Zawgyi ျဖင့္ဖတ္ရန္

 

ဒီစာအုပ္ထဲမွာေတာ့ ပဲရစ္ရဲ႕အေခ်ာဆုံးျပည့္တန္ဆာကိုေဖာ္ျပထားပါတယ္ ။

Kate Rochester ဆိုတဲ့ စာေပစိတ္ဝင္စားသူတစ္ေယာက္ဟာ သူ႔ေကာင္ေလးရဲ႕ စာၾကည့္တိုက္ကိုဝင္ေရာက္ၾကည့္ရႈရင္းနဲ႔ ေဟာင္းႏြမ္းေနတဲ့စာအုပ္တစ္အုပ္ကိုေတြ႕ရွိခဲ့ပါတယ္ ။ ဒါကေတာ့ ပဲရစ္ရဲ႕အလွပဆုံးအမ်ိဳးသမီးေတြအေၾကာင္းပါဝင္တဲ့ ၁၉ ရာစုကေဆာင္ၾကာၿမိဳင္လမ္းၫႊန္စာအုပ္ပါပဲ ။ ၁၈၈၃ ခႏွစ္မွာ Prefecture De Police ရဲဌာနက ထုတ္ေဝခဲ့တာျဖစ္ၿပီးေတာ့ ေရးသားသူကိုေတာ့မသိရွိရေသးပါဘူး ။

ဒီလမ္းၫႊန္စာအုပ္ထဲမွာေတာ့ စာေရးသူဟာ ျပည့္တန္ဆာေတြရဲ႕ ပုံသ႑ာန္နဲ႔ အထူးအရည္အခ်င္းေတြကိုထည့္ေရးထားပါတယ္ ။ ထို႔အျပင္ ဒီစာအုပ္ထဲမွာပါဝင္တဲ့အမ်ိဳးသမီးေတြရဲ႕ေနာက္ေၾကာင္းရာဇဝင္နဲ႔ သူတို႔ရဲ႕ ျပည့္တန္ဆာလုပ္ငန္းအေၾကာင္း သူတို႔သေဘာက်တဲ့အေဆာင္အေယာင္ေတြနဲ႔ သူတို႔ရဲ႕အိမ္ေမြးသတၱဝါေလးေတြအေၾကာင္းေတြေတာင္ပါဝင္ပါေသးတယ္ ။ စာအုပ္ေပါင္း ၁၆၉ အုပ္ပဲထုတ္ေဝခဲ့တဲ limited edition ျဖစ္ပါတယ္ ။ ဒီလက္ဆြဲစာအုပ္ဟာ ပဲရစ္ကိုလာေရာက္လည္ပတ္တဲ့ အဂၤလိပ္လူႀကီးမင္းေတြအတြက္ရည္႐ြယ္ၿပီးထုတ္လုပ္ခဲ့တာျဖစ္ပါတယ္ ။

နပိုလီယန္ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာ ျပင္သစ္ဟာတရားဝင္ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္ခြင့္ရရွိခဲ့ၿပီး အခုလိုလက္ဆြဲစာအုပ္စီစဥ္ထားတဲ့အတြက္ သူတို႔လိုခ်င္တဲ့ျပင္သစ္က လွပတဲ့ျပည့္တန္ဆာေတြကိုအလြယ္တကူေ႐ြးခ်ယ္ႏိုင္မွာပဲျဖစ္တယ္ ။ ၁၈၀၄ ခုႏွစ္ နပိုလီယန္ အုပ္ခ်ဳပ္တဲ့ကာလမွာ လိင္အလုပ္သမားေတြကိုတရားဝင္စာရင္းသြင္းၿပီးေတာ့ က်န္းမာေရးစစ္ေဆးမႈေတြလည္းျပဳလုပ္ဖို႔အမိန႔္ခ်မွတ္ခဲ့ပါတယ္ ။ ၅ ႏွစ္အၾကာမွာေတာ့ ပဲရစ္ၿမိဳ႕မွာ တရားဝင္ခြင့္ျပဳထားတဲ့ ေဆာင္ၾကာၿမိဳင္ေပါင္း ၁၈၀ ရွိလာပါတယ္ ။ ဥပေဒအရ ေဆာင္ၾကာၿမိဳင္တိုင္းဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာရွိရမယ္ ။ အုပ္ခ်ဳပ္တဲ့အမ်ိဳးသမီးဟာလည္းအရင္က ျပည့္တန္ဆာတစ္ေယာက္အျဖစ္အလုပ္လုပ္ခဲ့ရမယ္ ။ ေဆာင္ၾကာၿမိဳင္မန္ေနဂ်ာေတြဟာလည္း ထိုက္သင့္တဲ့ဝတ္စားဆင္ယင္မႈရွိရမယ္ ။ အခုေဖာ္ျပမယ့္ ျပည့္တန္ဆာေခ်ာ ၁၀ ေယာက္ကို တစ္ခ်က္ေလာက္ၾကည့္လိုက္ၾကပါဦး ။

