Zawgyi ျဖင့္ဖတ္ရန္

 

၁-တစ္ရက္ရက္ေတာ႔​ သင္႔ရဲ႕နာက်င္​မႈဟာ​ သင္႔ဘဝရဲ႕ခြန္အားေတြ​ ျဖစ္လာပါလိမ္႔မယ္။ ရင္ဆိုင္ပါ။ ရဲရင္႔ပါ။

၂-သင္႔ကို​ မနာလို​ ျဖစ္ေနတဲ႔​ သူေတြကို​ ေဗြမယူပါနဲ႔။ အနည္းဆုံးေတာ႔​ သင္ဟာ​ သူတို႔ထက္​ ေတာ္တယ္လို႔သူတို႔က​ ထင္ထားတယ္ေလ။

၃​-သင္႔ကို​ တန္ဖိုးမထားတဲ႔သူကို​ အရူးအမူး​ စြဲလမ္းမေနပါနဲ႔။ ၾကာလာရင္​ သင္ပါ​ တန္ဖိုးမဲ႔သြားလိမ္႔မယ္။

၄-သင္႔ရဲ႕ေပ်ာ္ရႊင္မႈဟာ​ ဘယ္သူကို​ သင္႔ဘဝထဲ​ လက္ခံရမယ္​ ဘယ္သူကို​ သင္႔ဘဝထဲ​ လက္မခံရဘူး​ ဆိုတာကိုသိျခင္းနဲ႔​ အမ်ားၾကီး​ ဆိုင္ပါတယ္။

၅-သင္႔ကို​ စိတ္ဆင္းရဲ​ေစတဲ႔​ သူေတြကို​ သင္႔ဘဝထဲကထုတ္ပယ္လိုက္ပါ။ သင္႔ဘဝရဲ႕​ ျငိမ္းခ်မ္းမႈက​ သင္႔လက္ထဲမွာပါ။

၆-သူမ်ားေတြက​ သင္႔ကို​ ဘယ္လို​ ထင္ေနသလဲ​ ဆိုတာအေရးမၾကီးပါဘူး။ သင္႔ကိုယ္သင္​ ဘယ္လို​ ျမင္သလဲဆိုတာက​ ပိုအေရးၾကီးပါတယ္။

၇-သင္႔ကိုယ္သင္​ ခ်စ္ပါ။ ကမၻာတစ္ခုလုံးက​ သင္႔ကိုခ်စ္ေနရင္လည္း​ သင္႔ကိုယ္သင္​ မခ်စ္ရင္​ သင္ဟာအခ်စ္ငတ္ေနသူပါ။

၈-လူတိုင္းမွာ​ ရႉ႕ေထာင္႔ကိုယ္စီ​ ရွိတာမို႔​ ျငင္းခုံမႈတိုင္းမွာအရႈံး၊ အႏိုင္ဆိုတာ​ မရွိပါဘူး။

၉-သင္႔ကိုယ္သင္​ သူတစ္ပါးနဲ႔​ ယွဥ္ျပီး​ အားငယ္မေနပါနဲ႔။ လူတိုင္းမွာ​ မတူညီတဲ႔​ အစြမ္းအစ​ ကိုယ္စီ​ ရွိၾကပါတယ္။

၁၀-သင္ကိုယ္တိုင္က​ ခြင္႔မျပဳဘဲ​ ဘယ္သူမွ​ သင္႔ကို​ စိတ္အားငယ္ေအာင္​ ျပဳလုပ္လို႔​ မရပါဘူး။

၁၁-ေပ်ာ္ေပ်ာ္ေနပါ။ ကမၻာေပၚက​ ျပႆနာအားလုံးကသင္႔နဲ႔​ မဆိုင္ပါဘူး။

၁၂ -​တတ္နိုင္သေလာက္​ ကူညီပါ။ ကူညီတယ္ဆိုတာကေပါလြန္းလို႔​ေတာ႔​ မဟုတ္ပါဘူး။ ဘာမွမရွိဘူးဆိုတဲ႔အကူအညီ​မဲ​႔ေနစဥ္​ ခံစားခ်က္ကို​ အေသအခ်ာ​ နားလည္လို႔ပါ။

၁၃-သင္႔ကို​ လိုအပ္ေနတဲ႔သူေတြအတြက္​ ရွိေနေပးပါ။ ဒါေပမယ္႔​ သင္႔ကိုယ္သင္လည္း​ ပစ္မထားပါနဲ႔။

၁၄-စာဖတ္ပါ။ စာဖတ္ျခင္းက​ သင္႔ရဲ႕စိတ္ကို​ ရင္႔က်က္ေစျပီးသင္႔ရဲ႕ဘဝကို​ ေျပာင္းလဲေစနိုင္ပါတယ္။

၁၅-တစ္စုံတစ္ေယာက္နဲ႔​ ျပႆနာျဖစ္တဲ႔အခါ​ အဲ႔ဒီျပႆနာကတကယ္အေရးပါသလား​ စဥ္းစားပါ။ ဘာမွမဟုတ္တာေလးတစ္ခုအတြက္နဲ႔​ စိတ္ဆိုးေဒါသ​ထြက္​ ေနတာမ်ိဳးေတြကို​ ေရွာင္ပါ။

၁၆-သင္ဟာ​ နာက်င္မႈအေပၚမွာ​ အာရုံစိုက္ေနရင္ဆက္ျပီး​ နာက်င္လိမ္႔မယ္။ သင္ခန္းစာအျဖစ္​ ျမင္နိုင္မွသင္ဟာ​ ရင္က်က္လာလိမ္႔မယ္။

