Zawgyi ဖြင့်ဖတ်ရန်

 



 



 



Unicode ဖြင့်ဖတ်ရန်

“ငရဲဆိုချိုနဲ့လား” ရုပ်ရှင်မှာ လုပ်ကွက်ပျောက်နေလို့ ကိုယ့်ကိုကိုယ် တောက်တိုမယ်ရပါလို့ ခိုင်းနှိုင်းလိုက်တဲ့ အိန္ဒြာကျော်ဇင်

နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ကောင်းပြီး သူမရဲ့ အလုပ်ကို အာရုံစိုက်လုပ်ကိုင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က မင်းသားချော ပြေတီဦးနဲ့အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ရင်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒြာကျော်ဇင်က အသက်အရွယ်တစ်ခုရလာပြီးတဲ့နောက်မှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို တည်ထောင်ထားတာ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ရဲ့ “ငရဲဆိုချိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ စတင်ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ “ငရဲဆိုချိုနဲ့လား” ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်၊ ပြေတီဦး၊ မို့မို့မြင့်အောင်နဲ့ အိန္ဒြာကျော်ဇင်တို့က ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အိန္ဒြာကျော်ဇင်က “ငရဲဆိုချိုနဲ့လား” ရုပ်ရှင်ဇာတ်ကားရဲ့ pre production မှာ သူမရဲ့ လုပ်ကွက်ပျောက်နေလို့ တောက်တိုမယ်ရလေးပါလို့ ကိုယ့်ကိုကိုယ် ဟာသအနေနဲ့ ခိုင်းနှိုင်းပြောဆိုတားပါတယ်။

အိန္ဒြာကျော်ဇင်က “ကိုယ်က လုပ်ကွက်ပျောက်နေတယ်လေ အာ့ကြောင့်…အင်း…ဘာပြောရင်ကောင်းမလဲ?…ကိုယ်ဟာ TTMY တစ်ယောက်ပါ (တောက်တိုမယ်ရ) 😆 ကိုယ့်အဆင့်ကို ကျေနပ်နေပုံ 🤣” ဆိုပြီး ဟာသလေးနှောပြီး ပြောလာပါတယ်။

အိန္ဒြာကျော်ဇင်က လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီ “ငရဲဆိုချိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ရင် အားပေးကြပါဦးနော်။

Source: Eaindra Kyaw Zin’s fb

LEAVE A REPLY