Zawgyi ဖြင့်ဖတ်ရန်






 

Unicode ဖြင့်ဖတ်ရန်

လမ်းလျှောက်ရင်း ဖုန်းသုံး တတ်သူတွေ သတိထားရမယ့် စင်ကာပူ နိုင်ငံ လမ်းပေါ်က ထူးထူးခြားခြား စက်

စင်္ကာပူနိုင်ငံဟာ ဆိုရင် စီးပွားရေးနိုင်ငံလို့ လူသိများပြီးတော့ တိုးတက်မှုမြင့်မားပြီး ပညာရေး ကောင်းမွန်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးချိန်မှာ စင်္ကာပူ ဝန်ကြီးချုပ် လီကွမ်းယုောတင် လာရောက်လေ့လာခဲ့ရပေမယ့် အခုတော့ တခြားစီဖြစ်ခဲ့အောင် စင်္ကာပူက စွမ်းဆောင်နိုင်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံဟာ လူပေါင်းစုံ စုရုံးလုပ်ကိုင်နေကြတဲ့ နိုင်ငံဆိုလည်း မမှားပါဘူး ။ အထူးသဖြင့် မြန်မာ ၊ တရုတ် ၊ မလေးရှား စတဲ့ နိုင်ငံသားများပေမယ့်လည်း စင်္ကာပူကတော့ အားလုံးကို တင်းကြပ်တဲ့ စည်းကမ်းနဲ့စည်းနှောင်ထားနိုင်တာ တွေ့ရပါတယ်။

ကွမ်းတဗျစ်ဗျစ်ထွေးတတ်တဲ့ မြန်မာတွေဟာ စင်္ကာပူမှာဆို ဘယ်သူမှ မထွေးရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒဏ်ငွေ နဲ့ ကြိမ်ဒဏ်က စောင့်ကြိုနေလို့ ဖြစ်ပါတယ်။ ဒီလိုတွေ လုပ်နေပေမယ့် စင်္ကာပူအစိုးရကို ပြည်သူတွေက အပြစ်ပြောသံ မကြားရပါဘူး ။ ဘာကြောင့်လည်း ဆိုတော့ စင်္ကာပူနိုင်ငံ တိုးတက်ရေးအတွက် ပဲ မဟုတ်ပါလား။ အခုလည်း တိုးတက်လာတဲ့ ခေတ်မှာ ပြည်သူတွေဟာ ကားလမ်းကူးတဲ့အခါ ဖုန်းကိုသာ ကြည့်နေကြပြီး ကားကို မကြည့်တဲ့အတွက် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနှုန်းမြင့်လာတာကြောင့် စကာင်္ပူ အစိုးရက အစီအစဉ် သစ်တစ်ရပ် ချမှတ်လိုက်ပြန်ပါတယ်။

ဒါကတော့ နည်းပညာနဲ့ ပေါင်းစပ်ထားပြီးတော့ လမ်းလျှောက်ရင်း ၊ ကားလမ်းကူးရင်း ဖုန်းသုံးတဲ့ သူတွေကို ကမ်မရာနဲ့ မှတ်တမ်းတင်သွားမှာ ဖြစ်ပြီးတော့ ၊ ဒီမှတ်တမ်းကိုလည်း သက်ဆိုင်ရာ နယ်မြေခံ တာဝန်ရှိသူတွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒဏ်ငွေစာရွက်က အလုပ်ကို အလိုလျောက် ရောက်လာမှာပါတဲ့။

ကဲ ..ဘယ်လောက်တောင် ကောင်းလိုက်သလဲနော်။ ဒါကြောင့် စင်္ကာပူမှာ နေတဲ့ မြန်မာတို့လည်း သတိထားနိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်..။

Writer- SMT(Shwe Yaung Lan)

LEAVE A REPLY