Zawgyi ဖြင့်ဖတ်ရန်

 




 



Credit : popolay

Unicode ဖြင့်ဖတ်ရန်

မျိုးရိုးနာမည်တူရင် လက်ထပ်ခွင့်မရှိတဲ့ကိုးရီးယားလူမျိုးများအကြောင်း

တောင်ကိုးရီးယားနိုင်ငံမှာ ရှေးခေတ်ကတည်းက မျိုးရိုးနာမည်တူရင် လက်မထပ်ရတဲ့ ဥပဒေတစ်ခု ထားရှိခဲ့ပါတယ်။ ကင်မ်မျိုးရိုးက အများဆုံးဖြစ်ပြီး Gyeongsang နဲ့ Gyeongju ဒေသမှာ အများဆုံးနေထိုင်ကြပါတယ်။ ကင်မ်မျိုးနွယ် စုစုပေါင်း 282 မျိုးရှိပါတယ်။

Koreaboo မီဒီယာ ဖော်ပြချက်အရ Gimhae Kim တွေဟာ Gyeongju Kim ထဲက လူဦးရေ ၄ သန်းအထိသာ လက်ထပ်ခွင့်ရှိကြောင်း သိရပါတယ်။ မျိုးရိုးနာမည်တူတာကြောင့် အများကြီး လက်ထပ်ခွင့်မပေးထားပါဘူး။

ပရိတ်သတ်ကြီး အရမ်းချစ်တဲ့ Song စုံတွဲ နှစ်ယောက်လုံးဟာလည်း Song မျိုးနွယ်တူ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၂ နှစ်လောက်အချိန်မှာ လက်ထပ်ခဲ့မယ် ဆိုရင် တရားဥပဒေအရ လက်ထပ်ခွင့်ရှိမှာ မဟုတ်ပါဘူး။

အစပိုင်းမှာတော့ မျိုးရိုးတူ မျိုးနွယ်စုတွေကို လက်ထပ်ခွင့် ပိတ်ပင်ထားပေမယ့် ခုနောက်ပိုင်း ပွင့်လင်းလာတဲ့ ခေတ်မှာ ပိတ်ပင်တားဆီးလို့ မရတော့တဲ့နောက် အစိုးရဟာ “အမျိုးမတော်ရင် လက်ထပ်လို့ ရတယ်” ဆိုတဲ့ ဥပဒေ အသစ်ကို ၂၀၀၅ ခုနှစ်မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။

Song စုံတွဲသာ ခုနောက်ပိုင်းမှာတော့ Kim Kim ချင်း၊ Song Song ချင်း၊ Lee Lee ချင်း Park Park ချင်းတွေလဲ လက်ထပ်နေကြပါပြီ။

Credit : popolay

LEAVE A REPLY