Zawgyi ျဖင့္ဖတ္ရန္

 

အျဖစ္မ်ား၊ အေျပာမ်ားၾကတဲ့ ေနာက္ထပ္ ေဝဒနာတစ္ခုကေတာ့ လည္ပင္းက်ီးေပါင္း ျဖစ္ပါတယ္။ ကိုယ့္နားက လူေတြကို ေမးၾကည့္ပါ။ လူေတာ္ေတာ္မ်ားမ်ား ျဖစ္ေနၾကတာကို ေတြ႕ပါလိမ့္မယ္။ ေဆး႐ုံႀကီးတစ္ခုရဲ႕ အ႐ိုးဌာနကို လာေရာက္ျပသၾကသူ လူနာ ၁၀၀ မွာ ၄၀ ေလာက္က လည္ပင္းက်ီးေပါင္းပါလို႔ အ႐ိုးပါေမာကၡ ဆရာဝန္ႀကီး တစ္ဦးက ေျပာဖူးပါတယ္။ ဒါေၾကာင့္ ဒီေဝဒနာအေၾကာင္း ကို ေလ့လာထားဖို႔ လိုပါတယ္။ ဒါမွ ကိုယ့္မွာ ျဖစ္လာတဲ့အခါ၊ တျခားသူ ျဖစ္တဲ့အခါ ေဆာင္ရန္၊ ေရွာင္ရန္ေတြကို အႀကံျပဳလို႔ ရမွာေပါ့။ လည္ပင္းက်ီးေပါင္းေရာဂါကို Cervical spondylosis လို႔ ေခၚၾကပါတယ္။

လည္ပင္းက်ီးေပါင္းျဖစ္ရျခင္း အေၾကာင္းအရင္း တစ္ခုကေတာ့ လည္ပင္း႐ိုးဆစ္ထဲမွာရွိတဲ့ အ႐ိုးႏုျပား ထိခိုက္သြားရာက စပါတယ္။ အ႐ိုးႏုျပားဟာ အ႐ိုးရဲ႕ဖိအား အာ႐ုံေၾကာမနဲ႔ အာ႐ုံေၾကာအတက္ေတြကို မထိခိုက္ရေလေအာင္ ကာကြယ္ေပးထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့ အေၾကာင္းတစ္ခုခုေၾကာင့္ ဒီအ႐ိုးႏုျပား မေကာင္းတဲ့အခါ အ႐ိုးအတက္ထြက္တာ၊ အဆစ္ ကေလးေတြ ကြၽံလာတာျဖစ္ၿပီး အာ႐ုံေၾကာကို သြားထိပါတယ္။ ဒါနဲ႔ အ႐ိုးက်ီးေပါင္း ျဖစ္ေတာ့တာပါပဲ။ အာ႐ုံေၾကာကို ဖိမိတဲ့အခါ လက္ေတြ၊ ေျခေထာက္ေတြ က်ဥ္တာျဖစ္တတ္ပါတယ္။ လမ္းမေလွ်ာက္ႏိုင္တာ၊ အားနည္းတာေတြလည္း ရွိႏိုင္ပါတယ္။ အမ်ားအားျဖင့္ေတာ့ က်ီးေပါင္းဟာ အသက္ ၆၀ ေက်ာ္လာမွ ျဖစ္ၾကတာပါ။ ဒါေပမဲ့ ယခုေခတ္မွာေတာ့ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ျဖစ္လာတာေတြ မ်ားလာပါတယ္။ လူေတြဟာ ကိုယ္လက္လႈပ္ရွား သိပ္မလုပ္ေတာ့ဘဲ ၿငိမ္သြားၾကတာမို႔ ဒီလိုျဖစ္ရတယ္လို႔ ဆရာဝန္ေတြက မွတ္ခ်က္ျပဳပါတယ္။ အီလက္ထ႐ြန္နစ္ပစၥည္းေတြကို တစ္ခ်ိန္လုံး ၾကည့္ေနတဲ့အခါ လည္ပင္းက ေထာက္ၿပီး သယ္ထားရတဲ့ ဒဏ္ပိုၿပီး ပိပါသတဲ့။ ငုံ႔ေနတာမ်ားတဲ့အခါ ႂကြက္သားေတြက ပိုၿပီး ပိလာတာမို႔ ေခါင္းတစ္ခုလုံးဟာ လည္ပင္း႐ိုးကို ပိုၿပီး အားျပဳရသလို ျဖစ္လာပါတယ္။ ဒီလိုနဲ႔ လည္ပင္းက်ီးေပါင္း ျဖစ္လာတာ မ်ားလာပါသတဲ့။