1.Leontine Massin

 

Leontine ဟာ ျပင္သစ္ရဲ႕နာမည္အႀကီးဆုံးျပည့္တန္ဆာတစ္ေယာက္ျဖစ္ၿပီးေတာ့ အဂၤလန္ႏိုင္ငံရဲ႕ ဘုရင္ေလာင္း Edward VII နဲ႔ေတာင္အတူအိပ္ခဲ့ဖူးပါတယ္ ။ သူ႔ရဲ႕႐ုပ္ရည္ကေတာ့ အရပ္ပုပု တုတ္တုတ္ေလးျဖစ္ၿပီးေတာ့ ပါးေဖာင္းေဖာင္းေလးနဲ႔ ခ်စ္စရာမ်က္လုံးအျပာေရာင္ေလးရွိပါတယ္ ။ အသားအရည္ခပ္လတ္လတ္ျဖစ္ၿပီးေတာ့ ဆံပင္အနက္ေရာင္နဲ႔ ပန္းနီေရာင္ေျပာင္လဲ့လဲ့ႏႈတ္ခမ္းေလးရွိပါတယ္ ။

2. Louise Valtesse

Louise ကေတာ့ သူ႔ကိုယ္သူ လူတိုင္းကိုသုံးစြဲခြင့္ျပဳထားပါတယ္ ။ သူဟာဘယ္အမ်ိဳးသားကိုမွ မျငင္းဆန္ခဲ့ပါဘူး ။သူ႔ကိုေတာ့ အပါးနပ္ဆုံး ျပည့္တန္ဆာတစ္ေယာက္အျဖစ္ေျပာၾကပါတယ္ ။ သူ႔ရဲ႕ဝင္ေငြကို ယေန႔ေပါက္ေစ်းနဲ႔တြက္မယ္ဆိုရင္ေတာ့ ေဒၚလာ ၃သန္းေလာက္ရွာႏိုင္ခဲ့တဲ့ျပည့္တန္ဆာတစ္ေယာက္ပါ ။

3.Cora Peral

Cora ဟာ ၿဗိတိန္မွာ ေမြးဖြားခဲ့တဲ့ ျပည့္တန္ဆာတစ္ေယာက္ပဲျဖစ္ပါတယ္ ။ Cora ရဲ႕ဟာ အံ့ၾသစရာေကာင္းတဲ့ေကာင္းတဲ့ပုံစံမ်ိဳး ဒါမွမဟုတ္ ျမင္ရင္လန႔္သြားႏိုင္တဲ့ပုံစံမ်ိဳးဝတ္စားဆင္ယင္ေလ့ရွိပါတယ္ ။ သူဟာဆံပင္ေဆးဆိုးရတာကို သေဘာက်တဲ့သူလည္းျဖစ္တယ္ ။ တစ္ခါတုန္းကဆိုရင္ သူ႔ဆံပင္အေရာင္နဲ႔တူတဲ့့ေဆးေရာင္သုတ္ထားတဲ့ ျမင္းရထားစီးသြားတာလူေတြျမင္လိုက္ရပါတယ္ ။

4. Alice Loady

 

