Zawgyi ျဖင့္ဖတ္ရန္

ကမာၻ႔ေပၚမွာဆိုရွယ္အသုံးျပဳမႈအမ်ားဆုံးျဖစ္ေနတဲ့ Facebook ဟာ သုံးစြဲသူေတြရဲ႕ ေဒတာအခ်က္အလက္ေတြနဲ႔ Activity ေတြကိုေကာင္းေကာင္းသိရွိပါတယ္။ သင့္ဘယ္သူလဲဆိုတာကိုပါ သိရွိႏိုင္ၿပီး သင့္ရဲ႕ လုပ္ေဆာင္မႈေတြကို အၿမဲေစာင့္ၾကည့္ေနသူလို႔ပါ ဆိုႏိုင္ပါတယ္။

ဥပမာ ကိုယ့္ကဗိုက္ဆာေနလို႔ အစားအစာနဲ႔ပါတ္သတ္တဲ့ ေပ့ခ်္ေတြကို ဝင္ၾကည့္ေနၿပီဆိုရင္ Facebook က အစားအစာနဲ႔ပါတ္သတ္တဲ့ Ads ေၾကာျငာေတြကို အလိုမရွိလည္း သင့္စာမ်က္ႏွာေပၚမွာ အလိုအေလွ်ာက္ တက္လာေစႏိုင္မွာပါ။

အဲ့ဒီလိုမ်ိဳးကိစၥေတြကို ေရွာင္ရွားႏိုင္ဖို႔အတြက္ Facebook၊ Messenger နဲ႔ Instagram ေပၚမွာ ကိုယ့္ရဲ႕Activity ကို ေျခရာေဖ်ာက္ႏိုင္မယ့္ Tool ကို စတင္လုပ္ဆာင္ေတာ့မယ္လို႔ သိရပါတယ္။ off- Facebook Activity လို႔ေခၚတဲ့ Tool တစ္ခုကို Facebook ကဖန္တီးထားၿပီး ကိုယ္ေရာက္ရွိခဲ့တဲ့ အက္ပလီေကးရွင္း ၊ ဝက္ဆိုဒ္ ေတြကို လိုက္မွတ္သားလို႔မရေအာင္ လုပ္ဆာင္ႏိုင္မွာျဖစ္ပါတယ္။

 

အဆိုပါ Tool အသစ္ကို ေလာေလာဆယ္ အိုင္ယာလန္ ၊ စပိန္ ၊ ေတာင္ကိုရီးယား စတဲ့ (၃) ႏိုင္ငံမွာသာ အသုံးျပဳလို႔ရေနၿပီ္း မၾကာခင္မွာ အေမရိကန္ႏိုင္ငံအျပင္ အျခားႏိုင္ငံေတြမွာ အသုံးျပဳႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

Facebook ဟာ ေၾကာျငာကေန အဓိကဝင္ေငြရွာၿပီး သုံးစြဲသူေတြရဲ႕ ေဒတာအခ်က္အလက္ေတြကို နည္းႏွစ္မ်ိဳးသုံးၿပီးေတာ့ ရယူတယ္လို႔ သိရပါတယ္။ ပထမတစ္နည္းက ကိုယ္က ဘယ္ေပ့ခ်္ေတြကို like ၊ Comment ေပးလဲ ၊ ေနာက္ အက္ပလီေကးရွင္း ၊ ဝက္ဆိုဒ္ေတြမွာ Log in ဝင္ထားလဲဆိုတဲ့နည္းနဲ႔ ေဒတာေတြကို ရယူတာျဖစ္ပါတယ္။ ေနာက္တစ္နည္းက Facebook Pixel လို႔ေခၚတဲ့ Program Code နဲ႔ သုံးစြဲသူရဲ႕ေဒတာအခ်က္အလက္ေတြကို မွတ္သား ရယူတာပါ။

အဲ့ဒီလို သုံးစြဲသူေတြရဲ႕ ေဒတာအခ်က္အလက္ေတြကို ရယူၿပီး ကိုဝင္ေရာက္ခဲ့တဲ့ ေပ့ခ်္ ၊ ဝက္ဆိုဒ္ေတြမွတဆင့္ ကိုယ္ရဲ႕ စာမ်က္ႏွာေပၚကို ေၾကာျငာေတြကို ပို႔ေဆာင္တာျဖစ္ပါတယ္။ အဲ့ဒီလို ေၾကာ္ျငာေတြကို ကိုယ္ရဲ႕ စာမ်က္ႏွာေပၚမွာ မျပႏိုင္ဖို႔အတြက္ Facebook Setting ကေန off- Facebook Activity မွာ ပိတ္ထားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ေၾကာ္ျငာအားလုံးကိုေတာ့ ပိတ္သြားမွာမဟုတ္ဘဲ ကိုယ့္ဆီကိုဦးတည္တဲ့ ေၾကာျငာေတြပဲ ရပ္တန႔္သြားမွာျဖစ္ပါတယ္။ Facebook ဟာ ေၾကာျငာကေန အဓိကရပ္တည္ေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က Facebook ဟာ ေဒၚလာ ဘီလီယံ (၅၀) ေက်ာ္အထိဝင္ေငြရရွိတယ္လို႔ သိရပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကိုယ်ရဲ့Activity တချို့ကို ခြေရာဖျောက်ထားနိုင်တော့မယ့် off- Facebook Activity

