Zawgyi ျဖင့္ဖတ္ရန္

ဘရာဇီးဂႏၳဝင္ကစားသမားေဟာင္းေရာ္နယ္ဒင္ဟိုဟာ ေဘာလုံးေလာကမွာ ေနာက္ထပ္ေတြ႕ဖို႔ ခက္ခဲလြန္းတဲ့ ေမွာ္ဆန္တဲ့ စြမ္းေဆာင္ရည္မ်ိဳးကို ပိုင္ဆိုင္ထားခဲ့ရတာပဲ ျဖစ္ပါတယ္။ သူဟာ ဘာစီလိုနာနဲ႔ ဘရာဇီးအသင္းမွာ ကစားသမားဘဝရဲ႕အျမင့္ဆုံးေအာင္ျမင္မႈေတြကို ရရွိခဲ့တာပါ။ ဒါေပမယ့္ ကြင္းထဲမွာ စြမ္းေဆာင္ရည္ေကာင္းသေလာက္ ေရာ္နယ္ဒင္ဟိုဟာ ကြင္းျပင္ပမွာေတာ့ အေပ်ာ္အပါးမက္လြန္းတဲ့သူတစ္ေယာက္ပါ။

အဲဒီလို အေပ်ာ္အပါးမက္မႈေတြကပဲ ေရာ္နယ္ဒင္ဟိုရဲ႕ ကစားသမားဘဝကို ေနဝင္ခ်ိန္ေစာခဲ့တာပဲ ျဖစ္ပါတယ္။ အခုအခါမွာလည္း ေရာ္နယ္ဒင္ဟိုရဲ႕ အေပ်ာ္အပါးမက္လြန္းမႈနဲ႔ ပတ္သက္ၿပီး ထူးဆန္းတဲ့သတင္းတစ္ပုဒ္ ေပၚထြက္လာခဲ့ပါတယ္။

အဲဒါကေတာ့ ေရာ္နယ္ဒင္ဟိုဟာ ၂၀၁၁ ခုႏွစ္ ဘရာဇီးကလပ္ဖလာမင္ဂိုအသင္းကို ေျပာင္းေ႐ႊ႕စဥ္က ‘ႏိုက္ကလပ္စာခ်ဳပ္’ကို ခ်ဳပ္ဆိုခဲ့တာပါ။ ေရာ္နယ္ဒင္ဟိုဟာ သူ႔ကို တစ္ပတ္ကို (၂) ႀကိမ္ ႏိုက္ကလပ္သြားခြင့္ျပဳရမယ္ လို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ဖလာမင္ဂိုအသင္းကလည္း ေတာင္းဆိုမႈကို လက္ခံခဲ့ပါတယ္။

ေရာ္နယ္ဒင္ဟိုဟာ ေအစီမီလန္အသင္းမွာ ကစားစဥ္က အေပ်ာ္အပါးမက္ၿပီး ႏိုက္ကလပ္ကိုအၿမဲတမ္း သြားလြန္းခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ေဝဖန္မႈကို ခံခဲ့ရသူျဖစ္ပါတယ္။

ကြန္ဒို ကိုေဝဖန္မိလို႔ တရားစြဲခံရတဲ့ ကိစၥကို ဒဲ့ေဝဖန္လိုက္တဲ့ ကိုေမာင္ေမာင္ေအး

“အသင္းႏိုင္ႏိုင္၊ ရႈံးရႈံး၊ ကစားပုံေကာင္းေကာင္း၊ ဆိုးဆိုး၊ ေရာ္နယ္ဒင္ဟိုက လုံးဝဂ႐ုမစိုက္ပါဘူး။ သူဟာ ပါတီေတြတက္ၿပီး ႏိုက္ကလပ္ေတြမွာပဲ ေပ်ာ္႐ႊင္ေနသူပါ”လို႔ ၂၀၁၇ ခုႏွစ္အတြင္းက ေအစီမီလန္အမာခံပရိသတ္တစ္ေယာက္က ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ဖူးပါတယ္။ ေရာ္နယ္ဒင္ဟိုဟာ ၂၀၁၈ ခုႏွစ္မွာ ကစားသမားဘဝကေန အနားယူေၾကာင္း ေၾကညာခဲ့ပါတယ္။

