Zawgyi ဖြင့်ဖတ်ရန်

 







share from : burmese.asi

Unicode ဖြင့်ဖတ်ရန်

ဖြိုးမြတ်အောင် ရဲ့ ပထမဆုံး ထွက်ရှိတဲ့ သင့်အတွက်မနက်ဖြန် Album နာရီပိုင်းအတွင်းကုန်သွား

Myanmar Idol season 3ရဲ့ winner ဆုရှင် ဖြိုးမြတ်အောင်ဟာဆိုရင် ပရိတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ဖြိုးမြတ်အောင်က ခုဆိုရင်အနုပညာလမ်းကြောင်းကို ပုံမှန်လေး လျှောက်လှမ်းနေပြီး သီချင်းလေးတွေဆို ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင်က ၂၉ ရက်နေ့ ဒီနေ့ မှာထွက်ရှိတဲ့ သူ့ရဲ့ ပထမဆုံး သင့်အတွက် မနက်ဖြန် Album Promotion နှင့် စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနား ကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင်က ခုနောက်ပိုင်းမှာ သီချင်းလေးတွေဆိုရင်း ကြော်ငြာများလည်း ရိုက်ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာရှိနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင်ကဒီနေ့ ၂၉ ရက်နေ့မှာ ထွက်ရှိတဲ့ သင့်အတွက် မနက်ဖြန် solo album မိတ်ဆက်ပွဲ အခမ်းအနားကို City Mall မှာ ကျင်းပပြုလုပ်ခဲ့ပြီး ပရိသတ်များစွာနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဖြိုးမြတ်အောင် ရဲ့ သင့်အတွက် မနက်ဖြန် solo album မိတ်ဆက်ပွဲ အခမ်းအနားကို နယ်အသီးသီးမှ သူ့ရဲ့ ပရိသတ်များစွာ တက်ရောက်လာကြတာတွေ့ရပါတယ်။

ဖြိုးမြတ်အောင် ရဲ့ Solo album ကလည်း နာရီပိုင်းအတွင်းမှာ ကုန်သွားတဲ့အထိ ပရိသတ်တွေအားပေးခဲ့ကြတယ်လို့လည်းသိရပါတယ်။

အမိုက်စား သီချင်း တွေပါဝင်မယ့် သင့်အတွက် မနက်ဖြန် solo album ကို ပရိသတ်တွေ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။ဖြိုးမြတ်အောင် ရဲ့ Live Video File လေးကို ပရိသတ်တွေသဘောကျမှာပါ။ ကြည့်ရှု့ပေးကြတဲ့ပရိသတ် ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

share from : burmese.asi

LEAVE A REPLY