ကမ္ဘာ့ပေါ်မှာဆိုရှယ်အသုံးပြုမှုအများဆုံးဖြစ်နေတဲ့ Facebook ဟာ သုံးစွဲသူတွေရဲ့ ဒေတာအချက်အလက်တွေနဲ့ Activity တွေကိုကောင်းကောင်းသိရှိပါတယ်။ သင့်ဘယ်သူလဲဆိုတာကိုပါ သိရှိနိုင်ပြီး သင့်ရဲ့ လုပ်ဆောင်မှုတွေကို အမြဲစောင့်ကြည့်နေသူလို့ပါ ဆိုနိုင်ပါတယ်။

ဥပမာ ကိုယ့်ကဗိုက်ဆာနေလို့ အစားအစာနဲ့ပါတ်သတ်တဲ့ ပေ့ချ်တွေကို ဝင်ကြည့်နေပြီဆိုရင် Facebook က အစားအစာနဲ့ပါတ်သတ်တဲ့ Ads ကြောငြာတွေကို အလိုမရှိလည်း သင့်စာမျက်နှာပေါ်မှာ အလိုအလျှောက် တက်လာစေနိုင်မှာပါ။

အဲ့ဒီလိုမျိုးကိစ္စတွေကို ရှောင်ရှားနိုင်ဖို့အတွက် Facebook၊ Messenger နဲ့ Instagram ပေါ်မှာ ကိုယ့်ရဲ့Activity ကို ခြေရာဖျောက်နိုင်မယ့် Tool ကို စတင်လုပ်ဆာင်တော့မယ်လို့ သိရပါတယ်။ off- Facebook Activity လို့ခေါ်တဲ့ Tool တစ်ခုကို Facebook ကဖန်တီးထားပြီး ကိုယ်ရောက်ရှိခဲ့တဲ့ အက်ပလီကေးရှင်း ၊ ဝက်ဆိုဒ် တွေကို လိုက်မှတ်သားလို့မရအောင် လုပ်ဆာင်နိုင်မှာဖြစ်ပါတယ်။

အဆိုပါ Tool အသစ်ကို လောလောဆယ် အိုင်ယာလန် ၊ စပိန် ၊ တောင်ကိုရီးယား စတဲ့ (၃) နိုင်ငံမှာသာ အသုံးပြုလို့ရနေပြီ်း မကြာခင်မှာ အမေရိကန်နိုင်ငံအပြင် အခြားနိုင်ငံတွေမှာ အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။

Facebook ဟာ ကြောငြာကနေ အဓိကဝင်ငွေရှာပြီး သုံးစွဲသူတွေရဲ့ ဒေတာအချက်အလက်တွေကို နည်းနှစ်မျိုးသုံးပြီးတော့ ရယူတယ်လို့ သိရပါတယ်။ ပထမတစ်နည်းက ကိုယ်က ဘယ်ပေ့ချ်တွေကို like ၊ Comment ပေးလဲ ၊ နောက် အက်ပလီကေးရှင်း ၊ ဝက်ဆိုဒ်တွေမှာ Log in ဝင်ထားလဲဆိုတဲ့နည်းနဲ့ ဒေတာတွေကို ရယူတာဖြစ်ပါတယ်။ နောက်တစ်နည်းက Facebook Pixel လို့ခေါ်တဲ့ Program Code နဲ့ သုံးစွဲသူရဲ့ဒေတာအချက်အလက်တွေကို မှတ်သား ရယူတာပါ။

အဲ့ဒီလို သုံးစွဲသူတွေရဲ့ ဒေတာအချက်အလက်တွေကို ရယူပြီး ကိုဝင်ရောက်ခဲ့တဲ့ ပေ့ချ် ၊ ဝက်ဆိုဒ်တွေမှတဆင့် ကိုယ်ရဲ့ စာမျက်နှာပေါ်ကို ကြောငြာတွေကို ပို့ဆောင်တာဖြစ်ပါတယ်။ အဲ့ဒီလို ကြော်ငြာတွေကို ကိုယ်ရဲ့ စာမျက်နှာပေါ်မှာ မပြနိုင်ဖို့အတွက် Facebook Setting ကနေ off- Facebook Activity မှာ ပိတ်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကြော်ငြာအားလုံးကိုတော့ ပိတ်သွားမှာမဟုတ်ဘဲ ကိုယ့်ဆီကိုဦးတည်တဲ့ ကြောငြာတွေပဲ ရပ်တန့်သွားမှာဖြစ်ပါတယ်။ Facebook ဟာ ကြောငြာကနေ အဓိကရပ်တည်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က Facebook ဟာ ဒေါ်လာ ဘီလီယံ (၅၀) ကျော်အထိဝင်ငွေရရှိတယ်လို့ သိရပါတယ်။

Credit : popolay

LEAVE A REPLY