတစ်ညွှတ်တည်း သတ်မှတ်ထားကြသူတွေပါ။ မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းသလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး လက်ရှိဘောလုံးလောကမှာ အားလုံးလက်ခံလောက်တဲ့အဖြေကို ဘယ်သူမှပေးထားနိုင်ခဲ့ခြင်းမရှိပါဘူး။ နောက်ဆုံးမှာ သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီး အားလုံးလက်ခံထားကြတာက မက်ဆီက ပါရမီရှင်ဖြစ်ပြီး စီရော်နယ်ဒိုကတော့ ကြိုးစားမှုရဲ့ပြယုဂ်ဖြစ်တယ်ဆိုတာပါပဲ။

ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေဖြစ်တာနဲ့အညီ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ကစားသမားဘဝတစ်လျှောက် တစ်ဦးချင်းအောင်မြင်မှုတွေ၊ ဆုဖလားအောင်မြင်မှုတွေများစွာ ရယူထားနိုင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့နှစ်ယောက်ဟာ ဗိုလ်လုပွဲတွေလည်း အကြိမ်ကြိမ်ဆင်နွှဲခဲ့ကြသူတွေပါ။ Oh My Goal က မက်ဆီနဲ့ စီရော်နယ်ဒိုတို့နှစ်ယောက်ရဲ့ ကစားသမားတစ်လျှောက် ဗိုလ်လုပွဲကစားခဲ့တဲ့ အကြိမ်အရေအတွက်ကို စစ်တမ်းပြုစုပြီး ဘယ်သူက ဗိုလ်လုပွဲနိုင်ပွဲအများဆုံးလဲဆိုတာ ပြုစုခဲ့ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်မက်ဆီကတော့ ကစားသမားဘဝတစ်လျှောက် ဗိုလ်လုပွဲပေါင်း (၃၂) ပွဲယှဉ်ပြိုင်ခဲ့ရပြီး (၂၂) ပွဲအနိုင်ရရှိကာ (၁၀) ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

ကွန်ဒို ကိုဝေဖန်မိလို့ တရားစွဲခံရတဲ့ ကိစ္စကို ဒဲ့ဝေဖန်လိုက်တဲ့ ကိုမောင်မောင်အေး

ဒီနေရာမှာ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုက ကစားသမားဘဝတစ်လျှောက် ဗိုလ်လုပွဲပေါင်း (၃၂) ပွဲယှဉ်ပြိုင်ခဲ့ရပြီး (၂၄) ပွဲအနိုင်ရရှိကာ (၈) ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုဟာ မက်ဆီထက်ပိုပြီး ဗိုလ်လုပွဲနိုင်ပွဲရရှိကာ ခြေစွမ်းပြတတ်ကြောင်းလည်း အထင်းသားတွေ့ရှိရမှာ ဖြစ်ပါတယ်။

Oh My Goal က ဖော်ပြခဲ့တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ ဗိုလ်လုပွဲမှတ်တမ်း

Credit :momolay

LEAVE A REPLY