Zawgyi ဖြင့်ဖတ်ရန်




 

 




Unicode ဖြင့်ဖတ်ရန်

Official Poster နဲ့တင် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ “Now and Ever” ရုပ်ရှင်

ခံစားသက်ဝင်မှုအပြည့်နဲ့ အနုပညာကို လေးလေးနက်နက် ပုံဖော်လေ့ရှိတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင် ဇဏ်ခီတို့ ဇနီးမောင်နှံကတော့ အချိန်တိုအတွင်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ခရစ္စတီးနားခီက ဇဏ်ခီ၊ ပိုင်ဖြိုးသုတို့ အဓိကသရုပ်ဆောင်ထားတဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေဆီ ချပြဖို့အတွက် အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့အကြောင်းကို Official Poster လေးတစ်ခုနဲ့ ပြသလိုက်တာ တွေ့ရပါတယ်။ ခီမောင်နှံရဲ့ အမာခံ ပရိသတ်တွေကတော့ ခရစ္စတီးနားခီရဲ့ တတိယမြောက်ရုပ်ရှင်ဖြစ်တဲ့ “Now and Ever” ကို အရမ်းကြည့်ချင်နေကြတာပါနော်။

ပရိသတ်တွေအတွက် Official Poster နဲ့တင် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ “Now and Ever” ရုပ်ရှင်ဇာတ်ကားကြီးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Now and Ever ရုပ်ရှင်ရဲ့ နမူနာ ဗီဒီယိုနဲ့ ရုံတင်ပြသမယ့်ရက်ကိုလည်း မကြာခင်မှာ ကြေညာသွားမယ်လို့လည်း သိရပါတယ်နော်။ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ရဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ကတော့ အရမ်း Romantic ဆန်လွန်းလို့ ခရစ္စတီးနားခီတစ်ယောက် ခင်ပွန်းရဲ့ အချစ်ဇာတ်လမ်းတွေကို နောက်တစ်ခါ မရိုက်နိုင်တော့အောင် ဖြစ်သွားတယ်လို့လည်း ပြောဖူးပါသေးတယ်။

ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေကြတဲ့ “Now and Ever” ရုပ်ရှင်ကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ မွေးလဖြစ်တဲ့ အောက်တိုဘာလထဲမှာ ပြသဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ပရိသတ်တွေလည်း ရုံတင်ဖို့ သိပ်မလိုတော့တဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကို စိတ်ဝင်စားရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

share from : burmese.asia

LEAVE A REPLY