Zawgyi ျဖင့္ဖတ္ရန္

 

ရွမ္းျပည္ (ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ စက္တင္ဘာ ၁၅ ရက္ နံနက္ပိုင္းက လူျမင္ကြင္းျဖစ္ေသာ လမ္းေဘး ဓာတ္တိုင္မ်ားတြင္ ျပည့္တန္ဆာ အလုပ္ေခၚစာမ်ား ကပ္ထားမႈႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသားေလးဦးကို ဖမ္းဆီး စစ္ေဆးေနေၾကာင္း မူဆယ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိ တစ္ဦးက ေျပာၾကားသည္။

“မုံးကိုးၿမိဳ႕မွာေနတဲ့ ရွမ္းတ႐ုတ္လူမ်ိဳး ေလးေယာက္ကို ဖမ္းဆီးစစ္ေဆးေနပါတယ္။ ဒီလူ ေလးေယာက္က ျမန္မာႏိုင္ငံမွာေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြ”ဟု ၎က ရွင္းျပသည္။

အဆိုပါ အမ်ိဳးသားေလးဦးမွာ ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္မည့္ အသက္ ၁၈ ႏွစ္မွ ၂၅ ႏွစ္ၾကားအ႐ြယ္ရွိ အမ်ိဳးသမီး ၂၅ ဦးကို အလိုရွိေၾကာင္းႏွင့္ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္မ်ားကို ေရးသားေဖာ္ျပထားေသာ စာ႐ြက္မ်ားကို မူဆယ္ၿမိဳ႕အတြင္းရွိ လမ္းေဘးဓာတ္တိုင္မ်ားတြင္ ကပ္ထားခဲ့သည္ဟု ယူဆရေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

“စာ႐ြက္ထဲမွာပါတဲ့ ဖုန္းနံပါတ္ကို ဆက္သြယ္ၿပီး အသြင္ယူ စုံစမ္းေဖာ္ထုတ္ ဖမ္းဆီးခဲ့တာပါ။ လက္ရွိ စစ္ေဆးေနဆဲမို႔ အမႈျဖစ္စဥ္ကို အေသးစိတ္ေျပာလို႔မရေသးဘူး” ရဲအရာရွိက ဆိုသည္။

ဖမ္းမိထားသည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသားေလးဦးကို ဥပေဒလမ္းေၾကာင္းအရ အေရးယူႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး အလုပ္ေခၚစာအရ ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ရန္ အမ်ိဳးသမီးဆယ္ဦးခန႔္က ၎တို႔ထံ ဆက္သြယ္ခဲ့ေၾကာင္း စုံစမ္းသိရွိရေသာ္လည္း ရဲတပ္ဖြဲ႕က သြားေရာက္ဖမ္းဆီးစဥ္အခ်ိန္၌ အမ်ိဳးသမီးမ်ားကို မေတြ႕ရွိခဲ့ေၾကာင္း မူဆယ္ၿမိဳ႕မရဲစခန္းထံမွ သိရသည္။

S-03

( ယခုေဖာ္ျပပါသတင္းကို The Voice Daily ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္ )

Unicode ဖြင့်ဖတ်ရန်

မူဆယ်မြို့တွင် ပြည့်တန်ဆာ အလုပ်ခေါ်စာများ လူမြင်ကွင်းတွင် ကပ်ထားသည့် တရုတ်နိုင်ငံသား လေးဦးကို ဖမ်းဆီး စစ်ဆေးနေဟုဆို

ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့တွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက လူမြင်ကွင်းဖြစ်သော လမ်းဘေး ဓာတ်တိုင်များတွင် ပြည့်တန်ဆာ အလုပ်ခေါ်စာများ ကပ်ထားမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသား အမျိုးသားလေးဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“မုံးကိုးမြို့မှာနေတဲ့ ရှမ်းတရုတ်လူမျိုး လေးယောက်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဒီလူ လေးယောက်က မြန်မာနိုင်ငံမှာနေတဲ့ တရုတ်နိုင်ငံသားတွေ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ အမျိုးသားလေးဦးမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မည့် အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြားအရွယ်ရှိ အမျိုးသမီး ၂၅ ဦးကို အလိုရှိကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ရေးသားဖော်ပြထားသော စာရွက်များကို မူဆယ်မြို့အတွင်းရှိ လမ်းဘေးဓာတ်တိုင်များတွင် ကပ်ထားခဲ့သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“စာရွက်ထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး အသွင်ယူ စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့တာပါ။ လက်ရှိ စစ်ဆေးနေဆဲမို့ အမှုဖြစ်စဉ်ကို အသေးစိတ်ပြောလို့မရသေးဘူး” ရဲအရာရှိက ဆိုသည်။

ဖမ်းမိထားသည့် တရုတ်နိုင်ငံသား အမျိုးသားလေးဦးကို ဥပဒေလမ်းကြောင်းအရ အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အလုပ်ခေါ်စာအရ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် အမျိုးသမီးဆယ်ဦးခန့်က ၎င်းတို့ထံ ဆက်သွယ်ခဲ့ကြောင်း စုံစမ်းသိရှိရသော်လည်း ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးစဉ်အချိန်၌ အမျိုးသမီးများကို မတွေ့ရှိခဲ့ကြောင်း မူဆယ်မြို့မရဲစခန်းထံမှ သိရသည်။

( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

LEAVE A REPLY