Zawgyi ျဖင့္ဖတ္ရန္

 

အေနေအးေပမယ့္ အရမ္းစိတ္ထားေကာင္းတယ္။သ႐ုပ္ေဆာင္ ႏႈိင္းယွဥ္ျမင့္မိုရ္ကေတာ့ ပိုင္ၿဖိဳးသုရဲ႕ အျပဳအမႈေလးနဲ႔ ကူညီေပးတတ္မႈေၾကာင့္ ေက်းဇူးတင္မဆုံး ျဖစ္လို႔ေနပါတယ္။ ခင္ပြန္းျဖစ္သူ ခြဲစိတ္ဖို႔ကိုလည္း ပိုင္ၿဖိဳးသုကပဲ ကူညီေပးတာလို႔ ဆိုပါတယ္။

ပိုင္ၿဖိဳးသုက ႏိုင္ငံျခားက ျပန္ေရာက္ေရာက္ခ်င္းမွာ ႏႈိင္းယွဥ္ျမင့္မိုရ္တို႔နဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ ဆိုပါတယ္။ တစ္ေယာက္အေၾကာင္း တစ္ေယာက္ေျပာရင္းနဲ႔ ႏႈိင္းယွဥ္ကလည္း သူမခံစားေနတာေတြကို ပိုင္ၿဖိဳးသုဆီ ရင္ဖြင့္ေျပာျပခဲ့ပါေသးတယ္။ ခင္ပြန္းျဖစ္သူ ကိုဘင္းတစ္ေယာက္ ဂရင္ဂ်ီနာ ျဖစ္ေနေပမယ့္ ခြဲစိတ္ဖို႔ မတတ္ႏိုင္တဲ့အေၾကာင္း ကို ပိုင္ၿဖိဳးသုကို ရင္ဖြင့္ခဲ့ရာ ခြဲစိတ္ဖို႔ အားလုံးကို ပိုင္ၿဖိဳးသုက ကူညီေပးခဲ့တယ္လို႔ သူမက ေျပာပါတယ္။

“ကိုဘင္းက ခြဲစိတ္ရမွာ ျဖစ္ေနတာ။ ဂရင္ဂ်ီနာ ျဖစ္ေနတာ။ မခြဲဘဲ ဆက္ထားရင္ ကင္ဆာလိုျဖစ္သြားမွာ။ ဟိုတစ္ေန႔က ပိုင္ၿဖိဳးသု ႏိုင္ငံျခားက ျပန္လာေတာ့ အမတို႔ကို ေဟာ့ေပ့ါ လိုက္တိုက္တယ္။ မႀကီး အဆင္ေျပလား ဘာလားေျပာရင္းနဲ႔ အမလည္း ရင္ဖြင့္ရင္းနဲ႔ ကိုဘင္းအေၾကာင္း ေျပာျပေပ့ါ။ မခြဲႏိုင္ဘူးေပ့ါ ေဈးေတြ အရမ္းမ်ားေတာ့ေလ အဲ့လိုေျပာေတာ့ မႀကီးကလည္း သမီးကို ေျပာေပ့ါ။ သမီးလုပ္ေပးမွာေပ့ါဆိုၿပီး ဂ်ပန္ေဆး႐ုံႀကီးက ပါေမာကၡႀကီးနဲ႔ ခ်ိတ္ေပးလိုက္တာ”လို႔ Duwun Media ကို ေျပာျပခဲ့ပါတယ္။

ပိုင္ၿဖိဳးသုရဲ႕ ေက်းဇူးေၾကာင့္ ကိုဘင္းတစ္ေယာက္ ခြဲစိတ္ဖို႔အတြက္ အဆင္ေျပသြားခဲ့ၿပီး စက္တင္ဘာ(၁၈) ရက္ေန႔မွာ ခြဲစိတ္ရမယ္လို႔ သူမက ဆိုပါတယ္။