Alice ကိုေတြ႕ဖို႔အတြက္ လူႀကီးလူေကာင္းေတြဟာ 12 Rue D’Edimbourg ကိုလာေရာက္လည္ပတ္ေလ့ရွိပါတယ္ ။
Alice ဟာ အသက္ ၁၈ ႏွစ္မွာ ဒီဇာတ္ခုံေပၚေရာက္လာခဲ့တာျဖစ္ၿပီးေတာ့ တကယ္ကို သေဘာက်စရာေကာင္းတဲ့သ႐ုပ္ေဆာင္တစ္ေယာက္ပါပဲ ။ သူ႔အေၾကာင္းကိုေတာ့ –

” အႏုစားေတြကိုႀကိဳက္တဲ့သူေတြကေတာ့ သူ႔ကိုေတြ႕တဲ့အခါ႐ူးသြပ္သြားပါလိမ့္မယ္ ၊ မၾကာခင္မွာ သူဟာေခြၽးစီးေနတဲ့ ခႏၶာကိုယ္နဲ႔အမ်ိဳးသားေတြနဲ႔ အျဖဴေရာင္အႏွစ္ေတြၾကားမွာ ေရာက္ေနပါလိမ့္မယ္ ၊ ဒါေပမယ့္ အိတ္ထဲမွာေတာ့ ပိုက္ဆံအျပည့္ျဖည့္သြားလိမ့္မယ္” လို႔လမ္းၫႊန္ထဲမွာေရးသားထားပါတယ္ ၊ သူ႔ကိုထိုက္တန္တဲ့ေငြေၾကးအတိုင္းအတာတစ္ခုေပးရင္ေတာ့ သင္လုပ္ခိုင္းတာကိုသူလုပ္ေပးပါလိမ့္မယ္ ” လို ့ေရးသားထားပါတယ္ ။

5.Jeanne Aladie

 

သူကေတာ့ ငယ္စဥ္က ပညာေကာင္းေကာင္းမသင္ခဲ့ရပါဘူး.. ။ ဒါေပမယ့္ သူ႔ရဲ႕အမူအက်င့္ကေတာ့ အေကာင္းစားေတြကိုမွစားခ်င္ေသာက္ခ်င္တဲ့ လူႀကီးမင္းေတြအတြက္အႀကိဳက္ေတြ႕ေစမွာအမွန္ပါပဲ ။

6.Delpihine Delizy

သူကေတာ့အသက္၃၈ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ေပမယ့္ အမ်ိဳးသားေတြကေတာ့ သူ႔ကိုစြဲမက္ေနၾကတုန္းပါပဲ ။ “တာဝန္ခ်ိန္ေက်ာ္လြန္ေနေပမယ့္ စိတ္ဝင္စားစရာရႈေထာင့္တစ္ခုရွိေနေသးတယ္” လို႔လမ္းၫႊန္ထဲမွာေရးသားထားပါတယ္ ၿပီးေတာ့ ဒီနယ္ပယ္မွာသူမလုပ္ဖူးတဲ့ကိစၥ တစ္ခုမွမရွိပါဘူး ။

7. Leonide Leblanc

Rue d’Offemont နယ္ေျမ ၁ က သူတစ္ေယာက္ပါ ။ သူ႔ကိုေတာ့ “Celebrated Whole” လို႔လမ္းၫႊန္ထဲမွာေဖာ္ျပထားပါတယ္ ။ ဆယ္စုႏွစ္တစ္ခုစာေလာက္ေရပန္းစားခဲ့ၿပီးေတာ့ တစ္ညကို အမ်ိဳးသားတစ္ေယာက္ေတာ့ သူ႔အိပ္ယာေပၚမွာအၿမဲတမ္းရွိေနခဲ့ပါတယ္ ။

8.Alice Marot

Alice ကေတာ့ 4 Rue De Marignan ကပါ ။ သူကေတာ့ အရမ္းကံေကာင္းခဲ့တဲ့သူေလးတစ္ေယာက္ပါပဲ ။ နယ္ဘက္က ကဇာတ္႐ုံေတြမွာ အလုပ္လုပ္ၿပီးေနာက္ ပဲရစ္ကိုေရာက္လာခဲ့ၿပီးေတာ့ Palais Royal Theatre ဟာသူမရဲ႕အခ်စ္စက္ကြင္းႀကီးတစ္ခုျဖစ္လာပါေတာ့တယ္ ။