လည္ပင္းက်ီးေပါင္းျဖစ္တဲ့အခါ ဇက္နာမယ္။ လက္ေတြ ထုံမယ္၊ က်ဥ္မယ္။ လက္ရဲ႕ ႂကြက္သားေတြကိုပါ ထိခိုက္လာၿပီဆိုရင္ေတာ့ လက္မၿမဲတာေတြ၊ ပစၥည္းေတြ ျပဳတ္က်တာေတြ ျဖစ္တတ္ပါတယ္။ ေခါင္းလႈပ္ရင္ မူးတတ္တယ္။ ဒီေလာက္အထိက ခြဲစိတ္ကုသစရာ မလိုပါဘူး။ ေလ့က်င့္ခန္းရယ္၊ စားေသာက္ ေနထိုင္ပုံ ျပင္ဆင္ၿပီး ေနမယ္ဆိုရင္ သက္သာပါတယ္။ အျပင္းထန္ဆုံး အဆင့္ကေတာ့ အာ႐ုံေၾကာမႀကီးကို သြားထိမိတာပါ။ အာ႐ုံေၾကာမႀကီးကိုပါ ထိလာၿပီ ဆိုရင္ေတာ့ လမ္းေလွ်ာက္ရတာ မတည္ၿငိမ္ေတာ့ပါဘူး။ ဆီးဝမ္း မႏိုင္ေတာ့တာေတြ ဘာေတြအထိ ျဖစ္တတ္ပါတယ္။ ဒီလိုအဆင့္မ်ိဳး ဆိုရင္ေတာ့ ခြဲစိတ္ကုသရတာေတြထိ ရွိလာပါတယ္။

ဘယ္လိုမ်ိဳး ေနထိုင္ရမလဲဆိုေတာ့ တစ္ခ်ိန္လုံး ၿငိမ္ၿပီးေတာ့ ထိုင္ၿပီး အလုပ္လုပ္တာကို ျပင္ဆင္ရမယ္။ အေနအထား ေျပာင္းေပးရမယ္။ ကြန္ပ်ဴတာ၊ တီဗီစတာေတြကို ၾကာျမင့္စြာ မၾကည့္ဘဲ မၾကာခဏ မ်က္လုံးကို အနားေပးရမယ္။ တီဗီကို မ်က္လုံးနဲ႔ တစ္တန္းတည္းထားရပါမယ္။ ဖုန္းၾကည့္တာ၊ စာၾကည့္တာေတြကို ေမွာက္လ်က္လုပ္တာမ်ိဳး မလုပ္ရပါဘူး။ မ်က္စိနဲ႔ တစ္တန္းတည္းမွာၾကည့္ပါ။ အၾကာႀကီး ငုံ႔ၿပီးမၾကည့္ရပါဘူး။ ဒီေခတ္မွာ ကြန္ပ်ဴတာ၊ အီလက္ထ႐ြန္နစ္ ပစၥည္းေတြ မသုံးသင့္ဘူးလို႔ ေျပာလို႔မရပါဘူး။ ဒါေၾကာင့္ သုံးမယ္ဆိုရင္ တစ္နာရီေလာက္ ဆက္တိုက္ မသုံးျဖစ္ေအာင္ သတိထားေပးပါ။ အိပ္တဲ့ ေခါင္းအုံးေတြကိုလည္း အျမင့္ႀကီး မထားရပါဘူး။ အေနေတာ္ေလး အုံးသင့္ပါတယ္။ လည္ပင္း ေလ့က်င့္ခန္း ပုံမွန္လုပ္ေပးရပါမယ္။ ဒါေပမဲ့ ဇက္ခ်ိဳးတာမ်ိဳးေတာ့ မလုပ္သင့္ပါဘူး။ ေလ့က်င့္ခန္းလုပ္တယ္ဆိုရာမွာ အစိုးရေဆး႐ုံ၊ ပုဂၢလိကေဆး႐ုံေတြမွာ အ႐ိုးဌာန ေလ့က်င့္ခန္းလုပ္ေပးတဲ့ ေနရာေတြ ရွိပါတယ္။ ဆရာဝန္ ၫႊန္ၾကားမႈနဲ႔ စနစ္တက် ေလ့က်င့္ခန္းလုပ္တာ ေကာင္းပါ တယ္။ ခႏၶာကိုယ္အေလးခ်ိန္ကို ထိန္းရပါမယ္။ ကိုယ္ လက္လႈပ္ရွားမႈေတြလည္း ပုံမွန္လုပ္ရပါမယ္။

