Zawgyi ျဖင့္ဖတ္ရန္

အာဏာရၫြန႔္ေပါင္းအဖြဲ႕မွ တတိယအႀကီးဆုံးပါတီက ဥပေဒမူၾကမ္း တင္သြင္းထားပါတယ္။ထိုင္းႏိုင္ငံရဲ႕ အာဏာရၫြန႔္ေပါင္းအဖြဲ႕မွ ပါတီတစ္ခုက ေနအိမ္မွာ ကန႔္သတ္အေရအတြက္ျဖင့္ ေဆးေျခာက္ပင္စိုက္ပ်ိဳးခြင့္ျပဳမယ့္ ဥပေဒၾကမ္းတစ္ရပ္ကို တင္သြင္းခဲ့တယ္လို႔ Reuters သတင္းမွာ ေဖာ္ျပပါတယ္။

ထိုင္းမွာ ေဆးေျခာက္ကို ေဆးဝါးအျဖစ္နဲ႔ သုေတသနအတြက္ ရည္႐ြယ္သုံးစြဲမႈကို တရားဝင္ခြင့္ျပဳခဲ့ၿပီးေနာက္ တစ္ႏွစ္မျပည့္မီ ယခု ဥပေဒၾကမ္းကို တင္သြင္းလိုက္တာလည္း ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံရဲ႕ လက္ရွိ မူးယစ္ေဆးဝါးဥပေဒအရ ေဆးေျခာက္ကို အပန္းေျဖရန္ သုံးစြဲသူမ်ားအား ေဆးေျခာက္ လက္ဝယ္ပိုင္ဆိုင္မႈအတြက္ ၁၀ ႏွစ္အထိ ေထာင္ဒဏ္နဲ႔ မ်ားျပားတဲ့ ေငြဒဏ္မ်ားခ်မွတ္ႏိုင္ေၾကာင္း သိရပါတယ္။

အာဏာရၫြန႔္ေပါင္းအဖြဲ႕အတြင္း တတိယအႀကီးဆုံးနဲ႔ က်န္းမာေရးဝန္ႀကီးဌာနကို တာဝန္ယူထားတဲ့ Bhumjaithai ပါတီမွ ထိပ္တန္းအဖြဲ႕ဝင္တစ္ဦးရဲ႕ အဆိုအရ ယခုတင္သြင္းထားတဲ့ ဥပေဒၾကမ္းအရ အိမ္ေထာင္စုတစ္ခုလွ်င္ ေဆးေျခာက္ပင္ ေျခာက္ပင္အထိ စိုက္ပ်ိဳးခြင့္ျပဳမယ္လို႔ ဆိုပါတယ္။ ထိုင္းဥပေဒအရ ေဆးေျခာက္ကို မူးယစ္ေဆးဝါးအျဖစ္ သတ္မွတ္ထားဆဲျဖစ္ပါတယ္။

“ေဆးဝါးအျဖစ္အသုံးျပဳမႈအတြက္ အေျခခံမူကေတာ့ ေဆးေျခာက္ကို ဖ်ားနာမႈအတြက္ အိမ္မွာေဆာင္ထားႏိုင္ပါတယ္၊ ဒါေပမဲ့ လမ္းေပၚမွာေတာ့ မေသာက္နဲ႔ေပါ့ဗ်ာ” လို႔ Bhumjaithai ပါတီမွ Supachai Jaisamut က Reuters ကို ေျပာပါတယ္။ ထို႔အတူ Bhumjaithai ပါတီက တင္သြင္းထားတဲ့ ဥပေဒၾကမ္းအရ ေဆးဝါးအျဖစ္ ရည္႐ြယ္သုံးစြဲမႈအတြက္ အဖြဲ႕အစည္းတစ္ခုရဲ႕ ႀကီးၾကပ္မႈျဖင့္ လိုင္စင္ရသူေတြကိုလည္း ေဆးေျခာက္ပင္ ေရာင္းခ်ခြင့္ျပဳမွာ ျဖစ္ပါတယ္။

