Zawgyi ျဖင့္ဖတ္ရန္

ေခတ္သစ္ေဆးဝါးေတြနဲ႔ ေဆးကုသနည္းေတြ တိုးတက္လာတာနဲ႔ အမွ် လူ႔သက္တမ္းေတြဟာ တျဖည္းျဖည္း ရွည္လာၾကၿပီ။ လူ႔သက္တမ္း ရွည္လာလို႔ ေကာင္းက်ိဳးေတြ မ်ားလာသလိုပဲ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ သက္ႀကီး႐ြယ္အို အေရအတြက္ မ်ားျပားလာတာပဲ ျဖစ္ပါတယ္။ သက္ႀကီး႐ြယ္အို အေရအတြက္ မ်ားျပားလွာတာနဲ႔အမွ် ေစာင့္ေရွာက္ဖို႔ ပိုလိုအပ္လာပါတယ္။ အစိုးရေတြဟာ သက္ႀကီး႐ြယ္အိုေတြနဲ႔ ပတ္သက္လို႔ မူဝါဒ အမ်ိဳးမ်ိဳးေတြ ခ်မွတ္ၿပီး ေစာင့္ေရွာက္ေနၾကပါတယ္။ ဂ်ပန္ ႏိုင္ငံဟာ လူဦးေရ အခ်ိဳးအစားနဲ႔ ႏႈိင္းယွဥ္ရင္ ကမာၻေပၚမွာ သက္ႀကီး႐ြယ္အို အမ်ားဆုံး ႏိုင္ငံ ျဖစ္ပါတယ္။ သူတို႔ ႏိုင္ငံမွာ ေမြးဖြားမႈႏႈန္းက နည္းပါးၿပီး ေသဆုံးမႈႏႈန္းကလည္း နည္းပါးတဲ့အတြက္ သက္ႀကီး႐ြယ္အို ပမာဏ အမ်ားအျပား တိုးတက္လာတာပဲ ျဖစ္ပါတယ္။ မ်ားျပားလာတဲ့ သက္ႀကီး႐ြယ္အိုေတြကို ေစာင့္ေရွာက္ဖို႔ ျပည္တြင္းက လုပ္သားအင္အားေတြနဲ႔ မလုံေလာက္တဲ့အခါ ကြၽန္ေတာ္တို႔ ႏိုင္ငံက လုပ္သားေတြကိုပါ သက္ႀကီးေစာင့္ေရွာက္ေရးလုပ္ဖို႔ ေခၚေဆာင္ၾက ရပါတယ္။

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာေတာ့ သက္ႀကီး႐ြယ္အိုမူဝါဒ ရွိေပမယ့္လည္း ထိေရာက္ေအာင္ အေကာင္အထည္ မေဖာ္ႏိုင္ေသးတာ ေတြ႕ရပါတယ္။ အသက္ ၈၅ ႏွစ္အ႐ြယ္ အဘိုးအဘြား တဦးကို တလမွာ က်ပ္တေသာင္းႏႈန္းထားသာ ေထာက္ပံ့ႏိုင္ပါေသးတယ္။ အစိုးရအေနနဲ႔ ဘိုးဘြားရိပ္သာေတြ အမ်ားအျပားကိုလည္း မဖြင့္ႏိုင္ေသးပါဘူး။ ပရဟိတ အသင္းအဖြဲ႕ေတြအေနနဲ႔ အစိုးရရဲ႕ လစ္ဟာေနတဲ့ အခန္းက႑ကို ႏိုင္သေလာက္ ျဖည့္ဆည္းေနေပမယ့္ ျပည့္စုံ လုံေလာက္ျခင္းေတာ့ မရွိပါဘူး။ အဲဒါေၾကာင့္ ျမန္မာႏိုင္ငံက သက္ႀကီး႐ြယ္အိုေတြရဲ႕ ဘဝဟာ စာနာ သနားဖို႔ အလြန္ေကာင္းပါတယ္။ သားသမီး ကံေကာင္းတဲ့သူေတြကေတာ့ အဆင္ေျပႏိုင္ေပမယ့္ ေဆြမ်ိဳးမရွိတဲ့ သက္ႀကီး႐ြယ္အိုေတြကေတာ့ ကိုယ့္ဝမ္းစာကို ကိုယ္ရွာေဖြရင္း ဘဝရဲ႕ ေနဝင္ခ်ိန္ေတြကို ျဖတ္သန္းေနရပါတယ္။

အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔လို သာမန္ျပည္သူေတြအေနနဲ႔ လမ္းေပၚမွာ အသက္ႀကီးတဲ့ အဘိုးအဘြားေတြ တခုခု ေရာင္းေနတာေတြ႕ရင္ ကိုယ့္အတြက္ လိုလို မလိုလို ဝယ္ယူအားေပးလိုက္ၾကပါ။ ေအာက္မွာ ေဖာ္ျပထားတဲ့ အဖိုးကိုေတြ႕ရင္လည္း သူ႔ကို ပိုက္ဆံ ဒီအတိုင္း ေပးတာထက္ သူေရာင္းတဲ့ ပစၥည္းေတြကို ဝယ္ယူအားေပးလိုက္ၾကပါ ခင္ဗ်ာလို႔ တိုက္တြန္းလိုက္ရပါတယ္။ ပုစြန္ေတာင္ ေ႐ႊဘုန္းပြင့္ ဘုရားေရွ႕က အဘိုးရဲ႕ အေၾကာင္းကို ေအာက္မွာ ေဖာ္ျပလိုက္ပါတယ္-

ဒီေန႔ရင္ထဲထိေသာပုံေလး တစ္ပုံ၊ အာ့အဖိုးကို ေ႐ႊဘုန္းပြင့္ဘုရား ေရွ႕မွာေတြ႕ရင္ သူ႔ဆီက အေခြေလးေတြရယ္ ထီေလးေတြရယ္ ဝယ္ၿပီးကုသိုလ္ယူလိုက္ပါေနာ္ အဖိုးမွာ မိသားစုလည္းမရွိဘူး ေဆြမ်ိဳးလည္းမရွိဘူး။ သူေတ်ာက္တည္းႀကဳံသလိုေနေနရတာပါ။ ဟိုးအရင္က ႏိုင္ငံေရးလုပ္တယ္ ေထာင္ထဲမွာအ႐ိုက္အႏွက္ခံရတယ္ၾကားတယ္ အသက္လည္းႀကီးလာေတာ့ခါးကအရမ္းကုန္းေနတာ။ ခါးကလည္းအရမ္းကုန္းၿပီး ေနပူထဲမွာ အဆင္ေျပသလို အေခြေလးေတြ ပစၥည္းေလးေတြေရာင္းေနရတာ။ သူ႔ခမ်ာ အိပ္ခ်င္တာေတာင္ ႀကဳံသလိုငိုက္ေနရွာတယ္ ထီ ၁ေစာင္ ၁ေထာင္နဲ႔ဝယ္ၿပီး ၁ေထာင္နဲ႔ ျပန္ေရာင္းေတာ့ အဘမျမတ္ပဲနဲ႔ဘာလို႔လဲလို႔ေမးေတာ့..ေရာင္းရရင္ေပ်ာ္တယ္တဲ့ သူ႔မွာအရင္းလည္းမရွိဘူးထင္ပါတယ္။ ဒီအသက္အ႐ြယ္မွာ ဒီလိုေလးေနရတာတကယ္ရင္ထဲမေကာင္းျဖစ္မိတယ္။

