Zawgyi ျဖင့္ဖတ္ရန္

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက တ႐ုတ္လူမႈကြန္ယက္ “ဝီဘို” မွာ မဂၤလာေမာင္ႏွံစုံတြဲ တစ္တြဲရဲ႕ မွတ္တမ္းဓါတ္ပုံေတြက ပ်ံ႕ႏွံ႔သြားၿပီး လူစိတ္ဝင္စားမႈ ျမင့္တက္ခဲ့ပါတယ္။ ဓာတ္ပုံထဲမွာေတာ့ အၿပဳံးခ်ိဳခ်ိဳေလးနဲ႔ ေခ်ာေမာလွပေနတဲ့ သတို႔သမီးက တ႐ုတ္႐ိုးရာ မဂၤလာဝတ္စုံကို ဝတ္ဆင္ထားၿပီး သတို႔သားရဲ႕ လက္ကိုခ်ိပ္ထားပါတယ္။

 

ဒီပုံက အြန္လိုင္းေပၚက လူေတြအတြက္ သိပ္မထူးဆန္းေပမယ့္ သူတို႔ရဲ႕ လက္ထပ္စာခ်ဳပ္ကို ႐ိုက္ထားတဲ့ ဓါတ္ပုံကေတာ့ အားလုံးကို ပါးစပ္အေဟာင္းသား ျဖစ္သြားေစခဲ့ပါတယ္။

 

စာခ်ဳပ္အရ သတို႔သားဟာ ၁၉၅၇ ခုႏွစ္ဖြားျဖစ္တာေၾကာင့္ အသက္ ၆၂ ႏွစ္ရွိၿပီျဖစ္ၿပီး သတို႔သမီးကေတာ့ ၁၉၉၁ ခုႏွစ္ေမြးတာေၾကာင့္ အခုမွ အသက္ ၂၈ ႏွစ္ပဲရွိတာကို ေတြ႕လိုက္ရပါတယ္။ အသက္ ၃၄ ႏွစ္ေတာင္ ကြာျခားေနတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ ဖူးစာကို အားလုံးက စိတ္ဝင္စားခဲ့ၾကတာပါ။

ဓါတ္ပုံေတြအရ သတို႔သားဟာ သူနဲ႔သက္တူ႐ြယ္တူ အေပါင္းအသင္းေတြ ၿခံရံၿပီး မဂၤလာပြဲကို ေရာက္လာခဲ့ပါတယ္။ မဂၤလာခန္းမအျပင္ဘက္မွာ ႐ိုးလ္႐ြိဳက္စ္ကားေတြ တန္းစီၿပီး ရပ္ထားတဲ့ ပုံကို ေတြ႕လိုက္ရေတာ့မွ “ဪ.. ဒါေၾကာင့္ကိုး ဒီေကာင္မေလး ဉာဏ္ေကာင္းတယ္၊ ေနာက္သုံးေလးႏွစ္ဆိုရင္ သူေဌးမႀကီးျဖစ္ၿပီ” လို႔ မွတ္ခ်က္ေထာပနာ ဝိုင္းေပးၾကပါတယ္။

 

မဂၤလာေဆာင္ လက္ဖက္ရည္ၾကမ္းကမ္းတဲ့အခ်ိန္မွာေတာ့ သတို႔သားထက္ အနည္းငယ္ပိုငယ္တဲ့ သတို႔သမီးရဲ႕ မိဘႏွစ္ပါးကိုလည္း ေတြ႕လိုက္ရပါတယ္။ သူတို႔ေတြက သားမက္ရဲ႕ေရွ႕မွာ မ်က္ႏွာျပရခက္ေနပါတယ္။

မည္သို႔ပင္ဆိုေစကာမူ သတို႔သမီးေလးရဲ႕ မ်က္ႏွာကေတာ့ ဝင္းပေနၿပီး အခုလို လက္ထပ္တာဟာ တစ္စုံတစ္ေယာက္က အတင္းအၾကပ္တိုက္တြန္းတာမ်ိဳးမဟုတ္ပဲ သူမရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ ျဖစ္တယ္ဆိုတာကို ေပၚလြင္ေစပါတယ္၊ ဒါ့အျပင္ သူ႔မိဘေတြနဲ႔ အေပါင္းအသင္းေတြ အားလုံးၾကားေအာင္ အိမ္ေထာင္ဖက္နဲ႔အတူ မ်ိဳးဆက္သစ္ေတြ ေမြးဦးမယ္လို႔ ေအာ္ေျပာခဲ့ေၾကာင္း သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ အခ်စ္ဆိုတာ အသက္အ႐ြယ္ေပၚမွာ မမွီတည္ဘူးဆိုတာကိုေတာ့ အေခ်ာေလးက ေကာင္းေကာင္းသက္ေသျပသြားခဲ့ပါတယ္။ ဒါဆို ဘယ္ေပၚမွီတည္လဲလို႔ေတာ့ မေမးရဘူးေနာ္…။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အချစ်ဆိုတာ အသက်ရွယ်ပေါ်မှာ မမှီတည်ဘူးဆိုတဲ့ အချောလေး

