Zawgyi ျဖင့္ဖတ္ရန္

 

မေန႔က ကစားခဲ့တဲ့ လစ္သူေယးနီးယားနဲ႔ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ေပၚတူဂီအသင္းအတြက္ တစ္ဦးတည္း (၄)ဂိုးအထိ သြင္းယူခဲ့ၿပီးေနာက္ ယူ႐ိုေျခစစ္ပြဲအဆင့္ေတြမွာ သြင္းဂိုး (၂၅)ဂိုးအထိဆိုတဲ့ စံခ်ိန္မွတ္တမ္းကို ပိုင္ဆိုင္ခဲ့တယ္လို႔ သိရပါတယ္။

အခုဆိုရင္ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးဟာ ႏိုင္ငံတကာသြင္းဂိုး (၉၃)ဂိုးအထိ ရွိလာခဲ့ၿပီး အီရန္ဂႏၲဝင္တိုက္စစ္မႉး အလီဒါယီရဲ႕ ကမာၻ႔စံခ်ိန္ျဖစ္တဲ့ (၁၀၉)ဂိုးရဲ႕ေနာက္ (၁၆)ဂိုးအကြာကို ေရာက္ရွိလာၿပီျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ပြဲအစ (၇)မိနစ္မွာပဲ ပင္နယ္တီကတဆင့္ ဂိုးသြင္းယူခဲ့ၿပီး အဲဒီေနာက္ ဒုတိယပိုင္းမွာလည္း ေနာက္ထပ္ (၃)ဂိုးထပ္မံသြင္းယူေပးခဲ့ၿပီးေနာက္ ပြဲအၿပီးမွာ ေပၚတူဂီအသင္းကလည္း လစ္သူေယးနီးယားကို (၅-၁)ဂိုးနဲ႔ ဂိုးျပတ္ႏိုင္ပြဲရရွိခဲ့ပါတယ္။

ဒါ့အျပင္ ယူ႐ိုေျခစစ္ပြဲေတြမွာ စုစုေပါင္း (၂၃)ဂိုးအထိ သြင္းယူထားခဲ့တဲ့ အိုင္ယာလန္တိုက္စစ္မႉးေဟာင္း ေရာ္ဘီကိန္းရဲ႕ ဂိုးသြင္း မွတ္တမ္းကို (၂)ဂိုးအသာနဲ႔ ေရာ္နယ္လ္ဒိုက ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

လစ္သူေယးနီးယားကို အႏိုင္ရခဲ့တဲ့ ေပၚတူဂီအသင္းဟာ အုပ္စု (B) ကို ဦးေဆာင္ေနတဲ့ ယူကရိန္းအသင္းရဲ႕ေနာက္ ရမွတ္ (၅)မွတ္နဲ႔ ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္က အင္ဒိုရာအသင္းနဲ႔ပြဲမွာ (၄)ဂိုးသြင္းယူခဲ့တဲ့ အသက္ (၃၄)ႏွစ္အ႐ြယ္ ေရာ္နယ္လ္ဒိုအတြက္ ဒါဟာ ႏိုင္ငံတကာပြဲစဥ္ေတြမွာ (၈)ႀကိမ္ေျမာက္ ဟက္ထရစ္လည္းျဖစ္ပါတယ္။

credit : mizimma

Unicode ဖြင့်ဖတ်ရန်

ယူရိုခြေစစ်ပွဲအဆင့်မှာ သွင်းဂိုးစံချိန်သစ် ယူသွားခဲ့တဲ့ ရော်နယ်လ်ဒို

မနေ့က ကစားခဲ့တဲ့ လစ်သူယေးနီးယားနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် တစ်ဦးတည်း (၄)ဂိုးအထိ သွင်းယူခဲ့ပြီးနောက် ယူရိုခြေစစ်ပွဲအဆင့်တွေမှာ သွင်းဂိုး (၂၅)ဂိုးအထိဆိုတဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုဆိုရင် ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ နိုင်ငံတကာသွင်းဂိုး (၉၃)ဂိုးအထိ ရှိလာခဲ့ပြီး အီရန်ဂန္တဝင်တိုက်စစ်မှူး အလီဒါယီရဲ့ ကမ္ဘာ့စံချိန်ဖြစ်တဲ့ (၁၀၉)ဂိုးရဲ့နောက် (၁၆)ဂိုးအကွာကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပွဲအစ (၇)မိနစ်မှာပဲ ပင်နယ်တီကတဆင့် ဂိုးသွင်းယူခဲ့ပြီး အဲဒီနောက် ဒုတိယပိုင်းမှာလည်း နောက်ထပ် (၃)ဂိုးထပ်မံသွင်းယူပေးခဲ့ပြီးနောက် ပွဲအပြီးမှာ ပေါ်တူဂီအသင်းကလည်း လစ်သူယေးနီးယားကို (၅-၁)ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။

ဒါ့အပြင် ယူရိုခြေစစ်ပွဲတွေမှာ စုစုပေါင်း (၂၃)ဂိုးအထိ သွင်းယူထားခဲ့တဲ့ အိုင်ယာလန်တိုက်စစ်မှူးဟောင်း ရော်ဘီကိန်းရဲ့ ဂိုးသွင်း မှတ်တမ်းကို (၂)ဂိုးအသာနဲ့ ရော်နယ်လ်ဒိုက ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

လစ်သူယေးနီးယားကို အနိုင်ရခဲ့တဲ့ ပေါ်တူဂီအသင်းဟာ အုပ်စု (B) ကို ဦးဆောင်နေတဲ့ ယူကရိန်းအသင်းရဲ့နောက် ရမှတ် (၅)မှတ်နဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီလည်းဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က အင်ဒိုရာအသင်းနဲ့ပွဲမှာ (၄)ဂိုးသွင်းယူခဲ့တဲ့ အသက် (၃၄)နှစ်အရွယ် ရော်နယ်လ်ဒိုအတွက် ဒါဟာ နိုင်ငံတကာပွဲစဉ်တွေမှာ (၈)ကြိမ်မြောက် ဟက်ထရစ်လည်းဖြစ်ပါတယ်။

 

credit : mizimma

LEAVE A REPLY