Zawgyi ဖြင့်ဖတ်ရန်

 


(၁) စည်သွပ်ဗူးအစားအစာ






(၄) Trans fat


Credit :Aunty may

Unicode ဖြင့်ဖတ်ရန်

ကျန်းမာရေးလိုက်စားသူဖြစ်လာစေဖို့ ရှောင်ရှားသင့်တဲ့ အစားအသောက် (၅) မျိုး

တော်တော်များများ ထင်တတ်ကြတာ အစားအစာတိုင်းက ခန္ဓာကိုယ်အတွက် လိုအပ်မယ်ဆိုပြီးတော့ပါ။ ဒါပေမယ့် မမှန်ကန်တဲ့ ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေဆိုတာလည်း ရှိနေပြီး ခန္ဓာကိုယ်ကို ဒုက္ခပေးပါတယ်။ အစားအသောက်တိုင်းက ကျန်းမာရေးမကောင်းစေပါဘူး။ ကျန်းမာရေးလိုက်စားသူတွေ လုံးဝမစားကြတဲ့ အစားအသောက် (၅)မျိုး ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) စည်သွပ်ဗူးအစားအစာ

စည်သွပ်ဗူးအစားအစာတွေက အလွယ်တကူစားလို့ရနိုင်မယ့် အစားစာတစ်မျိုးဖြစ်သောလည်း ကျန်းမာရေးလိုက်စားသူတွေ လုံးဝမစားကြတဲ့ အစားအစာဖြစ်ပါတယ်။အကြောင်းကတော့ ဒီစည်သွပ်ဗူးထဲမှာတော့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်ပွားစေမှုကို အားပေးပါတယ်။

(၂) အာဟာရမဖြစ်တဲ့ အစားအစာ

ကျန်းမာရေးလိုက်စားသူတွေ လုံးဝမစားကြတဲ့ အစားအစာထဲမှာ အာဟာရမဖြစ်စေတဲ့ အစားအစာ (Junk နဲ့ processed foods) တွေပါဝင်ပါတယ်။ အကြောင်းကတော့ ဒီအစားအစာတွေထဲမှာ အက်စက်ဖြစ်စေနိုင်ပြီး သွေးလည်ပတ်မှုကို နှေးသွားစေတာကြောင့် ခန္ဓာကိုယ်ထဲ အာဟာရဝင်ရောက်မှု လျော့နည်းသွားစေပါတယ်။

(၃) ပြောင်းဖူးပေါက်ပေါက်

မိုက်ခရိုဝေ့မီးဖိုနဲ့ လုပ်ရတဲ့ ပြောင်းဖူးပေါက်ပေါက်တွေထဲမှာ Perfluorooctanoic acid ပါတာကြောင့် မြုံခြင်း ၊ မျိုးဥမထုတ်နိုင်ခြင်းတိုနဲ့ စပ်ဆက်ပြီး တိရစ္ဆာန်တွေနဲ့ စမ်းသပ်ကြည့်တဲ့အခါမှာလည်း ကင်ဆာဖြစ်စေနိုင်တဲ့ ပိုးတွေကို တွေ့ပါတယ်။

(၄) Trans fat

Trans fat ကိုတော့ ဒိုးနပ် ၊ ကိတ် နဲ့ ရေခဲရိုက် ပီဇာ တွေနဲ့ margarine ထောပတ်တွေမှာ တွေ့ရတတ်ပါတယ်။ ဒီအဆီက ခန္ဓာကိုယ်ထဲမှာ ကြေညက်သွားဖို့ အချိန်တော်တော်ကြာပါတယ်။ ဒါကြောင့် ကိုလက်စထရောအဆင့်မြှင့်သွားပြီး နှလုံးရောဂါ ၊ နှလုံးအမောဖောက်တာတွေနဲ့ လေဖြတ်တာတွေ ဖြစ်စေပါတယ်။

Credit :Aunty may

LEAVE A REPLY