ငါး၊ အေစ့အဆန္၊ အဆီထြက္တဲ့ အေစ့ေတြကို စားသုံးေပးသင့္ပါတယ္။ Omega 3၊ fatty acid နဲ႔ ဗီတာမင္ E တို႔ဟာ ေရာင္ရမ္းတာကို သက္သာေစပါတယ္။ ပန္းသီး၊ ၾကက္သြန္ျဖဴ၊ ခ်င္းစတဲ့ အစားအေသာက္ေတြကိုလည္း စားေပးရပါတယ္။ ဒါေတြကလည္း ေရာင္ရမ္းတာကို သက္သာေစပါတယ္။ ႏွစ္တစ္ရာပင္ ကမာၻဦးပင္ရဲ႕ အ႐ြက္ဟာ က်ီးေပါင္းသမားအတြက္ အလြန္ကို အက်ိဳးျဖစ္ေစပါတယ္။ အသားအနီမ်ား၊ အျဖဴေရာင္အာလူး စတာေတြကို ေရွာင္ေပးသင့္ပါတယ္။ အႂကြပ္ေၾကာ္ေတြ၊ အမႊေၾကာ္ေတြ ေရွာင္ၾကဥ္ပါလို႔ ျမန္မာသမားေတာ္ေတြက အႀကံေပးပါတယ္။ အေၾကာတက္စာေတြဟာ အာ႐ုံေၾကာ တက္ေစတာမို႔ က်ီးေပါင္းတက္လို႔ မူးေနတယ္ဆိုရင္ ေရွာင္သင့္ေၾကာင္း ေျပာပါတယ္။ အေနအထိုင္ေၾကာင့္ျဖစ္တဲ့ ေဝဒနာမို႔ အေနအထိုင္ကို ျပင္ဆင္ရင္း သက္သာႏိုင္ပါေၾကာင္း။

က်ီးေပါင္းသက္သာ က်န္းမာၾကပါေစ။

( ယခုေဖာ္ျပပါသတင္းကို The Voice Daily ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္ )

Unicode ဖြင့်ဖတ်ရန်

လည်ပင်းကျီးပေါင်းတက်သူများအွက် ဆောင်ရန် ၊ ရှောင်ရန် အချက်များ

အဖြစ်များ၊ အပြောများကြတဲ့ နောက်ထပ် ဝေဒနာတစ်ခုကတော့ လည်ပင်းကျီးပေါင်း ဖြစ်ပါတယ်။ ကိုယ့်နားက လူတွေကို မေးကြည့်ပါ။ လူတော်တော်များများ ဖြစ်နေကြတာကို တွေ့ပါလိမ့်မယ်။ ဆေးရုံကြီးတစ်ခုရဲ့ အရိုးဌာနကို လာရောက်ပြသကြသူ လူနာ ၁၀၀ မှာ ၄၀ လောက်က လည်ပင်းကျီးပေါင်းပါလို့ အရိုးပါမောက္ခ ဆရာဝန်ကြီး တစ်ဦးက ပြောဖူးပါတယ်။ ဒါကြောင့် ဒီဝေဒနာအကြောင်း ကို လေ့လာထားဖို့ လိုပါတယ်။ ဒါမှ ကိုယ့်မှာ ဖြစ်လာတဲ့အခါ၊ တခြားသူ ဖြစ်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်တွေကို အကြံပြုလို့ ရမှာပေါ့။ လည်ပင်းကျီးပေါင်းရောဂါကို Cervical spondylosis လို့ ခေါ်ကြပါတယ်။