9.Ellen Andree

Ellen ကေတာ့ တျခားၿမိဳ႕ႀကီးေတြမွာေတြ႕ရတဲ့သူေတြလိုမ်ိဳးပဲအႏုပညာလက္ရာေတြကိုသေဘာက်တဲ့သူတစ္ေယာက္ျဖစ္ပါတယ္ ။ မၾကာခနဆိုသလိုလည္း အဝတ္အစားတိုတိုေလးေတြဝတ္ၿပီးသြားလာေနတာကိုေတြ႕ရေလ့ရွိပါတယ္ ။

10. Julia de Clery

Juila ကိုေတာ့ အမွတ္ ၁၆ Du Harvre မွာေတြ႕ႏိုင္ပါတယ္ ။ သူဟာ Les Rieuses (Merry Women) လို႔ေခၚတဲ့အဖြဲ႕ဝင္တစ္ေယာက္လည္းျဖစ္ပါတယ္ ။ ဒီအဖြဲ႕ဟာ အမ်ိဳးသမီးခ်င္းခ်စ္ႀကိဳက္တဲ့ ပါရွန္အမ်ိဳး သမီးသ႐ုပ္ေဆာင္ေတြဖြဲ႕ထားတဲ့အဖြဲ႕တစ္ဖြဲကျဖစ္ပါတယ္ ။ လတိုင္းညစာစားပြဲက်င္းပေလ့ရွိၿပီး တစ္ညအိပ္ၿပီးတဲ့အခါဘယ္အမ်ိဳးသားကေတာ့ဘယ္လို..ဘယ္သူနဲ႔ဘယ္လိုအိပ္ျဖစ္ခဲ့တယ္ဆိုတာေတြေျပာေလ့ရွိၾကတယ္ ။

ေအပရယ္ ၆ ရက္ေန႔ ၂၀၁၆ ခုႏွစ္မတိုင္ခင္အထိျပင္သစ္မွာ ျပည့့္တန္ဆာလုပ္ငန္းဟာတရားဝင္ျဖစ္ခဲ့တယ္ ။ အဲ့ဒီအခ်ိန္ေနာက္ပိုင္းမွာေတာ့ ဒီကိစၥကို တရားမဝင္ကိစၥအျဖစ္သတ္မွတ္ခဲ့ၿပီးေတာ့ ေပ်ာ္ပါးတဲ့သူေတြကိုလည္း ေဒၚလာ ၁၅၀၀အထိဒဏ္ေၾကးခ်မွတ္ခဲ့ပါတယ္ ။

Writer_Min Thu ( XYZ NEWS )

Unicode ဖြင့်ဖတ်ရန်

၁၉ ရာစု ပြင်သစ်နိုင်ငံရဲ့အလှဆုံး အပျော်မယ်များ နှင့် ၎င်းတို့ရဲ့ထူးခွန်တဲ့ အရည်အချင်းများ

ဒီစာအုပ်ထဲမှာတော့ ပဲရစ်ရဲ့အချောဆုံးပြည့်တန်ဆာကိုဖော်ပြထားပါတယ် ။

Kate Rochester ဆိုတဲ့ စာပေစိတ်ဝင်စားသူတစ်ယောက်ဟာ သူ့ကောင်လေးရဲ့ စာကြည့်တိုက်ကိုဝင်ရောက်ကြည့်ရှုရင်းနဲ့ ဟောင်းနွမ်းနေတဲ့စာအုပ်တစ်အုပ်ကိုတွေ့ရှိခဲ့ပါတယ် ။ ဒါကတော့ ပဲရစ်ရဲ့အလှပဆုံးအမျိုးသမီးတွေအကြောင်းပါဝင်တဲ့ ၁၉ ရာစုကဆောင်ကြာမြိုင်လမ်းညွှန်စာအုပ်ပါပဲ ။ ၁၈၈၃ ခနှစ်မှာ Prefecture De Police ရဲဌာနက ထုတ်ဝေခဲ့တာဖြစ်ပြီးတော့ ရေးသားသူကိုတော့မသိရှိရသေးပါဘူး ။

