Zawgyi ဖြင့်ဖတ်ရန်

 







 

Credit : (Momolay)

Unicode ဖြင့်ဖတ်ရန်

ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်ရရှိသွားကြပြီဖြစ်တဲ့ Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံးအနုပညာရှင်စုံတွဲတွေထဲမှာ Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံဟာလည်း တစ်တွဲအပါအဝင်ဖြစ်ပြီး၂ ယောက်လုံးဟာ နာမည်ကျော် ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတာကြောင့် ပရိသတ်တွေအနေနဲ့ သူတို့စုံတွဲလေးကို ချစ်သူရည်းစားဘဝကတည်းက သဘောတူ၊ ချစ်ခင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ သူတို့ ၂ ဦးဟာ ရင်သွေးလေး ၂ ယောက်ရဲ့ မိဘတွေအဖြစ်ကို ရောက်ရှိနေကြပြီဖြစ်ပြီး ဒုတိယရင်သွေးလေးကိုတော့ ဒီနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပိုင်ဆိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းကို Kim Tae Hee ရဲ့ အေဂျင်စီဖြစ်တဲ့ Story J Company ကနေ တရားဝင်ထုတ်ပြန်ကြေညာပေးခဲ့တာဖြစ်ကာ မိခင်ရော ကလေးပါ ကျန်းမာတယ်လို့ သိရပါတယ်။

ရင်သွေးလေးကတော့ သမီးမိန်းကလေးဖြစ်ပြီး မွေးဖွားခဲ့တဲ့နေရာကတော့ ဆိုးလ်မြို့ရှိ ဆေးရုံတစ်ရုံမှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Kim Tae Hee ဟာ မိသားစုရဲ့ နွေးထွေးမှုတွေနဲ့အတူ အမြန်ဆုံးပြန်လည်ကျန်းမာလာဖို့အတွက် အနားယူလျှက်ရှိပါတယ်။

အသက်၂၃ နှစ်ပြည့်မွေးနေ့မှာ မိဘကို ပိုက်ဆံပုံကြီးနှစ်ပုံ နဲ့ ကန်တော့ ခဲ့တဲ့ ပိုင်တံခွန် ရဲ့ Video File

Rain နဲ့ Kim Tae Hee တို့ ၂ ယောက်ဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ စတင်ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး ချစ်သူသက်တမ်း ၅ နှစ်အကြာ ၂၀၁၇ ခုနှစ် ဇန်ဝါရီလမှာတော့ တရားဝင်လက်ထပ်ခဲ့ကြပါတယ်။ ပထမရင်သွေးဖြစ်တဲ့ သမီးအကြီးလေးကိုတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Mia (Momolay)

LEAVE A REPLY