လည်ပင်းကျီးပေါင်းဖြစ်ရခြင်း အကြောင်းအရင်း တစ်ခုကတော့ လည်ပင်းရိုးဆစ်ထဲမှာရှိတဲ့ အရိုးနုပြား ထိခိုက်သွားရာက စပါတယ်။ အရိုးနုပြားဟာ အရိုးရဲ့ဖိအား အာရုံကြောမနဲ့ အာရုံကြောအတက်တွေကို မထိခိုက်ရလေအောင် ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် ဒီအရိုးနုပြား မကောင်းတဲ့အခါ အရိုးအတက်ထွက်တာ၊ အဆစ် ကလေးတွေ ကျွံလာတာဖြစ်ပြီး အာရုံကြောကို သွားထိပါတယ်။ ဒါနဲ့ အရိုးကျီးပေါင်း ဖြစ်တော့တာပါပဲ။ အာရုံကြောကို ဖိမိတဲ့အခါ လက်တွေ၊ ခြေထောက်တွေ ကျဉ်တာဖြစ်တတ်ပါတယ်။ လမ်းမလျှောက်နိုင်တာ၊ အားနည်းတာတွေလည်း ရှိနိုင်ပါတယ်။ အများအားဖြင့်တော့ ကျီးပေါင်းဟာ အသက် ၆၀ ကျော်လာမှ ဖြစ်ကြတာပါ။ ဒါပေမဲ့ ယခုခေတ်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်လာတာတွေ များလာပါတယ်။ လူတွေဟာ ကိုယ်လက်လှုပ်ရှား သိပ်မလုပ်တော့ဘဲ ငြိမ်သွားကြတာမို့ ဒီလိုဖြစ်ရတယ်လို့ ဆရာဝန်တွေက မှတ်ချက်ပြုပါတယ်။ အီလက်ထရွန်နစ်ပစ္စည်းတွေကို တစ်ချိန်လုံး ကြည့်နေတဲ့အခါ လည်ပင်းက ထောက်ပြီး သယ်ထားရတဲ့ ဒဏ်ပိုပြီး ပိပါသတဲ့။ ငုံ့နေတာများတဲ့အခါ ကြွက်သားတွေက ပိုပြီး ပိလာတာမို့ ခေါင်းတစ်ခုလုံးဟာ လည်ပင်းရိုးကို ပိုပြီး အားပြုရသလို ဖြစ်လာပါတယ်။ ဒီလိုနဲ့ လည်ပင်းကျီးပေါင်း ဖြစ်လာတာ များလာပါသတဲ့။

လည်ပင်းကျီးပေါင်းဖြစ်တဲ့အခါ ဇက်နာမယ်။ လက်တွေ ထုံမယ်၊ ကျဉ်မယ်။ လက်ရဲ့ ကြွက်သားတွေကိုပါ ထိခိုက်လာပြီဆိုရင်တော့ လက်မမြဲတာတွေ၊ ပစ္စည်းတွေ ပြုတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ခေါင်းလှုပ်ရင် မူးတတ်တယ်။ ဒီလောက်အထိက ခွဲစိတ်ကုသစရာ မလိုပါဘူး။ လေ့ကျင့်ခန်းရယ်၊ စားသောက် နေထိုင်ပုံ ပြင်ဆင်ပြီး နေမယ်ဆိုရင် သက်သာပါတယ်။ အပြင်းထန်ဆုံး အဆင့်ကတော့ အာရုံကြောမကြီးကို သွားထိမိတာပါ။ အာရုံကြောမကြီးကိုပါ ထိလာပြီ ဆိုရင်တော့ လမ်းလျှောက်ရတာ မတည်ငြိမ်တော့ပါဘူး။ ဆီးဝမ်း မနိုင်တော့တာတွေ ဘာတွေအထိ ဖြစ်တတ်ပါတယ်။ ဒီလိုအဆင့်မျိုး ဆိုရင်တော့ ခွဲစိတ်ကုသရတာတွေထိ ရှိလာပါတယ်။