၁၇-အခ်ိန္က​ အကန္႔အသတ္ရွိပါတယ္။ ဒါ႔ေၾကာင္႔တစ္ျခားလူတစ္ေယာက္ရဲ႕​ ဘဝအတြက္​ ရွင္သန္ရင္းသင္႔အခ်ိန္ေတြကို​ မျဖဳန္းတီးလိုက္ပါနဲ႔။

Credit to ကိုရဲ

Unicode ဖြင့်ဖတ်ရန်

သင်စိတ်အားငယ်တိုင်း ဖတ်ဖို့

၁-တစ်ရက်ရက်တော့ သင့်ရဲ့နာကျင်မှုဟာ သင့်ဘဝရဲ့ခွန်အားတွေ ဖြစ်လာပါလိမ့်မယ်။ ရင်ဆိုင်ပါ။ ရဲရင့်ပါ။

၂-သင့်ကို မနာလို ဖြစ်နေတဲ့ သူတွေကို ဗွေမယူပါနဲ့။ အနည်းဆုံးတော့ သင်ဟာ သူတို့ထက် တော်တယ်လို့သူတို့က ထင်ထားတယ်လေ။

၃-သင့်ကို တန်ဖိုးမထားတဲ့သူကို အရူးအမူး စွဲလမ်းမနေပါနဲ့။ ကြာလာရင် သင်ပါ တန်ဖိုးမဲ့သွားလိမ့်မယ်။

၄-သင့်ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူကို သင့်ဘဝထဲ လက်ခံရမယ် ဘယ်သူကို သင့်ဘဝထဲ လက်မခံရဘူး ဆိုတာကိုသိခြင်းနဲ့ အများကြီး ဆိုင်ပါတယ်။

၅-သင့်ကို စိတ်ဆင်းရဲစေတဲ့ သူတွေကို သင့်ဘဝထဲကထုတ်ပယ်လိုက်ပါ။ သင့်ဘဝရဲ့ ငြိမ်းချမ်းမှုက သင့်လက်ထဲမှာပါ။

၆-သူများတွေက သင့်ကို ဘယ်လို ထင်နေသလဲ ဆိုတာအရေးမကြီးပါဘူး။ သင့်ကိုယ်သင် ဘယ်လို မြင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။

၇-သင့်ကိုယ်သင် ချစ်ပါ။ ကမ္ဘာတစ်ခုလုံးက သင့်ကိုချစ်နေရင်လည်း သင့်ကိုယ်သင် မချစ်ရင် သင်ဟာအချစ်ငတ်နေသူပါ။

၈-လူတိုင်းမှာ ရှူ့ထောင့်ကိုယ်စီ ရှိတာမို့ ငြင်းခုံမှုတိုင်းမှာအရှုံး၊ အနိုင်ဆိုတာ မရှိပါဘူး။

၉-သင့်ကိုယ်သင် သူတစ်ပါးနဲ့ ယှဉ်ပြီး အားငယ်မနေပါနဲ့။ လူတိုင်းမှာ မတူညီတဲ့ အစွမ်းအစ ကိုယ်စီ ရှိကြပါတယ်။

၁၀-သင်ကိုယ်တိုင်က ခွင့်မပြုဘဲ ဘယ်သူမှ သင့်ကို စိတ်အားငယ်အောင် ပြုလုပ်လို့ မရပါဘူး။

၁၁-ပျော်ပျော်နေပါ။ ကမ္ဘာပေါ်က ပြဿနာအားလုံးကသင့်နဲ့ မဆိုင်ပါဘူး။

၁၂ -တတ်နိုင်သလောက် ကူညီပါ။ ကူညီတယ်ဆိုတာကပေါလွန်းလို့တော့ မဟုတ်ပါဘူး။ ဘာမှမရှိဘူးဆိုတဲ့အကူအညီမဲ့နေစဉ် ခံစားချက်ကို အသေအချာ နားလည်လို့ပါ။

၁၃-သင့်ကို လိုအပ်နေတဲ့သူတွေအတွက် ရှိနေပေးပါ။ ဒါပေမယ့် သင့်ကိုယ်သင်လည်း ပစ်မထားပါနဲ့။

၁၄-စာဖတ်ပါ။ စာဖတ်ခြင်းက သင့်ရဲ့စိတ်ကို ရင့်ကျက်စေပြီးသင့်ရဲ့ဘဝကို ပြောင်းလဲစေနိုင်ပါတယ်။

၁၅-တစ်စုံတစ်ယောက်နဲ့ ပြဿနာဖြစ်တဲ့အခါ အဲ့ဒီပြဿနာကတကယ်အရေးပါသလား စဉ်းစားပါ။ ဘာမှမဟုတ်တာလေးတစ်ခုအတွက်နဲ့ စိတ်ဆိုးဒေါသထွက် နေတာမျိုးတွေကို ရှောင်ပါ။

၁၆-သင်ဟာ နာကျင်မှုအပေါ်မှာ အာရုံစိုက်နေရင်ဆက်ပြီး နာကျင်လိမ့်မယ်။ သင်ခန်းစာအဖြစ် မြင်နိုင်မှသင်ဟာ ရင်ကျက်လာလိမ့်မယ်။

၁၇-အချိန်က အကန့်အသတ်ရှိပါတယ်။ ဒါ့ကြောင့်တစ်ခြားလူတစ်ယောက်ရဲ့ ဘဝအတွက် ရှင်သန်ရင်းသင့်အချိန်တွေကို မဖြုန်းတီးလိုက်ပါနဲ့။

Credit to ကိုရဲ

LEAVE A REPLY