Zawgyi ဖြင့်ဖတ်ရန်

 





Unicode ဖြင့်ဖတ်ရန်

ဒီကနေ့ကတော့နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် ပိုင်တံခွန်ရဲ့မွေးနေ့လေးဖြစ်ပါတယ်

ဒီနေ့ဟာဆိုရင် ပရိသတ်ရဲ့အချစ်တော် နှုတ်ခမ်းနီမလေးတွေရဲ့အသဲကျော် ပိုင်တံခွန်ရဲ့ ၂၃ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ သူဟာဆိုရင် မြန်မာနိုင်ငံမှာတင်မကပဲ ထိုင်းမလေးတွေရဲ့ အသဲစွဲနာမည်ကြီး မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။

သူ့ရဲ့မွေးနေ့မှာ မြန်မာနိုင်ငံက ပရိတ်သတ်တွေရော ထိုင်းနိုင်ငံက ပရိတ်သတ်တွေပါ မွေးနေ့မတိုင်ခင် ၃ ရက်လောက်တည်းက မိဘမဲ့ ဂေဟာတွေ ၊ ပိုင်ရှင်မဲ့ ကလေးတွေအတွက် ဂေဟာတွေ နဲ့ ဘုရားကျောင်းကန် အသီးသီးမှာ အလှူတွေပြုလုပ်ပေးခဲ့ကြပြီးပြီပဲဖြစ်ပါတယ်။ သူ့အနေနဲ့လည်း ဝမ်းသာ ဝမ်းနည်းဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဝမ်းနည်းရခြင်းက သူကိုယ်တိုင်မပါဝင်နိုင်ခဲ့တာကြောင့်လို့ ပြောခဲ့ပါတယ်။

ဒီနေ့မွေးနေ့ဖြစ်ပေမယ့်လည်း တနေ့လုံး ရူတင်မှာ အလုပ်ရှုပ်နေမှာမို့ တကယ်လို့များ Birthday Wishes တွေအတွက် reply မလုပ်နိုင်ခဲ့ရင် ခွင့်လွှတ်ပါဆိုပြီး ကြိုတင်တောင်းပန်ခဲ့ပါတယ်။

share from: burmese.asia

LEAVE A REPLY