ဘယ်လိုမျိုး နေထိုင်ရမလဲဆိုတော့ တစ်ချိန်လုံး ငြိမ်ပြီးတော့ ထိုင်ပြီး အလုပ်လုပ်တာကို ပြင်ဆင်ရမယ်။ အနေအထား ပြောင်းပေးရမယ်။ ကွန်ပျူတာ၊ တီဗီစတာတွေကို ကြာမြင့်စွာ မကြည့်ဘဲ မကြာခဏ မျက်လုံးကို အနားပေးရမယ်။ တီဗီကို မျက်လုံးနဲ့ တစ်တန်းတည်းထားရပါမယ်။ ဖုန်းကြည့်တာ၊ စာကြည့်တာတွေကို မှောက်လျက်လုပ်တာမျိုး မလုပ်ရပါဘူး။ မျက်စိနဲ့ တစ်တန်းတည်းမှာကြည့်ပါ။ အကြာကြီး ငုံ့ပြီးမကြည့်ရပါဘူး။ ဒီခေတ်မှာ ကွန်ပျူတာ၊ အီလက်ထရွန်နစ် ပစ္စည်းတွေ မသုံးသင့်ဘူးလို့ ပြောလို့မရပါဘူး။ ဒါကြောင့် သုံးမယ်ဆိုရင် တစ်နာရီလောက် ဆက်တိုက် မသုံးဖြစ်အောင် သတိထားပေးပါ။ အိပ်တဲ့ ခေါင်းအုံးတွေကိုလည်း အမြင့်ကြီး မထားရပါဘူး။ အနေတော်လေး အုံးသင့်ပါတယ်။ လည်ပင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးရပါမယ်။ ဒါပေမဲ့ ဇက်ချိုးတာမျိုးတော့ မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းလုပ်တယ်ဆိုရာမှာ အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံတွေမှာ အရိုးဌာန လေ့ကျင့်ခန်းလုပ်ပေးတဲ့ နေရာတွေ ရှိပါတယ်။ ဆရာဝန် ညွှန်ကြားမှုနဲ့ စနစ်တကျ လေ့ကျင့်ခန်းလုပ်တာ ကောင်းပါ တယ်။ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းရပါမယ်။ ကိုယ် လက်လှုပ်ရှားမှုတွေလည်း ပုံမှန်လုပ်ရပါမယ်။

ငါး၊ အစေ့အဆန်၊ အဆီထွက်တဲ့ အစေ့တွေကို စားသုံးပေးသင့်ပါတယ်။ Omega 3၊ fatty acid နဲ့ ဗီတာမင် E တို့ဟာ ရောင်ရမ်းတာကို သက်သာစေပါတယ်။ ပန်းသီး၊ ကြက်သွန်ဖြူ၊ ချင်းစတဲ့ အစားအသောက်တွေကိုလည်း စားပေးရပါတယ်။ ဒါတွေကလည်း ရောင်ရမ်းတာကို သက်သာစေပါတယ်။ နှစ်တစ်ရာပင် ကမ္ဘာဦးပင်ရဲ့ အရွက်ဟာ ကျီးပေါင်းသမားအတွက် အလွန်ကို အကျိုးဖြစ်စေပါတယ်။ အသားအနီများ၊ အဖြူရောင်အာလူး စတာတွေကို ရှောင်ပေးသင့်ပါတယ်။ အကြွပ်ကြော်တွေ၊ အမွှကြော်တွေ ရှောင်ကြဉ်ပါလို့ မြန်မာသမားတော်တွေက အကြံပေးပါတယ်။ အကြောတက်စာတွေဟာ အာရုံကြော တက်စေတာမို့ ကျီးပေါင်းတက်လို့ မူးနေတယ်ဆိုရင် ရှောင်သင့်ကြောင်း ပြောပါတယ်။ အနေအထိုင်ကြောင့်ဖြစ်တဲ့ ဝေဒနာမို့ အနေအထိုင်ကို ပြင်ဆင်ရင်း သက်သာနိုင်ပါကြောင်း။

ကျီးပေါင်းသက်သာ ကျန်းမာကြပါစေ။

( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )
neck

LEAVE A REPLY