Zawgyi ျဖင့္ဖတ္ရန္

ႂကြက္တက္ျခင္းဆိုတာ ကိုယ္ခႏၶာထဲရွိ ဆားဓာတ္မ်ားနဲ႔ သတၱဳဓာတ္မ်ား မွ်တမႈမရွိျခင္းကို ျပသေနျခင္းျဖစ္ပါတယ္။ႂကြက္သားမ်ား႐ုတ္တရက္ အျပင္းအထန္နာက်င္တင္းမာလာၿပီး ျပန္လည္ေျပေလ်ာ့မွသာ နာက်င္မႈသက္သာပါတယ္။ျဖစ္ပြားေစေသာအေၾကာင္းရင္းေပၚမူတည္ၿပီး အားေဆးမ်ားမွီဝဲျခင္း ေဆးေသာက္ျခင္းျပဳလုပ္ႏိုင္ၿပီး ေအာက္ပါ သဘာဝနည္းမ်ားကိုလဲ အသုံးျပဳႏိုင္ပါတယ္။

(၁)ေရဓာတ္ျပည့္ဝပါေစ

ေလ့က်င့္ခန္းအျပင္းအထန္လုပ္ၿပီး သို႔မဟုတ္ ေနပူထဲတြင္အားကစားေလ့က်င့္ၿပီးေနာက္ ေခြၽးထြက္လြန္ျခင္းေၾကာင့္ ေရဓာတ္ဆုံးရႈံးရာမွ ကယ္ဆီယမ္ ပိုတက္ဆီယမ္နဲ႔ မက္ဂနီဆီယမ္မ်ားလဲ ကိုယ္ထဲမွ ဆုံးရွံုးသြားပါတယ္။ထိုသို႔ လိုအပ္ေသာ ဓာတ္မ်ား မမွ်တရာမွ ႂကြက္တက္ျခင္းျဖစ္ေပၚေစပါတယ္။

ဒါေၾကာင့္ အားကစားမျပဳလုပ္ခင္ေကာ လုပ္ေနစဥ္နဲ႔လုပ္ၿပီးအခ်ိန္မ်ားတြင္ပါ ေရကို ေသာက္သုံးသင့္ပါတယ္။ဆားဓာတ္ပါၿပီးသား အားကစားအခ်ိဴရည္မ်ားလဲ ေသာက္သုံးႏိုင္ပါတယ္။

(၂)ေျခဆန႔္ေလ့က်င့္ခန္း

ႂကြက္သားမ်ား ေျပေလ်ာ့ေစဖို႔ အေညာင္းဆန႔္ေလ့က်င့္ခန္းပုံမွန္ျပဳလုပ္ေပးသင့္တယ္ေနာ္။အထူးသျဖင့္ အားကစားမျပဳလုပ္မီနဲ႔ျပဳလုပ္ၿပီးေနာက္ ေသြးလွည့္ပတ္မႈေကာင္းေစဖို႔ အေၾကာေလွ်ာ့ေလ့က်င့္ခန္းျပဳလုပ္ေပးပါ။

သင္ဟာ ညတေရးႏိုးမွာ ႂကြက္တက္ၿပီးႏိုးထလာတယ္ဆိုပါက ျဖစ္ပြားေသာေနရာကို လက္သီးဆုပ္ျဖင့္ အေပၚေအာက္ဖိႏွိပ္ေပးျခင္းနဲ႔အတူ အေၾကာဆန႔္ေလ့က်င့္ခန္းျပဳလုပ္ေပးျခင္းျဖင့္ သက္သာေစပါတယ္။ အေမရိကန္ႏိုင္ငံ နယူးေယာက္မွ ပညာရွင္မ်ား သတ္မွတ္ထားေသာ အေၾကာဆန႔္ေလ့က်င့္ခန္းမွာ နံရံကေန လက္တစ္ဆန႔္စာ ခြာရပ္ပါ။ထို႔ေနာက္ နံရံကို လက္ျဖင့္တြန္းၿပီး ဒူး၂ဖက္ကိုခ်ိတ္ထားပါ။သင့္ေျခသလုံးႂကြက္သားမ်ားတြင္ အားထည့္ထားပါ။ထိုအေနအထားကို၁၀စကန႔္ထားၿပီး ၃ႀကိမ္ျပဳလုပ္ပါ။ ႂကြက္တက္ျခင္းကိုသက္သာေစပါလိမ့္မည္။