ဒီလမ်းညွှန်စာအုပ်ထဲမှာတော့ စာရေးသူဟာ ပြည့်တန်ဆာတွေရဲ့ ပုံသဏ္ဍာန်နဲ့ အထူးအရည်အချင်းတွေကိုထည့်ရေးထားပါတယ် ။ ထို့အပြင် ဒီစာအုပ်ထဲမှာပါဝင်တဲ့အမျိုးသမီးတွေရဲ့နောက်ကြောင်းရာဇဝင်နဲ့ သူတို့ရဲ့ ပြည့်တန်ဆာလုပ်ငန်းအကြောင်း သူတို့သဘောကျတဲ့အဆောင်အယောင်တွေနဲ့ သူတို့ရဲ့အိမ်မွေးသတ္တဝါလေးတွေအကြောင်းတွေတောင်ပါဝင်ပါသေးတယ် ။ စာအုပ်ပေါင်း ၁၆၉ အုပ်ပဲထုတ်ဝေခဲ့တဲ limited edition ဖြစ်ပါတယ် ။ ဒီလက်ဆွဲစာအုပ်ဟာ ပဲရစ်ကိုလာရောက်လည်ပတ်တဲ့ အင်္ဂလိပ်လူကြီးမင်းတွေအတွက်ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ် ။

နပိုလီယန်ရဲ့အုပ်ချုပ်မှုအောက်မှာ ပြင်သစ်ဟာတရားဝင်ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိခဲ့ပြီး အခုလိုလက်ဆွဲစာအုပ်စီစဉ်ထားတဲ့အတွက် သူတို့လိုချင်တဲ့ပြင်သစ်က လှပတဲ့ပြည့်တန်ဆာတွေကိုအလွယ်တကူရွေးချယ်နိုင်မှာပဲဖြစ်တယ် ။ ၁၈၀၄ ခုနှစ် နပိုလီယန် အုပ်ချုပ်တဲ့ကာလမှာ လိင်အလုပ်သမားတွေကိုတရားဝင်စာရင်းသွင်းပြီးတော့ ကျန်းမာရေးစစ်ဆေးမှုတွေလည်းပြုလုပ်ဖို့အမိန့်ချမှတ်ခဲ့ပါတယ် ။ ၅ နှစ်အကြာမှာတော့ ပဲရစ်မြို့မှာ တရားဝင်ခွင့်ပြုထားတဲ့ ဆောင်ကြာမြိုင်ပေါင်း ၁၈၀ ရှိလာပါတယ် ။ ဥပဒေအရ ဆောင်ကြာမြိုင်တိုင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့အုပ်ချုပ်မှုအောက်မှာရှိရမယ် ။ အုပ်ချုပ်တဲ့အမျိုးသမီးဟာလည်းအရင်က ပြည့်တန်ဆာတစ်ယောက်အဖြစ်အလုပ်လုပ်ခဲ့ရမယ် ။ ဆောင်ကြာမြိုင်မန်နေဂျာတွေဟာလည်း ထိုက်သင့်တဲ့ဝတ်စားဆင်ယင်မှုရှိရမယ် ။ အခုဖော်ပြမယ့် ပြည့်တန်ဆာချော ၁၀ ယောက်ကို တစ်ချက်လောက်ကြည့်လိုက်ကြပါဦး ။

1.Leontine Massin

Leontine ဟာ ပြင်သစ်ရဲ့နာမည်အကြီးဆုံးပြည့်တန်ဆာတစ်ယောက်ဖြစ်ပြီးတော့ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်လောင်း Edward VII နဲ့တောင်အတူအိပ်ခဲ့ဖူးပါတယ် ။ သူ့ရဲ့ရုပ်ရည်ကတော့ အရပ်ပုပု တုတ်တုတ်လေးဖြစ်ပြီးတော့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာမျက်လုံးအပြာရောင်လေးရှိပါတယ် ။ အသားအရည်ခပ်လတ်လတ်ဖြစ်ပြီးတော့ ဆံပင်အနက်ရောင်နဲ့ ပန်းနီရောင်ပြောင်လဲ့လဲ့နှုတ်ခမ်းလေးရှိပါတယ် ။