share from :burmese.asia

Unicode ဖြင့်ဖတ်ရန်

ပုစွန်တောင်က ဒီအဘကို တွေ့ရင် သူရောင်းတဲ့ ပစ္စည်းလေးတွေ အားပေးလိုက်ကြပါဗျ

ခေတ်သစ်ဆေးဝါးတွေနဲ့ ဆေးကုသနည်းတွေ တိုးတက်လာတာနဲ့ အမျှ လူ့သက်တမ်းတွေဟာ တဖြည်းဖြည်း ရှည်လာကြပြီ။ လူ့သက်တမ်း ရှည်လာလို့ ကောင်းကျိုးတွေ များလာသလိုပဲ ဘေးထွက်ဆိုးကျိုးအနေနဲ့ သက်ကြီးရွယ်အို အရေအတွက် များပြားလာတာပဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အို အရေအတွက် များပြားလှာတာနဲ့အမျှ စောင့်ရှောက်ဖို့ ပိုလိုအပ်လာပါတယ်။ အစိုးရတွေဟာ သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်လို့ မူဝါဒ အမျိုးမျိုးတွေ ချမှတ်ပြီး စောင့်ရှောက်နေကြပါတယ်။ ဂျပန် နိုင်ငံဟာ လူဦးရေ အချိုးအစားနဲ့ နှိုင်းယှဉ်ရင် ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အို အများဆုံး နိုင်ငံ ဖြစ်ပါတယ်။ သူတို့ နိုင်ငံမှာ မွေးဖွားမှုနှုန်းက နည်းပါးပြီး သေဆုံးမှုနှုန်းကလည်း နည်းပါးတဲ့အတွက် သက်ကြီးရွယ်အို ပမာဏ အများအပြား တိုးတက်လာတာပဲ ဖြစ်ပါတယ်။ များပြားလာတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ ပြည်တွင်းက လုပ်သားအင်အားတွေနဲ့ မလုံလောက်တဲ့အခါ ကျွန်တော်တို့ နိုင်ငံက လုပ်သားတွေကိုပါ သက်ကြီးစောင့်ရှောက်ရေးလုပ်ဖို့ ခေါ်ဆောင်ကြ ရပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သက်ကြီးရွယ်အိုမူဝါဒ ရှိပေမယ့်လည်း ထိရောက်အောင် အကောင်အထည် မဖော်နိုင်သေးတာ တွေ့ရပါတယ်။ အသက် ၈၅ နှစ်အရွယ် အဘိုးအဘွား တဦးကို တလမှာ ကျပ်တသောင်းနှုန်းထားသာ ထောက်ပံ့နိုင်ပါသေးတယ်။ အစိုးရအနေနဲ့ ဘိုးဘွားရိပ်သာတွေ အများအပြားကိုလည်း မဖွင့်နိုင်သေးပါဘူး။ ပရဟိတ အသင်းအဖွဲ့တွေအနေနဲ့ အစိုးရရဲ့ လစ်ဟာနေတဲ့ အခန်းကဏ္ဍကို နိုင်သလောက် ဖြည့်ဆည်းနေပေမယ့် ပြည့်စုံ လုံလောက်ခြင်းတော့ မရှိပါဘူး။ အဲဒါကြောင့် မြန်မာနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘဝဟာ စာနာ သနားဖို့ အလွန်ကောင်းပါတယ်။ သားသမီး ကံကောင်းတဲ့သူတွေကတော့ အဆင်ပြေနိုင်ပေမယ့် ဆွေမျိုးမရှိတဲ့ သက်ကြီးရွယ်အိုတွေကတော့ ကိုယ့်ဝမ်းစာကို ကိုယ်ရှာဖွေရင်း ဘဝရဲ့ နေဝင်ချိန်တွေကို ဖြတ်သန်းနေရပါတယ်။

အဲဒါကြောင့် ကျွန်တော်တို့လို သာမန်ပြည်သူတွေအနေနဲ့ လမ်းပေါ်မှာ အသက်ကြီးတဲ့ အဘိုးအဘွားတွေ တခုခု ရောင်းနေတာတွေ့ရင် ကိုယ့်အတွက် လိုလို မလိုလို ဝယ်ယူအားပေးလိုက်ကြပါ။ အောက်မှာ ဖော်ပြထားတဲ့ အဖိုးကိုတွေ့ရင်လည်း သူ့ကို ပိုက်ဆံ ဒီအတိုင်း ပေးတာထက် သူရောင်းတဲ့ ပစ္စည်းတွေကို ဝယ်ယူအားပေးလိုက်ကြပါ ခင်ဗျာလို့ တိုက်တွန်းလိုက်ရပါတယ်။ ပုစွန်တောင် ရွှေဘုန်းပွင့် ဘုရားရှေ့က အဘိုးရဲ့ အကြောင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

ဒီနေ့ရင်ထဲထိသောပုံလေး တစ်ပုံ၊ အာ့အဖိုးကို ရွှေဘုန်းပွင့်ဘုရား ရှေ့မှာတွေ့ရင် သူ့ဆီက အခွေလေးတွေရယ် ထီလေးတွေရယ် ဝယ်ပြီးကုသိုလ်ယူလိုက်ပါနော် အဖိုးမှာ မိသားစုလည်းမရှိဘူး ဆွေမျိုးလည်းမရှိဘူး။ သူတျောက်တည်းကြုံသလိုနေနေရတာပါ။ ဟိုးအရင်က နိုင်ငံရေးလုပ်တယ် ထောင်ထဲမှာအရိုက်အနှက်ခံရတယ်ကြားတယ် အသက်လည်းကြီးလာတော့ခါးကအရမ်းကုန်းနေတာ။ ခါးကလည်းအရမ်းကုန်းပြီး နေပူထဲမှာ အဆင်ပြေသလို အခွေလေးတွေ ပစ္စည်းလေးတွေရောင်းနေရတာ။ သူ့ခမျာ အိပ်ချင်တာတောင် ကြုံသလိုငိုက်နေရှာတယ် ထီ ၁စောင် ၁ထောင်နဲ့ဝယ်ပြီး ၁ထောင်နဲ့ ပြန်ရောင်းတော့ အဘမမြတ်ပဲနဲ့ဘာလို့လဲလို့မေးတော့..ရောင်းရရင်ပျော်တယ်တဲ့ သူ့မှာအရင်းလည်းမရှိဘူးထင်ပါတယ်။ ဒီအသက်အရွယ်မှာ ဒီလိုလေးနေရတာတကယ်ရင်ထဲမကောင်းဖြစ်မိတယ်။

share from :burmese.asia

LEAVE A REPLY