Zawgyi ဖြင့်ဖတ်ရန်



 


shar form : burmese.asia

Unicode ဖြင့်ဖတ်ရန်

“နန်းဆုက ကျနော့်ကိုပြန်ပြီးတောင်းပန်တာမျိုးတွေ ရှိတယ်” ဆိုပြီး လက်ရှိအချစ်ရေးကိုပြောပြလာတဲ့ G Fatt

G Fattကတော့ အနုပညာလောကမှာ ပရိသတ်အချစ်ကို သိမ်းပိုက်ထားနိုင်တဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။သူရဲ့ သီချင်းတွေက လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ နေရာအပြည့်ယူနိုင်တဲ့ အဆိုတော်တစ်ယောက်ပါ။ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ ရေးသားတတ်တဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ ကိုယ်ပိုင်သံစဉ်တွေကိုပဲ ပရိသတ်ရှေ့ချပြနိုင်အောင်ကြိုးစားနေသူတစ်ယောက်လို့ ဆိုလည်း မမှားပါဘူး။

ချစ်သူကောင်မလေးအပေါ်မှာလည်း အရမ်းချစ်တတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်ပေးနေတာပဲဖြစ်ပါတယ်။ ချစ်သူအပေါ်မှာ နားလည်မှုအပြည့်နဲ့ ချစ်တတ်တဲ့ စုံတွဲလေးဖြစ်ပြီးတော့ ချစ်သူသက်တမ်း(၂)နှစ်ကျော်လာခဲ့ပါပြီ။ မကြာခင်အချိန်က အချစ်ရေးမှာ အက်ကြောင်းလေးတွေ ထွက်လာလို့ ပရိသတ်တွေစိုးရိမ်ခဲ့ကြပါသေးတယ်။

G Fatt က”သူက ကျနော့်ကို ပြန်ပြီး တောင်းပန်တာမျိုးတွေ၊ ဘာတွေ ရှိတယ်။ ဒါပေမယ့် ပရိသတ်တွေကို ကျနော့် လူမှုရေး ကိစ္စတွေ နဲ့ မရှုပ်ထွေး သွားစေချင်ဘူး။ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း နေပါတယ်” လို့ နန်းဆုရတီစိုး နဲ့ လက်ရှိ အခြေအနေ အကြောင်း ပြောလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် G Fatt ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

shar form : burmese.asia

LEAVE A REPLY