Zawgyi ဖြင့်ဖတ်ရန်

 




 




Unicode ဖြင့်ဖတ်ရန်

လင်းခေးအဝင် သီချင်းလေးကို အသံချိုချိုလေးနဲ့ သီဆိုထားတဲ့ ရခိုင်သားလေး ရဲကိုဝင်း

Myanmar Idol Season 4 မှာ ပရိသတ်တွေနဲ့ ဒိုင်များ စိတ်ဝင်စားခြင်းခံထားရတဲ့ ရခိုင်သားလေး ရဲကိုဝင်းကို ပရိသတ်တွေ သိလောက်မယ် ထင်ပါတယ်။ ခြင်းလေးတစ်လုံးနဲ့ Myanmar Idol ကို လာရောက်ယှဉ်ပြိုင်ခဲ့တာပါ။ သူ့ရဲ့ ချိုသာတဲ့ အသံပါဝါကြောင့် ဒိုင်တွေက နောက်တစ်ဆင့် ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ရဲကိုဝင်း ရဲ့ သီချင်း Video File လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပြိုင်ပွဲဝင် ရဲကိုဝင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကနေ တောင်ကြီးအထိ ဆွဲခြင်းတစ်လုံးနဲ့ လာရောက်ယဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ရဲကိုဝင်းက သူ့ရဲ့ ကလေးဘဝတည်းက အဆိုဝါသနာပါခဲ့တာဖြစ်ကြောင်းနဲ့ ကလေးဘဝတုန်းကအဝတ်အစားဝယ်ဖို့ ပိုက်ဆံ မတတ်နိုင်တာကြောင့် စုံညီပွဲမှာတောင် မပါဝင်ခဲ့ရဘူးဆိုတဲ့ အကြောင်းကို ပြောထားပါတယ်။ပြိုင်ပွဲဝင် ရဲကိုဝင်းက အရာရာကို ကြောက်ရွံ့သိမ်ငယ်နေပုံလည်းပေါက်ပါတယ်။

ဒိုင်တစ်ဦးဖြစ်တဲ့ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းက ကြောက်ရွံ့သိမ်ငယ်နေပုံလည်းပေါက်နေတဲ့ ရဲကိုဝင်းကို ရင်နှီးကျွမ်းဝင်အောင် လုပ်ပြီး သူ့ရဲ့ ကြောက်စိတ်တွေကို ဖျောက်ပေးခဲ့ပါတယ်။သူ့ရဲ့ ကြောက်စိတ်တွေပျောက်သွားတဲ့ အချိန်မှာပဲ သူ့ကိုစပြီး သီချင်းဆိုပြခိုင်းခဲ့တာပါ။ ချစ်တဲ့ ရှမ်းရိုးမ သီချင်းကို အားမာန်အပြည့်နဲ့ဆိုပြခဲ့ပြီး ဒိုင်တွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ရခိုင်သားလေး ရဲကိုဝင်း ရဲ့ အသံကို ဒိုင်တွေက သဘောကျခဲ့ကြပြီး နောက်တစ်ဆင့်တက်လှမ်းဖို့ ခေါ်ဆောင်သွားတဲ့အပြင် စိတ်ခွန်းအားများစွာရရှိစေတဲ့ စကားလုံးလေးတွေနဲ့ အားပေးခဲ့ကြတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ ရဲကိုဝင်း က စိုင်းထီးဆိုင် ရဲ့ အောင်မြင်ပြီးသား သီချင်း တစ်ပုဒ် ဖြစ်တဲ့ လင်းခေးအဝင် သီချင်းကို Coverပြန်ဆိုထားတာပါ။ပရိသတ်တွေ ကလည်း Myanmar Idol Season4 ပွဲကြီးမှာ အဆိုပညာအရည်အချင်းရျှိပမယ့် အရာရာကို ကြောက်ရွံ့သိမ်ငယ်နေပုံလည်းပေါက်နေတဲ့ ရခိုင်သားလေးကို အားပေးလိုက်ကြရအောင်နော်။

share from :burmese.asia

LEAVE A REPLY