ေနာက္တစ္နည္းအေနနဲ႔ ေျခဖဝါးေအာက္တြင္ တင္းနစ္ေဘာလုံးကိုထားၿပီး လွိမ့္ေပးပါ။

(၃)အပူ အေအး နည္း

အပူနဲ႔အေအးကို တစ္လွည့္စီ မိနစ္၂၀ခန႔္ကပ္ေပးရပါမယ္။ေရခဲကနာက်င္မႈဒဏ္ရာမ်ားကို သက္သာေစၿပီး ႂကြက္သားမ်ားေျပေလ်ာ့ေစပါတယ္။ေရေႏြးကႂကြက္သားတင္းမာမႈမ်ားကိုေလွ်ာ့ခ်ေပးပါတယ္။

(၄)ပိုတက္ဆီယမ္ပါေသာအစာမ်ားစားပါ

ႂကြက္သားေတြ အေကြးအဆန႔္လုပ္ဖို႔နဲ႔ အာ႐ုံေၾကာမ်ားအလုပ္လုပ္ဖို႔ ပိုတက္စီယမ္ကိုလိုအပ္ပါတယ္။ငွက္ေပ်ာသီး၊ကီဝီသီး၊ဂရိတ္ဖုသီး၊သေဘၤာသီး၊အာလူး၊ခရမ္းခ်ဥ္သီး၊ပဲ၊ငါးနဲ႔ ႏို႔ထြက္ပစည္းမ်ားျဖစ္ေသာ ခ်ိစ္ ၊ဒိန္ခ်ဥ္တို႔ကိုစားေပးဖို႔လိုပါတယ္။

(၅)မက္ဂနီဆီယမ္ပါေသာအစာမ်ားကိုစားပါ

ကိုယ္ဝန္ေဆာင္ခ်ိန္ ႂကြက္တက္ေသာမိခင္မ်ားအနက္ ၃၀ရာႏႈန္းခန႔္သည္ မက္ဂနီဆီယမ္ခ်ိဴ႕တဲ့ေသာေၾကာင့္ျဖစ္ပါတယ္။ဂ်ံဴ၊အစိမ္းေရာင္အ႐ြက္မ်ား၊ပဲမ်ားကို စားသုံးႏိုင္ၿပီး မက္ဂနီဆီယမ္ အားေဆးျပားမ်ားမွီဝဲပါ။

(၆)ကယ္ဆီယမ္ပါေသာအစာမ်ားစားပါ

ႏွမ္း၊အစိမ္းေရာင္အ႐ြက္မ်ားႏွင့္ သစ္အယ္သီး၊တို႔ဟူး၊ခ်ိစ္၊ဒိန္ခ်ဥ္နဲ႔ႏြားႏို႔မ်ား စားေပးႏိုင္တယ္ေနာ္။ႂကြက္သားမ်ားသန္မာဖို႔နဲ႔ေျပေလ်ာ့ဖို႔ ကယ္ဆီယမ္က အေရးႀကီးပါတယ္။အ႐ိုးမ်ားကိုလဲ သန္မာေစပါတယ္။

Writer – Dr Jue ( XYZ News )

Unicode ဖြင့်ဖတ်ရန်

ကြွက်တက်ခြင်းကို သက်သာပျောက်ကင်းစေမည့် အိမ်တွင်းကုထုံးများ

ကြွက်တက်ခြင်းဆိုတာ ကိုယ်ခန္ဓာထဲရှိ ဆားဓာတ်များနဲ့ သတ္တုဓာတ်များ မျှတမှုမရှိခြင်းကို ပြသနေခြင်းဖြစ်ပါတယ်။ကြွက်သားများရုတ်တရက် အပြင်းအထန်နာကျင်တင်းမာလာပြီး ပြန်လည်ပြေလျော့မှသာ နာကျင်မှုသက်သာပါတယ်။ဖြစ်ပွားစေသောအကြောင်းရင်းပေါ်မူတည်ပြီး အားဆေးများမှီဝဲခြင်း ဆေးသောက်ခြင်းပြုလုပ်နိုင်ပြီး အောက်ပါ သဘာဝနည်းများကိုလဲ အသုံးပြုနိုင်ပါတယ်။

(၁)ရေဓာတ်ပြည့်ဝပါစေ

လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီး သို့မဟုတ် နေပူထဲတွင်အားကစားလေ့ကျင့်ပြီးနောက် ချွေးထွက်လွန်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးရာမှ ကယ်ဆီယမ် ပိုတက်ဆီယမ်နဲ့ မက်ဂနီဆီယမ်များလဲ ကိုယ်ထဲမှ ဆုံးရှုံးသွားပါတယ်။ထိုသို့ လိုအပ်သော ဓာတ်များ မမျှတရာမှ ကြွက်တက်ခြင်းဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် အားကစားမပြုလုပ်ခင်ကော လုပ်နေစဉ်နဲ့လုပ်ပြီးအချိန်များတွင်ပါ ရေကို သောက်သုံးသင့်ပါတယ်။ဆားဓာတ်ပါပြီးသား အားကစားအချိူရည်များလဲ သောက်သုံးနိုင်ပါတယ်။

