Zawgyi ဖြင့်ဖတ်ရန်

 



 


 



Unicode ဖြင့်ဖတ်ရန်

မိမိ အိမ်ရှေ့မှာတောင် မလုံခြုံတော့တဲ့ဘဝပါ..အားလုံးသတိထားကြပါ

အခုတလောကြားနေမြင်နေရတဲ့ ဒုစရိုက်သမားတွေရဲ့ အပြုအမူတွေကတော့ ထိတ်လန့်စရာပါပဲ။ ဆွဲကြိုးဖြတ် ပိုက်ဆံအိတ်လု အလစ်သုတ် ဓားပြတိုက်တဲ့အဖြစ်တွေကို ရှေ့မကြည့် နောက်မကြည့် ကိုယ့်လောဘတစ်ခုထဲပြည့်ဖို့ပဲကြည့်ကာ အတင့်ရဲစွာ လုပ်ဆောင်လာကြတာပါ။

အခုတွေ့ရတဲ့ ဗွီဒီယိုလေးထဲမှာလည်း အမျိုးသမီးတစ်ဦးကို သူ့ခြံဝမှာရှိနေစဉ် ဆွဲကြိုးဖြတ်လုသွားတဲ့အဖြစ်အပျက်ကို တွေ့မြင်ရမှာပါ။

ကိုယ့်အိမ်ရှေ့ကိုယ်ရပ်တာတောင် စိတ်ချလက်ချမရပ်ရဲလောက်အောင် အတင့်ရဲနေကြတဲ့ ဒုစရိုက်သမားတွေရဲ့ အန္တရာယ်ကကြီးလှပါတယ်။

ဒီဗွီဒီယိုလေးထဲမှာဆိုရင် အလစ်သုတ်ပြေးတဲ့လူဟာ ကလေးချီထားတဲ့အမျိုးသမီးထံကဆွဲကြိုးကို အားနဲ့ဖြတ်ယူသွားတဲ့အတွက် ခေါင်းထိခိုက်သွားတဲ့ကလေးအတွက် သိပ်ကိုစိုးရိမ်စရာကောင်းလှပါတယ်။ ဒါ့ကြောင့် အရာရာကို သတိထားပြီး နေထိုင်လုပ်ကိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်နော်။

Writer – LLA ( Shwe Yaung Lan )

LEAVE A REPLY