Zawgyi ဖြင့်ဖတ်ရန်

 



 



Unicode ဖြင့်ဖတ်ရန်

ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိလာဦးမယ့် ချစ်စရာကောင်းတဲ့ အသက်(၁၆)နှစ်အရွယ် MM IDOL ပြိုင်ပွဲဝင်လေး အေးမြဖြူ

တစ်နှစ်တစ်ခါ ပရိသတ်တွေ ရင်ခုန်စွာနဲ့ စောင့်မျော်ကြည့်ရှုအားပေးကြတဲ့ Myanmar Idol ပြိုင်ပွဲကြီးက အခုဆိုရင် Season 4 အထိ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Myanmar Idol ပြိုင်ပွဲကြီးမှာ အနယ်နယ်၊ အရပ်ရပ်က ဂီတဝါသနာရှင်တွေက လာရောက်ယှဉ်ပြိုင်ကြပြီး ဒိုင်တွေရဲ့ စိတ်အာရုံကို အမျိုးမျိုး ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှ ဝါသနာရှင် ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်ခဲ့ပုံတွေကို ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ ထိုထဲကမှ အသက်(၁၆) နှစ်အရွယ် အေးမြဖြူဆိုတဲ့ မိန်းကလေးကတော့ ပရိသတ်တွေရဲ့ စိတ်အာရုံကို စွဲဆောင်နိုင်ခဲ့ပါတယ်။

အေးမြဖြူက နီနီခင်ဇော်ရဲ့ “ရက်စက်သွားသူ” ဆိုတဲ့ သီချင်းလေးနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒိုင်လူကြီးတွေရဲ့ မှတ်ချက်ကောင်းတွေကို ရရှိခဲ့ပါတယ်။ ပရိသတ်တွေအတွက် အေးမြဖြူရဲ့ ပြိုင်ပွဲဝင် သီဆိုမှုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

share from : burmese.asia

LEAVE A REPLY