Zawgyi ျဖင့္ဖတ္ရန္

 

ပရိသတ္အခ်စ္ေတာ္ ၾကက္ေတာင္မယ္ေလး သက္ထားသူဇာဟာ ႏိုင္ငံတကာမွာ ေရႊတံဆိပ္ ၆ ခု ထိ ဆြတ္ခူးနိုင္ၿပီး ျမန္မာ့ဂုဏ္ေဆာင္ႏိုင္ခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္ သူ႔ရဲ႕ ရည္မွန္းခ်က္က ကမၻာ့အိုလံပစ္ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ ၾကက္ေတာင္အားကစားသမားတစ္ေယာက္ အေနနဲ႔ ႏိုင္ငံ့ဂုဏ္ေဆာင္ႏိုင္ဖို႔ပဲ ျဖစ္ပါတယ္ အိုလံပစ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ဆိုရင္ အနည္းဆံုးကမၻာ့အဆင့္ ၁၀၀ အတြင္း ဝင္ဖို႔ လိုအပ္ပါတယ္ ဒါေၾကာင့္လည္း ၾကက္ေတာင္မယ္ေလး သက္ထားသူဇာဟာ ကမာၻ႕အဆင့္ ျမင့္တက္ဖို႔အတြက္ ႏိုင္ငံတကာၿပိဳင္ပြဲေတြကို မိမိစရိတ္နဲ႔ မိမိဝင္ၿပိဳင္ၿပီး ႀကိဳးစားခဲ့တာပါ အဲဒီလို ႀကိဳးစားေနတာကေန ေနာက္ပိုင္းမွာေတာ့ အလွဴရွင္ေတြ ေထာက္ပံ့မႈေတြ ရရွိလာခဲ့ပါတယ္။

ခုဆိုရင္ေတာ့ သက္ထားသူဇာဟာ သူ႔ရည္မွန္းခ်က္ေတြ ျပည့္ဝဖို႔အတြက္ ရမွတ္ေတြကို စုေဆာင္းနိုင္ၿပီး လိုအပ္တဲ့ ကမာၻ႕အဆင့္ သတ္မွတ္ခ်က္နဲ႔ အိုလံပစ္လက္ရည္စစ္အဆင့္ သတ္မွတ္ခ်က္ေတြ ရရွိလာၿပီပဲ ျဖစ္ပါတယ္ ျမန္မာႏိုင္ငံမွာ က်င္းပတဲ့ ႏုိင္ငံတကာၾကက္ေတာင္စီးရီးၿပိဳင္ပြဲမွာ တတိယဆုရယူႏိုင္တာေၾကာင့္ ကမာၻ႕အဆင့္ ၇၂ ကေန ၇၀ ထိျမင့္တက္လာခဲ့ၿပီး အိုလံပစ္ လက္ရည္စစ္ အဆင့္သတ္မွတ္ခ်က္ျဖစ္တဲ့ ၃၈ အတြင္းကိုလည္း အဆင့္ ၃၀ နဲ႔ ဝင္ထားၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

၂၀၂၀ တိုက်ိဳအိုလံပစ္ ဝင္ခြင့္အတြက္ သတ္မွတ္ အတည္ျပဳမယ့္ ၂၀၂၀ ဧၿပီ ၃၀ ရက္ေန႔ အထိ ဒီအဆင့္ကို ဆက္လက္ထိန္းသိမ္းထားႏိုုင္မယ္ဆိုရင္ တိုက်ိဳအိုလံပစ္ကို ဝင္ခြင့္ရမွာပါ။ ကမာၻ႔ၾကက္ေတာင္အဖြဲ႕ခ်ဳပ္က သတ္မွတ္စည္းမ်ဥ္းအရႏိုင္ငံတစ္ႏိုင္ငံကို အဆင့္ ၁ ကေန ၁၆ အထိ ကစား သမား ၂ ဦးဝင္ခြင့္ျပဳထားၿပီး ၂ ဦးထက္ ပိုရင္ ၁၇ ကစၿပီး ၃၈ ထိရွိေနရင္လည္း ဝင္ကစားခြင့္မရေတာ့ပါဘူး အခု သက္ထားသူဇာရဲ႕ အထက္မွာ ျမန္မာႏိုင္ငံက အဆင့္ ၁ ကေန ၁၆ အတြင္း ဝင္ထားသူ မရွိလို႔ လက္ရွိ ၃၁ မွာ ရပ္တည္ေနေပမယ့္ သူ႔အတြက္ ပါဝင္ခြင့္က ၃၈ အျပင္ မေရာက္ရင္ ေသခ်ာၿပီလို႔ ေျပာရပါမယ္…ေသခ်ာဖို႔ အိုလံပစ္ မတိုင္ခင္ စီးရီးေတြ လိုက္႐ိုက္ၿပီး အမွတ္ေတြ တတ္ႏိုင္သေလာက္ စုေဆာင္းသြားရမွာပါ ။ သက္ထားသူဇာရဲ႕ ဖခင္ျဖစ္တဲ့ ဦးထြန္း ထြန္းေဇာ္က ေျပာျပခဲ့ပါတယ္။

