Zawgyi ဖြင့်ဖတ်ရန်


 



 

 




Unicode ဖြင့်ဖတ်ရန်

သားလေးမြတ်သူကို ဈေးဝယ်လှည်းလေးထဲထည့်ပြီး ပျော်ပျော်ရွှင်ရွှင်ဈေးဝယ်ထွက်ခဲ့တဲ့ မြင့်မြတ်

နိုင်ငံကျော် မင်းသားချော မြင့်မြတ်က ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘာဝမင်းသားလို့ တင်စားကြတာ ဖြစ်ပါတယ်။ မြင့်မြတ်က အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားသူဖြစ်ပြီး မြို့ရော၊ နယ်ပါ ကြိုက်နှစ်သက်ကြတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ မြင့်မြတ်က လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

မြင့်မြတ်က မန္တလေးသူလေး မခင်သူအောင်နဲ့ (၂၀၁၇) ခုနှစ်က အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားသားလေး မြတ်သူကိုလည်း မွေးဖွားထားတာ ဖြစ်ပါတယ်။

အနေအထိုင် သိုသိပ်ပြီး အနေအထိုင်အေးတဲ့ မြင့်မြတ်တို့ ဇနီးမောင်နှံက ပကာသနမရှိပဲ ရိုးရှင်းစွာ နေထိုင်တတ်လို့ ပရိသတ်တွေက သဘောကျနေရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မြင့်မြတ်တို့ မိသားစုလေးရဲ့ ဈေးဝယ်ထွက်နေတဲ့ ပုံရိပ်လေးတွေကို တွေ့ရပါတယ်။

မြင့်မြတ်က လက်ရှိမှာ ဒါရိုက်တာ နေပိုင် ရိုက်ကူးပုံဖော်တဲ့ “အောက်စီဂျင် ” ရုပ်ရှင်ဇာတ်ကားကြီးကို မိုးအောင်ရင်၊ ရွှေမှုံရတီတို့နဲံ အတူတူ ရိုက်ကူးပုံဖော်နေပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်တို့ ဇနီးမောင်နှံကတော့ တကယ့်ကို ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ ဇနီးမောင်နှံရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

share from : burmese.asia

LEAVE A REPLY