“သုသုကူညီတာအရမ္းအဆင္ေျပတယ္ ။ အဂၤါေန႔ ေဆး႐ုံတက္ ဗုဒၶဟုးေန႔ ခြဲစိတ္ရမယ္။ သုသုနဲ႔ကိုဏႀကီးကို အရမ္းေက်းဇူးတင္တယ္။ အစစအရာရာ ကူညီတဲ့အတြက္ သူတို႔ႏွစ္ေယာက္စလုံးက စိတ္ထားလည္း အရမ္းေကာင္းတဲ့ လင္မယား ႏႈိင္းယွဥ္ အရမ္းေက်းဇူးတင္ပါတယ္” လို႔ သူမက ဆိုပါတယ္။

ပိုင္ၿဖိဳးသုဟာ သူမတို႔နဲ႔ ဖက္လဲွတကင္းမေပါင္းေပမယ့္လည္း သူမတို႔ လိုအပ္ခ်က္ေတြဆိုအၿမဲတမ္း ျဖည့္ဆည္းေပးတဲ့ အႏုပညာညီအစ္မတစ္ဦးျဖစ္တယ္လို႔ ဆိုပါတယ္။

“သူက တကယ္စိတ္ေကာင္းရွိတယ္။သူ႔အလုပ္ေလး သူလုပ္ၿပီး အေနေအးတယ္ဆိုေပမယ့္ အမတို႔ လိုအပ္တာေလးေတြကို အၿမဲတမ္း ကူညီေပးတယ္။ သူဒီထက္လည္း ေအာင္ျမင္ဦးမွာပါ။ သူနဲ႔ လက္တြဲေဖာ္ ကိုဏႀကီးနဲ႔လည္း အရမ္းလိုက္ဖက္တယ္။႐ိုးသားတယ္။ ျဖဴစင္တယ္။ ကူညီၿပီးရင္လည္း မ႑ပ္တိုင္မတက္ျပဘူး။ တကယ္ေစတနာေကာင္းတယ္”ဆိုၿပီး ပိုင္ၿဖိဳးသုရဲ႕ စိတ္ဓာတ္ေလးကို ခ်ီးက်ဴးစကား ေျပာထားတာ ျဖစ္ပါတယ္။

ပိုင္ၿဖိဳးသုဟာ အႏုပညာပ်ိဳးခင္း(၂)ရဲ႕ စင္တင္မင္းသမီးေခ်ာေလး တစ္ေယာက္ျဖစ္ပါတယ္။ သူမဟာလက္ရွိေအာင္ျမင္ေနတဲ့ ထိပ္တန္းမင္းသမီးေတြထဲက တစ္ဦးအပါအဝင္လည္းျဖစ္ပါတယ္။ ပိုင္ၿဖိဳးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ႔ မိန္းမပ်ိဳ’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ၂၀၁၇ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔ဆုကို ရရွိပိုင္ဆိုင္ထားသူပါ။ အခုဆိုရင္လည္း ခင္ပြန္းျဖစ္သူ ဒါ႐ိုက္တာ ဏႀကီးနဲ႔ အတူ အႏုပညာအလုပ္ေတြ လုပ္ေဆာင္ေနတာကို ေတြ႕ရပါတယ္။ သူမဟာ မီ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔လည္း Star Awards က ခ်ီးျမႇင့္တဲ့ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိထားပါေသးတယ္။

Credit : duwun

Unicode ဖြင့်ဖတ်ရန်

ကူညီတတ်တဲ့ပိုင်ဖြိုးသုရဲ့ စိတ်နေသဘောထားလေးကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

အနေအေးပေမယ့် အရမ်းစိတ်ထားကောင်းတယ်။သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပိုင်ဖြိုးသုရဲ့ အပြုအမှုလေးနဲ့ ကူညီပေးတတ်မှုကြောင့် ကျေးဇူးတင်မဆုံး ဖြစ်လို့နေပါတယ်။ ခင်ပွန်းဖြစ်သူ ခွဲစိတ်ဖို့ကိုလည်း ပိုင်ဖြိုးသုကပဲ ကူညီပေးတာလို့ ဆိုပါတယ်။