2. Louise Valtesse

Louise ကတော့ သူ့ကိုယ်သူ လူတိုင်းကိုသုံးစွဲခွင့်ပြုထားပါတယ် ။ သူဟာဘယ်အမျိုးသားကိုမှ မငြင်းဆန်ခဲ့ပါဘူး ။
သူ့ကိုတော့ အပါးနပ်ဆုံး ပြည့်တန်ဆာတစ်ယောက်အဖြစ်ပြောကြပါတယ် ။ သူ့ရဲ့ဝင်ငွေကို ယနေ့ပေါက်ဈေးနဲ့တွက်မယ်ဆိုရင်တော့ ဒေါ်လာ ၃သန်းလောက်ရှာနိုင်ခဲ့တဲ့ပြည့်တန်ဆာတစ်ယောက်ပါ ။

3.Cora Peral

Cora ဟာ ဗြိတိန်မှာ မွေးဖွားခဲ့တဲ့ ပြည့်တန်ဆာတစ်ယောက်ပဲဖြစ်ပါတယ် ။ Cora ရဲ့ဟာ အံ့သြစရာကောင်းတဲ့ကောင်းတဲ့ပုံစံမျိုး ဒါမှမဟုတ် မြင်ရင်လန့်သွားနိုင်တဲ့ပုံစံမျိုးဝတ်စားဆင်ယင်လေ့ရှိပါတယ် ။ သူဟာဆံပင်ဆေးဆိုးရတာကို သဘောကျတဲ့သူလည်းဖြစ်တယ် ။ တစ်ခါတုန်းကဆိုရင် သူ့ဆံပင်အရောင်နဲ့တူတဲ့ဆေးရောင်သုတ်ထားတဲ့ မြင်းရထားစီးသွားတာလူတွေမြင်လိုက်ရပါတယ် ။

4. Alice Loady

Alice ကိုတွေ့ဖို့အတွက် လူကြီးလူကောင်းတွေဟာ 12 Rue D’Edimbourg ကိုလာရောက်လည်ပတ်လေ့ရှိပါတယ် ။
Alice ဟာ အသက် ၁၈ နှစ်မှာ ဒီဇာတ်ခုံပေါ်ရောက်လာခဲ့တာဖြစ်ပြီးတော့ တကယ်ကို သဘောကျစရာကောင်းတဲ့သရုပ်ဆောင်တစ်ယောက်ပါပဲ ။ သူ့အကြောင်းကိုတော့ –

” အနုစားတွေကိုကြိုက်တဲ့သူတွေကတော့ သူ့ကိုတွေ့တဲ့အခါရူးသွပ်သွားပါလိမ့်မယ် ၊ မကြာခင်မှာ သူဟာချွေးစီးနေတဲ့ ခန္ဓာကိုယ်နဲ့အမျိုးသားတွေနဲ့ အဖြူရောင်အနှစ်တွေကြားမှာ ရောက်နေပါလိမ့်မယ် ၊ ဒါပေမယ့် အိတ်ထဲမှာတော့ ပိုက်ဆံအပြည့်ဖြည့်သွားလိမ့်မယ်” လို့လမ်းညွှန်ထဲမှာရေးသားထားပါတယ် ၊ သူ့ကိုထိုက်တန်တဲ့ငွေကြေးအတိုင်းအတာတစ်ခုပေးရင်တော့ သင်လုပ်ခိုင်းတာကိုသူလုပ်ပေးပါလိမ့်မယ် ” လို့ရေးသားထားပါတယ် ။

5.Jeanne Aladie

သူကတော့ ငယ်စဉ်က ပညာကောင်းကောင်းမသင်ခဲ့ရပါဘူး.. ။ ဒါပေမယ့် သူ့ရဲ့အမူအကျင့်ကတော့ အကောင်းစားတွေကိုမှစားချင်သောက်ချင်တဲ့ လူကြီးမင်းတွေအတွက်အကြိုက်တွေ့စေမှာအမှန်ပါပဲ ။

