Zawgyi ျဖင့္ဖတ္ရန္

 

ေတာင္ကိုးရီးယား နာမည္ေက်ာ္ Kpop အဆိုေတာ္အဖြဲ႕ 2NE1 မွ အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္တဲ့ Sandara Park ဟာ တီဗြီအစီအစဥ္ ႐ိုက္ကူးဖို႔အတြက္ ယမန္ေန႔ စက္တင္ဘာလ ၉ ရက္ေန႔က ျမန္မာႏိုင္ငံကို ေရာက္ရွိေနတာပဲျဖစ္ပါတယ္။ Dara “My Music Teacher, Mingalarbar” လို႔အမည္ရတဲ့ variety ကို႐ိုက္ကူးဖို႔အတြက္ ျမန္မာကိုေရာက္ရွိေနတာပဲျဖစ္ပါတယ္။

 

Dara ပါဝင္မယ့္ My Music Teacher, Mingalarbar အစီအစဥ္ဟာဆိုရင္ SBS Medianet, JBJ Entertainment နဲ႔ Fortune TV Channel တို႔ကေန ပူးေပါင္း႐ိုက္ကူးမယ့္ တီဗြီရႈိးအစီအစဥ္ပဲျဖစ္ပါတယ္။

 

အစီအစဥ္႐ိုက္ကူးဖို႔ Dara တစ္ဦးတည္း ျမန္မာကို လာခဲ့တာမဟုတ္ပါဘူး။ ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္ႀကိဳက္ၾကတဲ့ Wannaone အဖြဲ႕ဝင္ေဟာင္း Kim Jae Hwan, B1A4 မွ main vocal Sanduel ေရာ့ခ္အဆိုရွင္ Yoon Do Hyun တို႔လဲ ပါလာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအနည္းငယ္က JBJ Entertainment ဟာ အစီအစဥ္႐ိုက္ကူးေရးအတြက္ Dara ျမန္မာသို႔ လာေရာက္မည္ျဖစ္ေၾကာင္း အသိေပးေၾကညာခဲ့ပါတယ္။

Dara ဟာ 2014 တုန္းက 2NE1 in Myanmar, Galaxy Concert နဲ႔အတူ ျမန္မာႏိုင္ငံသိ့ု ေရာက္ဖူးခဲ့ၿပီးျဖစ္ပါတယ္။

ဒုတိယအႀကိမ္ ျမန္မာကို လာတဲ့အခါမွာလဲ ေ႐ႊျမန္မာက ပရိတ္သတ္ေတြက ေသာင္းေသာင္းျဖျဖ ႀကိဳဆိုခဲ့ၾကပါတယ္။ Dara နဲ႔အတူ Jae Hwan, Sanduel နဲ႔ Yoon Do Hyun တို႔ကလဲ လာေရာက္ႀကိဳဆိုတဲ့ ပရိတ္သတ္ေတြကို လက္ဆြဲႏႈတ္ဆက္ခဲ့ၾကပါတယ္။

 

တစ္ဖန္ My Music Teacher, Mingalarbar အစီအစဥ္မွာ Momoland အဖြဲ႕ဝင္ JooE ပါဝင္သြားမယ္လို႔ ထုတ္ျပန္ ေၾကညာထားေပမယ့္ schedule တစ္ခုအတြက္ေၾကာင့္ Dara တို႔နဲ႔အတူလိုက္ပါလာႏိုင္ျခင္းမရွိခဲ့ပါဘူး။ ေနာက္မွသာ႐ိုက္ကူးေရးကို လာေရာက္ပူးေပါင္းသြားမွာ ျဖစ္တယ္လို႔ JBJ Entertainment မွထုတ္ျပန္ေၾကညာထားပါတယ္။

Credit :popolay

Unicode ဖြင့်ဖတ်ရန်

တီဗွီအစီအစဉ် ရိုက်ကူးရေးအတွက် မြန်မာနိုင်ငံရောက်ရှိနေတဲ့ Sandara Park

တောင်ကိုးရီးယား နာမည်ကျော် Kpop အဆိုတော်အဖွဲ့ 2NE1 မှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Sandara Park ဟာ တီဗွီအစီအစဉ် ရိုက်ကူးဖို့အတွက် ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ Dara “My Music Teacher, Mingalarbar” လို့အမည်ရတဲ့ variety ကိုရိုက်ကူးဖို့အတွက် မြန်မာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

 

Dara ပါဝင်မယ့် My Music Teacher, Mingalarbar အစီအစဉ်ဟာဆိုရင် SBS Medianet, JBJ Entertainment နဲ့ Fortune TV Channel တို့ကနေ ပူးပေါင်းရိုက်ကူးမယ့် တီဗွီရှိုးအစီအစဉ်ပဲဖြစ်ပါတယ်။

အစီအစဉ်ရိုက်ကူးဖို့ Dara တစ်ဦးတည်း မြန်မာကို လာခဲ့တာမဟုတ်ပါဘူး။ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်ကြိုက်ကြတဲ့ Wannaone အဖွဲ့ဝင်ဟောင်း Kim Jae Hwan, B1A4 မှ main vocal Sanduel ရော့ခ်အဆိုရှင် Yoon Do Hyun တို့လဲ ပါလာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က JBJ Entertainment ဟာ အစီအစဉ်ရိုက်ကူးရေးအတွက် Dara မြန်မာသို့ လာရောက်မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။

Dara ဟာ 2014 တုန်းက 2NE1 in Myanmar, Galaxy Concert နဲ့အတူ မြန်မာနိုင်ငံသိ့ု ရောက်ဖူးခဲ့ပြီးဖြစ်ပါတယ်။

ဒုတိယအကြိမ် မြန်မာကို လာတဲ့အခါမှာလဲ ရွှေမြန်မာက ပရိတ်သတ်တွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ Dara နဲ့အတူ Jae Hwan, Sanduel နဲ့ Yoon Do Hyun တို့ကလဲ လာရောက်ကြိုဆိုတဲ့ ပရိတ်သတ်တွေကို လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။

တစ်ဖန် My Music Teacher, Mingalarbar အစီအစဉ်မှာ Momoland အဖွဲ့ဝင် JooE ပါဝင်သွားမယ်လို့ ထုတ်ပြန် ကြေညာထားပေမယ့် schedule တစ်ခုအတွက်ကြောင့် Dara တို့နဲ့အတူလိုက်ပါလာနိုင်ခြင်းမရှိခဲ့ပါဘူး။ နောက်မှသာရိုက်ကူးရေးကို လာရောက်ပူးပေါင်းသွားမှာ ဖြစ်တယ်လို့ JBJ Entertainment မှထုတ်ပြန်ကြေညာထားပါတယ်။

Credit :popolay

LEAVE A REPLY