(၂)ခြေဆန့်လေ့ကျင့်ခန်း

ကြွက်သားများ ပြေလျော့စေဖို့ အညောင်းဆန့်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးသင့်တယ်နော်။အထူးသဖြင့် အားကစားမပြုလုပ်မီနဲ့ပြုလုပ်ပြီးနောက် သွေးလှည့်ပတ်မှုကောင်းစေဖို့ အကြောလျှော့လေ့ကျင့်ခန်းပြုလုပ်ပေးပါ။

သင်ဟာ ညတရေးနိုးမှာ ကြွက်တက်ပြီးနိုးထလာတယ်ဆိုပါက ဖြစ်ပွားသောနေရာကို လက်သီးဆုပ်ဖြင့် အပေါ်အောက်ဖိနှိပ်ပေးခြင်းနဲ့အတူ အကြောဆန့်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် သက်သာစေပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မှ ပညာရှင်များ သတ်မှတ်ထားသော အကြောဆန့်လေ့ကျင့်ခန်းမှာ နံရံကနေ လက်တစ်ဆန့်စာ ခွာရပ်ပါ။ထို့နောက် နံရံကို လက်ဖြင့်တွန်းပြီး ဒူး၂ဖက်ကိုချိတ်ထားပါ။သင့်ခြေသလုံးကြွက်သားများတွင် အားထည့်ထားပါ။ထိုအနေအထားကို၁၀စကန့်ထားပြီး ၃ကြိမ်ပြုလုပ်ပါ။ ကြွက်တက်ခြင်းကိုသက်သာစေပါလိမ့်မည်။

နောက်တစ်နည်းအနေနဲ့ ခြေဖဝါးအောက်တွင် တင်းနစ်ဘောလုံးကိုထားပြီး လှိမ့်ပေးပါ။

(၃)အပူ အအေး နည်း

အပူနဲ့အအေးကို တစ်လှည့်စီ မိနစ်၂၀ခန့်ကပ်ပေးရပါမယ်။ရေခဲကနာကျင်မှုဒဏ်ရာများကို သက်သာစေပြီး ကြွက်သားများပြေလျော့စေပါတယ်။ရေနွေးကကြွက်သားတင်းမာမှုများကိုလျှော့ချပေးပါတယ်။

(၄)ပိုတက်ဆီယမ်ပါသောအစာများစားပါ

ကြွက်သားတွေ အကွေးအဆန့်လုပ်ဖို့နဲ့ အာရုံကြောများအလုပ်လုပ်ဖို့ ပိုတက်စီယမ်ကိုလိုအပ်ပါတယ်။ငှက်ပျောသီး၊ကီဝီသီး၊ဂရိတ်ဖုသီး၊သင်္ဘောသီး၊အာလူး၊ခရမ်းချဉ်သီး၊ပဲ၊ငါးနဲ့ နို့ထွက်ပစည်းများဖြစ်သော ချိစ် ၊ဒိန်ချဉ်တို့ကိုစားပေးဖို့လိုပါတယ်။

(၅)မက်ဂနီဆီယမ်ပါသောအစာများကိုစားပါ

ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်သောမိခင်များအနက် ၃၀ရာနှုန်းခန့်သည် မက်ဂနီဆီယမ်ချိူ့တဲ့သောကြောင့်ဖြစ်ပါတယ်။ဂျူံ၊အစိမ်းရောင်အရွက်များ၊ပဲများကို စားသုံးနိုင်ပြီး မက်ဂနီဆီယမ် အားဆေးပြားများမှီဝဲပါ။

(၆)ကယ်ဆီယမ်ပါသောအစာများစားပါ

နှမ်း၊အစိမ်းရောင်အရွက်များနှင့် သစ်အယ်သီး၊တို့ဟူး၊ချိစ်၊ဒိန်ချဉ်နဲ့နွားနို့များ စားပေးနိုင်တယ်နော်။ကြွက်သားများသန်မာဖို့နဲ့ပြေလျော့ဖို့ ကယ်ဆီယမ်က အရေးကြီးပါတယ်။အရိုးများကိုလဲ သန်မာစေပါတယ်။

Writer – Dr Jue ( XYZ News )

LEAVE A REPLY