6.Delpihine Delizy

သူကတော့အသက်၃၈ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် အမျိုးသားတွေကတော့ သူ့ကိုစွဲမက်နေကြတုန်းပါပဲ ။ “တာဝန်ချိန်ကျော်လွန်နေပေမယ့် စိတ်ဝင်စားစရာရှုထောင့်တစ်ခုရှိနေသေးတယ်” လို့လမ်းညွှန်ထဲမှာရေးသားထားပါတယ် ပြီးတော့ ဒီနယ်ပယ်မှာသူမလုပ်ဖူးတဲ့ကိစ္စ တစ်ခုမှမရှိပါဘူး ။

7. Leonide Leblanc

Rue d’Offemont နယ်မြေ ၁ က သူတစ်ယောက်ပါ ။ သူ့ကိုတော့ “Celebrated Whole” လို့လမ်းညွှန်ထဲမှာဖော်ပြထားပါတယ် ။ ဆယ်စုနှစ်တစ်ခုစာလောက်ရေပန်းစားခဲ့ပြီးတော့ တစ်ညကို အမျိုးသားတစ်ယောက်တော့ သူ့အိပ်ယာပေါ်မှာအမြဲတမ်းရှိနေခဲ့ပါတယ် ။

8.Alice Marot

Alice ကတော့ 4 Rue De Marignan ကပါ ။ သူကတော့ အရမ်းကံကောင်းခဲ့တဲ့သူလေးတစ်ယောက်ပါပဲ ။ နယ်ဘက်က ကဇာတ်ရုံတွေမှာ အလုပ်လုပ်ပြီးနောက် ပဲရစ်ကိုရောက်လာခဲ့ပြီးတော့ Palais Royal Theatre ဟာသူမရဲ့အချစ်စက်ကွင်းကြီးတစ်ခုဖြစ်လာပါတော့တယ် ။

9.Ellen Andree

Ellen ကတော့ တခြားမြို့ကြီးတွေမှာတွေ့ရတဲ့သူတွေလိုမျိုးပဲအနုပညာလက်ရာတွေကိုသဘောကျတဲ့သူတစ်ယောက်ဖြစ်ပါတယ် ။ မကြာခနဆိုသလိုလည်း အဝတ်အစားတိုတိုလေးတွေဝတ်ပြီးသွားလာနေတာကိုတွေ့ရလေ့ရှိပါတယ် ။

10. Julia de Clery

Juila ကိုတော့ အမှတ် ၁၆ Du Harvre မှာတွေ့နိုင်ပါတယ် ။ သူဟာ Les Rieuses (Merry Women) လို့ခေါ်တဲ့အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ် ။ ဒီအဖွဲ့ဟာ အမျိုးသမီးချင်းချစ်ကြိုက်တဲ့ ပါရှန်အမျိုး သမီးသရုပ်ဆောင်တွေဖွဲ့ထားတဲ့အဖွဲ့တစ်ဖွဲကဖြစ်ပါတယ် ။ လတိုင်းညစာစားပွဲကျင်းပလေ့ရှိပြီး တစ်ညအိပ်ပြီးတဲ့အခါဘယ်အမျိုးသားကတော့ဘယ်လို..ဘယ်သူနဲ့ဘယ်လိုအိပ်ဖြစ်ခဲ့တယ်ဆိုတာတွေပြောလေ့ရှိကြတယ် ။

အေပရယ် ၆ ရက်နေ့ ၂၀၁၆ ခုနှစ်မတိုင်ခင်အထိပြင်သစ်မှာ ပြည့်တန်ဆာလုပ်ငန်းဟာတရားဝင်ဖြစ်ခဲ့တယ် ။ အဲ့ဒီအချိန်နောက်ပိုင်းမှာတော့ ဒီကိစ္စကို တရားမဝင်ကိစ္စအဖြစ်သတ်မှတ်ခဲ့ပြီးတော့ ပျော်ပါးတဲ့သူတွေကိုလည်း ဒေါ်လာ ၁၅၀၀အထိဒဏ်ကြေးချမှတ်ခဲ့ပါတယ် ။

Writer_Min Thu ( XYZ NEWS )

LEAVE A REPLY