ပိုင်ဖြိုးသုက နိုင်ငံခြားက ပြန်ရောက်ရောက်ချင်းမှာ နှိုင်းယှဉ်မြင့်မိုရ်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ပြောရင်းနဲ့ နှိုင်းယှဉ်ကလည်း သူမခံစားနေတာတွေကို ပိုင်ဖြိုးသုဆီ ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။ ခင်ပွန်းဖြစ်သူ ကိုဘင်းတစ်ယောက် ဂရင်ဂျီနာ ဖြစ်နေပေမယ့် ခွဲစိတ်ဖို့ မတတ်နိုင်တဲ့အကြောင်း ကို ပိုင်ဖြိုးသုကို ရင်ဖွင့်ခဲ့ရာ ခွဲစိတ်ဖို့ အားလုံးကို ပိုင်ဖြိုးသုက ကူညီပေးခဲ့တယ်လို့ သူမက ပြောပါတယ်။

“ကိုဘင်းက ခွဲစိတ်ရမှာ ဖြစ်နေတာ။ ဂရင်ဂျီနာ ဖြစ်နေတာ။ မခွဲဘဲ ဆက်ထားရင် ကင်ဆာလိုဖြစ်သွားမှာ။ ဟိုတစ်နေ့က ပိုင်ဖြိုးသု နိုင်ငံခြားက ပြန်လာတော့ အမတို့ကို ဟော့ပေ့ါ လိုက်တိုက်တယ်။ မကြီး အဆင်ပြေလား ဘာလားပြောရင်းနဲ့ အမလည်း ရင်ဖွင့်ရင်းနဲ့ ကိုဘင်းအကြောင်း ပြောပြပေ့ါ။ မခွဲနိုင်ဘူးပေ့ါ ဈေးတွေ အရမ်းများတော့လေ အဲ့လိုပြောတော့ မကြီးကလည်း သမီးကို ပြောပေ့ါ။ သမီးလုပ်ပေးမှာပေ့ါဆိုပြီး ဂျပန်ဆေးရုံကြီးက ပါမောက္ခကြီးနဲ့ ချိတ်ပေးလိုက်တာ”လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

ပိုင်ဖြိုးသုရဲ့ ကျေးဇူးကြောင့် ကိုဘင်းတစ်ယောက် ခွဲစိတ်ဖို့အတွက် အဆင်ပြေသွားခဲ့ပြီး စက်တင်ဘာ(၁၈) ရက်နေ့မှာ ခွဲစိတ်ရမယ်လို့ သူမက ဆိုပါတယ်။

“သုသုကူညီတာအရမ်းအဆင်ပြေတယ် ။ အင်္ဂါနေ့ ဆေးရုံတက် ဗုဒ္ဓဟုးနေ့ ခွဲစိတ်ရမယ်။ သုသုနဲ့ကိုဏကြီးကို အရမ်းကျေးဇူးတင်တယ်။ အစစအရာရာ ကူညီတဲ့အတွက် သူတို့နှစ်ယောက်စလုံးက စိတ်ထားလည်း အရမ်းကောင်းတဲ့ လင်မယား နှိုင်းယှဉ် အရမ်းကျေးဇူးတင်ပါတယ်” လို့ သူမက ဆိုပါတယ်။

ပိုင်ဖြိုးသုဟာ သူမတို့နဲ့ ဖက်လဲှတကင်းမပေါင်းပေမယ့်လည်း သူမတို့ လိုအပ်ချက်တွေဆိုအမြဲတမ်း ဖြည့်ဆည်းပေးတဲ့ အနုပညာညီအစ်မတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

“သူက တကယ်စိတ်ကောင်းရှိတယ်။သူ့အလုပ်လေး သူလုပ်ပြီး အနေအေးတယ်ဆိုပေမယ့် အမတို့ လိုအပ်တာလေးတွေကို အမြဲတမ်း ကူညီပေးတယ်။ သူဒီထက်လည်း အောင်မြင်ဦးမှာပါ။ သူနဲ့ လက်တွဲဖော် ကိုဏကြီးနဲ့လည်း အရမ်းလိုက်ဖက်တယ်။ရိုးသားတယ်။ ဖြူစင်တယ်။ ကူညီပြီးရင်လည်း မဏ္ဍပ်တိုင်မတက်ပြဘူး။ တကယ်စေတနာကောင်းတယ်”ဆိုပြီး ပိုင်ဖြိုးသုရဲ့ စိတ်ဓာတ်လေးကို ချီးကျူးစကား ပြောထားတာ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။ အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။

Credit : duwun

LEAVE A REPLY