Zawgyi ဖြင့်ဖတ်ရန်

 





Unicode ဖြင့်ဖတ်ရန်

မုဒိန်းသမားအဖြစ် သရုပ်ဆောင်ရမည့် သရုပ်ဆောင်သစ်(၃)ယောက်ကို အားပေးစကားပြော

မြန်မာနိုင်ငံလုံးမှာ ဟိုးလေးတကျော်ကျော်ဖြစ်ကာ နာမည်ကြီးသွားခဲ့ရတဲ့ “မြမြ” ဆိုတဲ့ မိန်းကလေးအကြောင်း ပရိသတ်များယနေ့ထိ အမှတ်ရဦးမယ် ထင်ပါတယ်။တောင်ဒဂုံ ကျောက်စိမ်းဖိနပ်စက်ရုံမှ စက်ရုံအလုပ်သမ မိန်းကလေးနှစ်ဦးထဲ ဝင်ပူးကာ သူမ မုဒိန်းကျင့်ပြီး အသတ်ခံခဲ့ရကြောင်း၊ မကျေနပ်ကြောင်း စသဖြင့် Video များအွန်လိုင်းပေါ် ပျံနှံ့ခဲ့ပြီး အမှန်တကယ် အဖြစ်အပျက်လား ၊ လုပ်ဇာတ်လား ယနေ့အချိန်ထိ ကွဲကွဲပြားပြား ၊ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လူစိတ်ဝင်စားမှုနှုန်းများခဲ့တဲ့ မြမြအကြောင်းနဲ့ ပတ်သက်လို့ ဒါရိုက်တာ ညိုမင်းလွင်က ရုပ်ရှင်တစ်ခုအဖြစ် ရိုက်ကူးမှာဖြစ်တဲ့ အပေါ် ထိပ်တန်းမင်းသမီး သင်ဇာဝင့်ကျော်ကို ရွေးချယ်ခဲ့ပြီးနောက် မုဒိန်းသမားဇာတ်ကောင် (၃) ယောက်ဇာတ်ကောင်အတွက် သရုပ်ဆောင်သစ်များလည်း ခေါ်ယူခဲ့ပြီး လာရောက်လျှောက်ထားသူ များပြားခဲ့ပါတယ်။ ဒီနေ့မှာတော့ မုဒိန်းသမား(၃) ယောက် ဇာတ်ကောင်အတွက် မျိုးလှိုင်ဝင်း ၊ အက်စတာဆိုင်း နဲ့ လင်းနေ တိုဆိုတဲ့ မျက်နာသစ် သရုပ်ဆောင်သစ် (၃) ယောက်ကို ရွေးချယ်ခဲ့ပါတယ်။

ဒီမုဒိန်းဇာတ်ကောင် နဲ့ ပတ်သက်လို့ ပါဝင်သရုပ်ဆောင်မဲ့ သရုပ်ဆောင်ရွေးပွဲကို သင်ဇာကိုယ်တိုင်တက်ရောက်ခဲ့ပြီး ရွေးချယ်ခံခဲ့ရတဲ့ သရုပ်ဆောင်သစ်(၃)ယောက်ကို”အသစ်တစ်ယောက်နဲ့ ပိုကြိုးစားဖို့လိုမယ်။ ဒါရိုက်တာရဲ့ အမိန့်ကိုလည်း တသွေမသိမ်း နာခ့ဖို့လည်း လိုမယ်။ ဘယ်လိုအခက်အခဲ မျိုးဖြစ်ဖြစ် ကြိုးစားချင်စိတ်ရှိရင် အဆင်ပြေမှာပါ။ကိုယ်တိုင်လည်း အသစ်ကနေ တက်လာတော့ ကိုယ်လည်း ရှိန်တာတွေ ဘာညာဖြစ်ဖူးပါတယ်။ အဲ့ကြောင့် သင်ဇာကိုလည်း မရှိန်ပါနဲ့။ ကြိုးစားချင်စိတ်ရှိဖို့ပဲ လိုပါတယ် ” လို့ သင်ဇာကိုယ်တိုင်က အားပေးစကားပြောကြားလိုက်ပါတယ်။

share from :burmese.asia

LEAVE A REPLY