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တရုတ်လူမှုကွန်ယက် “ဝီဘို” မှာ မင်္ဂလာမောင်နှံစုံတွဲ တစ်တွဲရဲ့ မှတ်တမ်းဓါတ်ပုံတွေက ပျံ့နှံ့သွားပြီး လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ အပြုံးချိုချိုလေးနဲ့ ချောမောလှပနေတဲ့ သတို့သမီးက တရုတ်ရိုးရာ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး သတို့သားရဲ့ လက်ကိုချိပ်ထားပါတယ်။

ဒီပုံက အွန်လိုင်းပေါ်က လူတွေအတွက် သိပ်မထူးဆန်းပေမယ့် သူတို့ရဲ့ လက်ထပ်စာချုပ်ကို ရိုက်ထားတဲ့ ဓါတ်ပုံကတော့ အားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ်။

စာချုပ်အရ သတို့သားဟာ ၁၉၅၇ ခုနှစ်ဖွားဖြစ်တာကြောင့် အသက် ၆၂ နှစ်ရှိပြီဖြစ်ပြီး သတို့သမီးကတော့ ၁၉၉၁ ခုနှစ်မွေးတာကြောင့် အခုမှ အသက် ၂၈ နှစ်ပဲရှိတာကို တွေ့လိုက်ရပါတယ်။ အသက် ၃၄ နှစ်တောင် ကွာခြားနေတဲ့ သူတို့နှစ်ယောက်ရဲ့ ဖူးစာကို အားလုံးက စိတ်ဝင်စားခဲ့ကြတာပါ။

ဓါတ်ပုံတွေအရ သတို့သားဟာ သူနဲ့သက်တူရွယ်တူ အပေါင်းအသင်းတွေ ခြံရံပြီး မင်္ဂလာပွဲကို ရောက်လာခဲ့ပါတယ်။ မင်္ဂလာခန်းမအပြင်ဘက်မှာ ရိုးလ်ရွိုက်စ်ကားတွေ တန်းစီပြီး ရပ်ထားတဲ့ ပုံကို တွေ့လိုက်ရတော့မှ
“ဪ.. ဒါကြောင့်ကိုး ဒီကောင်မလေး ဉာဏ်ကောင်းတယ်၊ နောက်သုံးလေးနှစ်ဆိုရင် သူဌေးမကြီးဖြစ်ပြီ” လို့ မှတ်ချက်ထောပနာ ဝိုင်းပေးကြပါတယ်။

မင်္ဂလာဆောင် လက်ဖက်ရည်ကြမ်းကမ်းတဲ့အချိန်မှာတော့ သတို့သားထက် အနည်းငယ်ပိုငယ်တဲ့ သတို့သမီးရဲ့ မိဘနှစ်ပါးကိုလည်း တွေ့လိုက်ရပါတယ်။ သူတို့တွေက သားမက်ရဲ့ရှေ့မှာ မျက်နှာပြရခက်နေပါတယ်။

မည်သို့ပင်ဆိုစေကာမူ သတို့သမီးလေးရဲ့ မျက်နှာကတော့ ဝင်းပနေပြီး အခုလို လက်ထပ်တာဟာ တစ်စုံတစ်ယောက်က အတင်းအကြပ်တိုက်တွန်းတာမျိုးမဟုတ်ပဲ သူမရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတာကို ပေါ်လွင်စေပါတယ်၊ ဒါ့အပြင် သူ့မိဘတွေနဲ့ အပေါင်းအသင်းတွေ အားလုံးကြားအောင် အိမ်ထောင်ဖက်နဲ့အတူ မျိုးဆက်သစ်တွေ မွေးဦးမယ်လို့ အော်ပြောခဲ့ကြောင်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အချစ်ဆိုတာ အသက်အရွယ်ပေါ်မှာ မမှီတည်ဘူးဆိုတာကိုတော့ အချောလေးက ကောင်းကောင်းသက်သေပြသွားခဲ့ပါတယ်။ ဒါဆို ဘယ်ပေါ်မှီတည်လဲလို့တော့ မမေးရဘူးနော်…။

Credit : popolay

LEAVE A REPLY