Credit :momolay

Unicode ဖြင့်ဖတ်ရန်

အမြဲတမ်း နိုက်ကလပ်သွားခွင့်ပြုဖို့ စာချုပ်ထဲထည့်သွင်းချုပ်ဆိုခဲ့တဲ့ ရော်နယ်ဒင်ဟိုရဲ့ ထူးဆန်းလွန်းတဲ့အာသီသ

ဘရာဇီးဂန္ထဝင်ကစားသမားဟောင်းရော်နယ်ဒင်ဟိုဟာ ဘောလုံးလောကမှာ နောက်ထပ်တွေ့ဖို့ ခက်ခဲလွန်းတဲ့ မှော်ဆန်တဲ့ စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားခဲ့ရတာပဲ ဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာနဲ့ ဘရာဇီးအသင်းမှာ ကစားသမားဘဝရဲ့အမြင့်ဆုံးအောင်မြင်မှုတွေကို ရရှိခဲ့တာပါ။ ဒါပေမယ့် ကွင်းထဲမှာ စွမ်းဆောင်ရည်ကောင်းသလောက် ရော်နယ်ဒင်ဟိုဟာ ကွင်းပြင်ပမှာတော့ အပျော်အပါးမက်လွန်းတဲ့သူတစ်ယောက်ပါ။

အဲဒီလို အပျော်အပါးမက်မှုတွေကပဲ ရော်နယ်ဒင်ဟိုရဲ့ ကစားသမားဘဝကို နေဝင်ချိန်စောခဲ့တာပဲ ဖြစ်ပါတယ်။ အခုအခါမှာလည်း ရော်နယ်ဒင်ဟိုရဲ့ အပျော်အပါးမက်လွန်းမှုနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့သတင်းတစ်ပုဒ် ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒါကတော့ ရော်နယ်ဒင်ဟိုဟာ ၂၀၁၁ ခုနှစ် ဘရာဇီးကလပ်ဖလာမင်ဂိုအသင်းကို ပြောင်းရွှေ့စဉ်က ‘နိုက်ကလပ်စာချုပ်’ကို ချုပ်ဆိုခဲ့တာပါ။ ရော်နယ်ဒင်ဟိုဟာ သူ့ကို တစ်ပတ်ကို (၂) ကြိမ် နိုက်ကလပ်သွားခွင့်ပြုရမယ် လို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဖလာမင်ဂိုအသင်းကလည်း တောင်းဆိုမှုကို လက်ခံခဲ့ပါတယ်။

ရော်နယ်ဒင်ဟိုဟာ အေစီမီလန်အသင်းမှာ ကစားစဉ်က အပျော်အပါးမက်ပြီး နိုက်ကလပ်ကိုအမြဲတမ်း သွားလွန်းခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံခဲ့ရသူဖြစ်ပါတယ်။

ကွန်ဒို ကိုဝေဖန်မိလို့ တရားစွဲခံရတဲ့ ကိစ္စကို ဒဲ့ဝေဖန်လိုက်တဲ့ ကိုမောင်မောင်အေး

“အသင်းနိုင်နိုင်၊ ရှုံးရှုံး၊ ကစားပုံကောင်းကောင်း၊ ဆိုးဆိုး၊ ရော်နယ်ဒင်ဟိုက လုံးဝဂရုမစိုက်ပါဘူး။ သူဟာ ပါတီတွေတက်ပြီး နိုက်ကလပ်တွေမှာပဲ ပျော်ရွှင်နေသူပါ”လို့ ၂၀၁၇ ခုနှစ်အတွင်းက အေစီမီလန်အမာခံပရိသတ်တစ်ယောက်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။ ရော်နယ်ဒင်ဟိုဟာ ၂၀၁၈ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။

Credit :momolay

LEAVE A REPLY