Zawgyi ျဖင့္ဖတ္ရန္

အိမ္ေလးတစ္လုံးလိုခ်င္တယ္” သီခ်င္းနဲ႔ ေအာင္ျမင္မႈေတြ ရရွိလာတဲ့ ခ်စ္စရာေကာင္းတဲ့ ကရင္မေလး ေနာ္မာသထူးဝါးက ကိုရီးယားမွာ ေနထိုင္တဲ့ ျမန္မာ၊ ကရင္လူမ်ိဳး ေလးျဖစ္ၿပီး သီခ်င္းဆိုေကာင္းတဲ့ အဆိုေတာ္ေပါက္စေလး တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အ႐ြယ္နဲ႔မလိုက္ေအာင္ ထူးခြၽန္လြန္းတဲ့ သီခ်င္းဆိုပါရမီေၾကာင့္ ျမန္မာႏိုင္ငံမွာသာမက ကိုရီးယားႏိုင္ငံရဲ႕ နာမည္ႀကီး႐ုပ္သံလိုင္း KBS နဲ႔လည္း အစီအစဥ္မွာလည္း ပါဝင္ႏိုင္တဲ့အထိ ေအာင္ျမင္မႈရရွိပါတယ္။

 

ေနာ္မာသထူးဝါးက ကိုရီးယားႏိုင္ငံ ဘူဆန္ ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္မွာလည္း ပါဝင္ေဖ်ာ္ေျဖ တင္ဆက္သြားဖို႔ ရွိၿပီး လက္ရွိမွာေတာ့ ကိုရီးယားႏိုင္ငံမွာ က်င္းပျပဳလုပ္တဲ့ MAMF ( Migrant’s Arirang Multicultural Festival) 2019 ႏိုင္ငံတကာ သီခ်င္းဆိုၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအျဖစ္ final အဆင့္သို႔ ပါဝင္ခြင့္ရရွိခဲ့ပါေသးတယ္။ကိုရီးယားႏိုင္ငံရဲ႕ နာမည္ႀကီး ႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ KBS ႐ုပ္သံလိုင္းမွ ေဖ်ာ္ေျဖတင္ဆက္တဲ့ KBS ကေလး အစီအစဥ္မွာ ပါဝင္တင္ဆက္ရင္း Winner ဆုႀကီးကို ဆြတ္ခူးထားပါတယ္။

 

ေနာ္မာသထူးဝါးကေတာ့ လာမည္ ေအာက္တိုဘာလ(၃)ရက္ေန႔တြင္ ကိုရီးယားႏိုင္ငံတြင္ က်င္းပမည့္ ဘူဆန္ ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္ႀကီးမွာ အဖြင့္သီခ်င္းအျဖစ္ “အိမ္ေလးတစ္လုံးလိုခ်င္တယ္” သီခ်င္းကို သီဆိုရမွာလည္းျဖစ္ပါတယ္။သူမကေတာ့ အဖြင့္သီခ်င္း သီဆိုရန္အတြက္ Orchestra အဖြဲ႕သားမ်ားႏွင့္အတူ သီခ်င္းေလ့က်င့္ေနၿပီလည္းျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ ေနာ္မာသထူးဝါး ေလးကေတာ့ ေတာ္လိုက္တာေနာ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးမှာ အဖွင့်သီချင်း သီဆိုခွင့်ရသွားတဲ့ နော်မာသထူးဝါး( ရုပ်သံ )

အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ ချစ်စရာကောင်းတဲ့ ကရင်မလေး နော်မာသထူးဝါးက ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာ၊ ကရင်လူမျိုး လေးဖြစ်ပြီး သီချင်းဆိုကောင်းတဲ့ အဆိုတော်ပေါက်စလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် ထူးချွန်လွန်းတဲ့ သီချင်းဆိုပါရမီကြောင့် မြန်မာနိုင်ငံမှာသာမက ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးရုပ်သံလိုင်း KBS နဲ့လည်း အစီအစဉ်မှာလည်း ပါဝင်နိုင်တဲ့အထိ အောင်မြင်မှုရရှိပါတယ်။

နော်မာသထူးဝါးက ကိုရီးယားနိုင်ငံ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ပါဝင်ဖျော်ဖြေ တင်ဆက်သွားဖို့ ရှိပြီး လက်ရှိမှာတော့ ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ MAMF ( Migrant’s Arirang Multicultural Festival) 2019 နိုင်ငံတကာ သီချင်းဆိုပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် final အဆင့်သို့ ပါဝင်ခွင့်ရရှိခဲ့ပါသေးတယ်။ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS ရုပ်သံလိုင်းမှ ဖျော်ဖြေတင်ဆက်တဲ့ KBS ကလေး အစီအစဉ်မှာ ပါဝင်တင်ဆက်ရင်း Winner ဆုကြီးကို ဆွတ်ခူးထားပါတယ်။

နော်မာသထူးဝါးကတော့ လာမည် အောက်တိုဘာလ(၃)ရက်နေ့တွင် ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးမှာ အဖွင့်သီချင်းအဖြစ် “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းကို သီဆိုရမှာလည်းဖြစ်ပါတယ်။သူမကတော့ အဖွင့်သီချင်း သီဆိုရန်အတွက် Orchestra အဖွဲ့သားများနှင့်အတူ သီချင်းလေ့ကျင့်နေပြီလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ နော်မာသထူးဝါး လေးကတော့ တော်လိုက်တာနော်။

share from : burmese.asia

LEAVE A REPLY