ဒီလိုသာ အိုလံပစ္ၿပိဳင္ပြဲကို ဝင္ခြင့္ရခဲ့ရင္ သက္ထားသူဇာဟာ ပထမဆုံး အိုလံပစ္ ကစားခြင့္ရလာမယ့္ ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္ အားကစားမယ္ ျဖစ္လာမွာျဖစ္ပါတယ္ ။လက္ရွိအခ်ိန္မွာေတာ့ သက္ထားသူဇာဟာ ေမာ္လ္ဒိုက္ႏိုင္ငံမွာ က်င္းပေနတဲ့ ႏိုင္ငံတကာၾကက္ေတာင္စီးရီးၿပိဳင္ပြဲ(Maldives International Futures Series 2019) မွာ ၀င္ေရာက္ယွဥ္ၿပိဳင္ေနတာပဲ ျဖစ္ပါတယ္ ကဲ ျမန္မာ့ဂုဏ္ေဆာင္ဖို႔ ႀကိဳးစားေနတဲ့ သက္ထားသူဇာကို ပရိသတ္ႀကီးတို႔လည္း ဆက္လက္အားေပးၾကပါအံုးေနာ္။

share from:burmese.asia

Unicode ဖြင့်ဖတ်ရန်

ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲဝင်ဖို့ လိုအပ်တဲ့အမှတ်ကိုရရှိနေပြီဖြစ်တဲ့ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ

ပရိသတ်အချစ်တော် ကြက်တောင်မယ်လေး သက်ထားသူဇာဟာ နိုင်ငံတကာမှာ ရွှေတံဆိပ် ၆ ခု ထိ ဆွတ်ခူးနိုင်ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ် သူ့ရဲ့ ရည်မှန်းချက်က ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ကြက်တောင်အားကစားသမားတစ်ယောက် အနေနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ် အိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုရင် အနည်းဆုံးကမ္ဘာ့အဆင့် ၁၀၀ အတွင်း ဝင်ဖို့ လိုအပ်ပါတယ် ဒါကြောင့်လည်း ကြက်တောင်မယ်လေး သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် မြင့်တက်ဖို့အတွက် နိုင်ငံတကာပြိုင်ပွဲတွေကို မိမိစရိတ်နဲ့ မိမိဝင်ပြိုင်ပြီး ကြိုးစားခဲ့တာပါ အဲဒီလို ကြိုးစားနေတာကနေ နောက်ပိုင်းမှာတော့ အလှူရှင်တွေ ထောက်ပံ့မှုတွေ ရရှိလာခဲ့ပါတယ်။

ခုဆိုရင်တော့ သက်ထားသူဇာဟာ သူ့ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် ရမှတ်တွေကို စုဆောင်းနိုင်ပြီး လိုအပ်တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်နဲ့ အိုလံပစ်လက်ရည်စစ်အဆင့် သတ်မှတ်ချက်တွေ ရရှိလာပြီပဲ ဖြစ်ပါတယ် မြန်မာနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲမှာ တတိယဆုရယူနိုင်တာကြောင့် ကမ္ဘာ့အဆင့် ၇၂ ကနေ ၇၀ ထိမြင့်တက်လာခဲ့ပြီး အိုလံပစ် လက်ရည်စစ် အဆင့်သတ်မှတ်ချက်ဖြစ်တဲ့ ၃၈ အတွင်းကိုလည်း အဆင့် ၃၀ နဲ့ ဝင်ထားပြီ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ တိုကျိုအိုလံပစ် ဝင်ခွင့်အတွက် သတ်မှတ် အတည်ပြုမယ့် ၂၀၂၀ ဧပြီ ၃၀ ရက်နေ့ အထိ ဒီအဆင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင် တိုကျိုအိုလံပစ်ကို ဝင်ခွင့်ရမှာပါ။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က သတ်မှတ်စည်းမျဉ်းအရနိုင်ငံတစ်နိုင်ငံကို အဆင့် ၁ ကနေ ၁၆ အထိ ကစား သမား ၂ ဦးဝင်ခွင့်ပြုထားပြီး ၂ ဦးထက် ပိုရင် ၁၇ ကစပြီး ၃၈ ထိရှိနေရင်လည်း ဝင်ကစားခွင့်မရတော့ပါဘူး အခု သက်ထားသူဇာရဲ့ အထက်မှာ မြန်မာနိုင်ငံက အဆင့် ၁ ကနေ ၁၆ အတွင်း ဝင်ထားသူ မရှိလို့ လက်ရှိ ၃၁ မှာ ရပ်တည်နေပေမယ့် သူ့အတွက် ပါဝင်ခွင့်က ၃၈ အပြင် မရောက်ရင် သေချာပြီလို့ ပြောရပါမယ်…သေချာဖို့ အိုလံပစ် မတိုင်ခင် စီးရီးတွေ လိုက်ရိုက်ပြီး အမှတ်တွေ တတ်နိုင်သလောက် စုဆောင်းသွားရမှာပါ ။ သက်ထားသူဇာရဲ့ ဖခင်ဖြစ်တဲ့ ဦးထွန်း ထွန်းဇော်က ပြောပြခဲ့ပါတယ်။

ဒီလိုသာ အိုလံပစ်ပြိုင်ပွဲကို ဝင်ခွင့်ရခဲ့ရင် သက်ထားသူဇာဟာ ပထမဆုံး အိုလံပစ် ကစားခွင့်ရလာမယ့် မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစားမယ် ဖြစ်လာမှာဖြစ်ပါတယ် ။လက်ရှိအချိန်မှာတော့ သက်ထားသူဇာဟာ မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲ(Maldives International Futures Series 2019) မှာ ဝင်ရောက်ယှဉ်ပြိုင်နေတာပဲ ဖြစ်ပါတယ် ကဲ မြန်မာ့ဂုဏ်ဆောင်ဖို့ ကြိုးစားနေတဲ့ သက်ထားသူဇာကို ပရိသတ်ကြီးတို့လည်း ဆက်လက်အားပေးကြပါအုံးနော်။

share from:burmese.asia

LEAVE A REPLY