Zawgyi ဖြင့်ဖတ်ရန်
Source : 7Day Daily
Unicode ဖြင့်ဖတ်ရန်
မိုးကြိုးနဲ့လေပြင်းအန္တရာယ်အကြောင်း ဒေါက်တာဦးထွန်းလွင်သတိပေးလိုက်ပါပြီ…
ဦးထွန်းလွင်ဆိုတာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါမှာ ပင်စင်ယူသွားပြီဖြစ်တဲ့ မိုးလေဝသ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်… နိုင်ငံ့တာဝန်ကို သက်ပြည့်ထမ်းဆောင်ပြီးလို့ ပင်စင်ယူတဲ့အချိန်မှာတောင် သူတတ်ကျွမ်းတဲ့ပညာနဲ့ မိုးလေဝသအခြေအနေတွေကို သုံးသပ်ထုတ်ပြန်ပေးပြီး ပြည်သူတွေအတွက် အလုပ်လုပ်ပေးနေသေးတာပါ….လေးစားဖို့ကောင်းသူ တစ်ယောက်ပေါ့…..အခုလည်း မြန်မာပြည်အတွက် လာမယ့်ရက်ပိုင်းအတွင်း ကြုံတွေ့နိုင်မဲ့ ရာသီဥတု အန္တရာယ်ကို ဦးထွန်းလွင်က သတိပေးလိုက်ပါပြီ…
အနောက်တောင်မုတ်သုံလေဟာ စက်တင်ဘာ ၁၃ ရက်က စပြီး မြန်မာနိုင်ငံမြောက်ပိုင်းက ဆုတ်ခွာနိုင်ပြီးတော့ ဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက်မှာ မိုးကြိုးပစ်တာတွေနဲ့ လေပြင်းတိုက်ခတ်တာတွေ တစ်ကျော့ပြန် ကျရောက်လာနိုင်တာဖြစ်လို့ သတိပြုနေကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်နဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားတယ်လို့ ဆိုပါတယ်…
မိုးတိမ်တောင်အန္တရာယ် ဖြစ်တဲ့ မိုးကြိုးပစ်ခြင်း၊ နေရာ ကွက်မိုးကြီးခြင်းနဲ့ လေပြင်း တိုက်ခတ်ခြင်းတို့ဟာ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ ဝင်ရောက်ချိန်နဲ့ ပြန်လည်ထွက်ခွာချိန်မှာ အများဆုံးဖြစ်ပွားပြီးတော့ မုန်တိုင်းဘေးထက်ပိုတဲ့ လူနဲ့တိရစ္ဆာန် သေဆုံးမှု၊ ပျက်စီးထိခိုက်မှုကို နှစ်စဉ်ကြုံတွေ့နေရပါတယ်…
‘‘မုတ်သုံအဝင်ကို ပြန်သတိ ရပါ။ ဘာတွေဖြစ်ခဲ့လဲဆိုတာ။ မုတ်သုံပြန်ဆုတ်ရင်လည်း လေ ပြင်းဘေး၊ မိုးကြိုးဘေးတွေက သိပ်အန္တရာယ်ကြီးပါတယ်’’ ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုပါတယ်….
ဝင်ရောက်စဉ်က မိုးကြိုးပစ်ခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေကြောင့် အနည်းဆုံး လူ ၇၀ ခန့်သေဆုံးပြီးတော့ နေအိမ်သောင်းချီ၍ ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေး မှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်…
အနောက်တောင် မုတ်သုံလေဟာ စက်တင်ဘာ ၁၃ ရက်ကစပြီးတော့ မြန်မာနိုင်ငံ မြောက်ပိုင်းမှ ဆုတ်ခွာနိုင်ပြီး စက်တင်ဘာလလယ်ခန့်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း၊ လကုန်ခန့်တွင် မြစ်ဝကျွန်းပေါ်ဒေသသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်…ပြန်လည်ဆုတ်ခွာချိန်မှာ ပြည်သူတွေ အထူးသတိ ပြုနေထိုင်ဖို့ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်လို့ သူမက ဆက်ပြောခဲ့ပါတယ်…
ပရိသတ်ကြီးတို့လည်း အနောက်တောင်မုတ်သုံလေ ပြန်ဆုတ်တဲ့အချိန်မှာ မိုးကြီးလေကြီးကျတဲ့အချိန် အပြင်သွားလာတာတွေ သတိထား သွားလာကြဖို့ လိုပါတယ်နော်….. အဲတာကြောင့် ဒီစာလေးကို မျှဝေပြီး အသိပေးလိုက်ရပါတယ်နော်..
Source : 7Day Daily
LEAVE A REPLY