Zawgyi ဖြင့်ဖတ်ရန်

 



 






Unicode ဖြင့်ဖတ်ရန်

ဖြိုးမြတ်အောင်ကို “မြမြ” ရုပ်ရှင်ဇာတ်ကားရဲ့ အဓိကမင်းသားအဖြစ် တရားဝင်ကြေငြာ

လူမှုကွန်ယက်မှာ အရမ်းကို နာမည်ကြီးနေတဲ့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးသွားမယ့် မြမြရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကမင်းသားကတော့ တရားဝင် ထွက်ပေါ်လာခဲ့ပါပြီ။ အားလုံးက မထင်မှတ်ထားတဲ့ မြမြရုပ်ရှင်ရဲ့ အဓိက မင်းသားကတော့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ပရိသတ်အချစ်တော် လေး ဖြိုးမြတ်အောင်ပါတဲ့နော်။ အဆိုပါသတင်းကိုကြားကြားချင်း ပရိသတ်တွေအကုန်လုံးက အရမ်းကို အံ့အားသင့်ခဲ့ကြရတာပါနော်။

ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင်ကို “မြမြ” ရုပ်ရှင်ဇာတ်ကားရဲ့ အဓိကမင်းသားအဖြစ် တရားဝင်ကြေငြာခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြမြ ရုပ်ရှင်က တာဝန်ရှိသူတစ်ဦးကတော့ “မြမြ ရုပ်ရှင်ကားရဲ့မင်းသားပရိသတ်တောင်းဆိုမှုအများဆုံးအမျိုးသားတေးသံရှင်ဆုပိုင်ရှင်၊ Myanmar Idol 2018 Winner ဖြိုးမြတ်အောင် မနေ့ကပေးထားတဲ့သဲလွန်စများဒေါက်တာလူကြီးတစ်ဦး – စီးပွားရေးဒေါက်တာဘွဲ့ရ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် – ဦးဖြိုးမင်းသိန်း ရုပ်ရှင်မင်းသားတစ်ဦး – ဖြိုးငွေစိုး မင်းသမီးယောက်ျားတစ်ဦး – ဖြိုးကြီး မင်းသမီးရည်းစားတစ်ဦး – ဖြိုးလေးအဆိုတော်တစ်ဦး – ဖြိုးပြည့်စုံ၊ ၎င်းတို့၏နာမည်အစစာလုံးမှာတူနေတာကတော့ ဖြိုး ဖြစ်ပါတယ်၊ ဦးဖြိုးမင်းသိန်းအစား ဒေါက်တာဖြိုးသီဟ လို့သဲလွန်စကောက်ယူခဲ့ကြသူများကိုလည်း အမှန်ပေးထားပါတယ်

၊ဖြိုးမြတ်အောင် အဲဒီသဲလွန်စများအပြင် အောက်ဆုံးစာပိုဒ်မှာ ဖြိုးမြတ်အောင်ရဲ့ ထွက်ရှိတော့မယ့် Album သင့်အတွက်မနက်ဖြန် ကိုရည်ရွယ်ပြီး မနက်ဖြန်ကသင့်အတွက်ပါ လို့ထည့်ရေးပြထားပေးခဲ့ပါသေးတယ်၊လို့ဖြေခဲ့ကြတဲ့ပရိသတ်များဆယ်ဦးထက်ကျော်လွန်နေတဲ့အတွက် မေတ္တာတုံ့ပြန်သောအားဖြင့် နောက်ထပ်ငါးဦးထပ်မံတိုး၍ချီးမြှင့်ပေးလိုက်ပါတယ်၊အဖြေမှန်သူများထဲကဆယ့်ငါးဦးကို မဲနှိုက်ရွေးချယ်မှာဖြစ်ပြီး ၎င်းဆယ့်ငါးဦးဟာ မြမြ logo ပါ 45 အကောင်းစားမိုးကာဂျာကင်များကို 20 ရက်နေ့မှစတင်၍ ဖုန်းနံပါတ် ျီးမြှင့်ပေးသို့ဆက်သွယ်ထုတ်ယူနိုင်ကြမှာဖြစ်ပါတယ်။

ဘယ်သူတွေကံထူးကြမလဲဆိုတာ မနက်ဖြန်ည 8:00 နာရီ မြမြ page မှာကြေငြာပေးမှာမို့လို့ မြမြ page မှာ အတူဆက်ပြီးရှိနေပေးကြပါဦး” ဆိုပြီး မြမြရုပ်ရှင်ထဲက အဓိကမင်းသားအဖြစ် ဖြိုးမြတ်အောင်ကို ရွေးခြယ်ဖြစ်တဲ့အကြောင်း ကြေငြာထားတာပါ။

ချစ်ပရိသတ်တွေရော အလန်းစားမင်းသမီးချောလေး သင်ဇာဝင့်ကျော်နဲ့ အတူတွဲဖက်ပြီး မြမြရုပ်ရှင်ထဲမှာ မြင်တွေ့ရတော့မယ့် ဖြိုးမြတ်အောင်ရဲ့ သတင်းကို ဘယ်လိုမြင်မိကြလဲဆိုတာ ပြောသွားခဲ့ပါဦးနော်။

share from :burmese.asia

LEAVE A REPLY