Zawgyi ျဖင့္ဖတ္ရန္

 

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး ပန္ကာဖြင့္ၿပီး ပက္လက္ကုလားထိုင္ ေပၚအိပ္ေပ်ာ္ေနစဥ္ ႐ုတ္တရက္ေသဆုံးခဲ့ေၾကာင္း ေတာင္ငူၿမိဳ႕နယ္အမွတ္ ၂ နယ္‌ေျမရဲစခန္းမွ သိရသည္။

“အသက္ႀကီးတာလည္း ပါမယ္ထင္တယ္။ အတိက်ကေတာ့ ေဆးစစ္ခ်က္ထြက္မွပဲ ေျပာလို႔ရမယ္”ဟု ေတာင္ငူအမွတ္ ၂ နယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

ေတာင္ငူၿမိဳ႕နယ္ အမွတ္ ၅ ရပ္ကြက္ ဗိုလ္မႉးဖိုးကြန္းလမ္းေနအိမ္တစ္အိမ္တြင္ အသက္ ၆၅ ႏွစ္အ႐ြယ္ဦးသိန္းတန္ဆိုသူသည္ ပန္ကာဖြင့္ၿပီး ပက္လက္ကုလားထိုင္ေပၚ‌ အိပ္ေပ်ာ္ေနစဥ္ ႐ုတ္တရက္ေသဆုံးခဲ့ျခင္းျဖစ္သည္။

အမႈႏွင့္ပတ္သက္ၿပီး ေတာင္ငူၿမိဳ႕နယ္ အမွတ္ ၂ နယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ ၁၃/၂၀၁၉ ျဖင့္ အမႈဖြင့္လွစ္စစ္ေဆး ေဆာင္႐ြက္လ်က္ရွိသည္။

R-15

( ယခုေဖာ္ျပပါသတင္းကို The Voice Daily ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္ )

Unicode ဖြင့်ဖတ်ရန်

ပန်ကာဖွင့်ပြီး ကုလားထိုင်တွင်အိပ်ပျော်နေသူ ရုတ်တရက်သေဆုံး

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် အမျိုးသားတစ်ဦး ပန်ကာဖွင့်ပြီး ပက်လက်ကုလားထိုင် ပေါ်အိပ်ပျော်နေစဉ် ရုတ်တရက်သေဆုံးခဲ့ကြောင်း တောင်ငူမြို့နယ်အမှတ် ၂ နယ်‌မြေရဲစခန်းမှ သိရသည်။

“အသက်ကြီးတာလည်း ပါမယ်ထင်တယ်။ အတိကျကတော့ ဆေးစစ်ချက်ထွက်မှပဲ ပြောလို့ရမယ်”ဟု တောင်ငူအမှတ် ၂ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ် အမှတ် ၅ ရပ်ကွက် ဗိုလ်မှူးဖိုးကွန်းလမ်းနေအိမ်တစ်အိမ်တွင် အသက် ၆၅ နှစ်အရွယ်ဦးသိန်းတန်ဆိုသူသည် ပန်ကာဖွင့်ပြီး ပက်လက်ကုလားထိုင်ပေါ်‌ အိပ်ပျော်နေစဉ် ရုတ်တရက်သေဆုံးခဲ့ခြင်းဖြစ်သည်။

အမှုနှင့်ပတ်သက်ပြီး တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

R-15

( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

LEAVE A REPLY