ဥပေဒၾကမ္းမွာ အဆိုျပဳထားတဲ့ Plant-based Drug Institute ဟာ ေဆးေျခာက္ဝယ္ယူမႈ၊ ထုတ္ယူမႈနဲ႔ တင္ပို႔မႈ လုပ္ေဆာင္ရန္ အခြင့္အာဏာရွိေၾကာင္း Supachai က အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွ ေဆးေျခာက္ဥပေဒနဲ႔ ႏႈိင္းယွဥ္ေျပာၾကားခဲ့ပါတယ္။

အစိုးရအေနနဲ႔ ယခုတင္သြင္းထားတဲ့ ဥပေဒမူၾကမ္းအတြက္ လိုအပ္တဲ့ေထာက္ခံမႈရရွိခဲ့ပါက လႊတ္ေတာ္ျပန္လည္စတင္မယ့္ ႏိုဝင္ဘာကုန္ၿပီးေနာက္ ေျခာက္လအတြင္း အတည္ျပဳႏိုင္ေၾကာင္းလည္း Supachai က ဆိုပါတယ္။ ေဆးေျခာက္နဲ႔ပတ္သက္တဲ့ ဥပေဒမူၾကမ္းဟာ Bhumjaithai ပါတီရဲ႕ ေ႐ြးေကာက္ပြဲ ကတိကဝတ္တစ္ခုကို အေကာင္အထည္ေဖာ္ျခင္း ျဖစ္ေၾကာင္းသိရပါတယ္။ အဆိုပါ ပါတီက ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးမႈအတြင္း ထိုင္းႏိုင္ငံသားမ်ား ေဆးေျခာက္စိုက္ပ်ိဳးခြင့္ျပဳမယ္လို႔ ေျပာထားခဲ့ပါတယ္။

Credit : Duwun

Unicode ဖြင့်ဖတ်ရန်

ထိုင်းမှာ အိမ်ထောင်စုတစ်ခုလျှင် ဆေးခြောက်ပင် ခြောက်ပင်စိုက်ပျိုးခွင့်ပြုရန် စီစဉ်နေ

အာဏာရညွန့်ပေါင်းအဖွဲ့မှ တတိယအကြီးဆုံးပါတီက ဥပဒေမူကြမ်း တင်သွင်းထားပါတယ်။ထိုင်းနိုင်ငံရဲ့ အာဏာရညွန့်ပေါင်းအဖွဲ့မှ ပါတီတစ်ခုက နေအိမ်မှာ ကန့်သတ်အရေအတွက်ဖြင့် ဆေးခြောက်ပင်စိုက်ပျိုးခွင့်ပြုမယ့် ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ်နဲ့ သုတေသနအတွက် ရည်ရွယ်သုံးစွဲမှုကို တရားဝင်ခွင့်ပြုခဲ့ပြီးနောက် တစ်နှစ်မပြည့်မီ ယခု ဥပဒေကြမ်းကို တင်သွင်းလိုက်တာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်ရှိ မူးယစ်ဆေးဝါးဥပဒေအရ ဆေးခြောက်ကို အပန်းဖြေရန် သုံးစွဲသူများအား ဆေးခြောက် လက်ဝယ်ပိုင်ဆိုင်မှုအတွက် ၁၀ နှစ်အထိ ထောင်ဒဏ်နဲ့ များပြားတဲ့ ငွေဒဏ်များချမှတ်နိုင်ကြောင်း သိရပါတယ်။

အာဏာရညွန့်ပေါင်းအဖွဲ့အတွင်း တတိယအကြီးဆုံးနဲ့ ကျန်းမာရေးဝန်ကြီးဌာနကို တာဝန်ယူထားတဲ့ Bhumjaithai ပါတီမှ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးရဲ့ အဆိုအရ ယခုတင်သွင်းထားတဲ့ ဥပဒေကြမ်းအရ အိမ်ထောင်စုတစ်ခုလျှင် ဆေးခြောက်ပင် ခြောက်ပင်အထိ စိုက်ပျိုးခွင့်ပြုမယ်လို့ ဆိုပါတယ်။ ထိုင်းဥပဒေအရ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။

“ဆေးဝါးအဖြစ်အသုံးပြုမှုအတွက် အခြေခံမူကတော့ ဆေးခြောက်ကို ဖျားနာမှုအတွက် အိမ်မှာဆောင်ထားနိုင်ပါတယ်၊ ဒါပေမဲ့ လမ်းပေါ်မှာတော့ မသောက်နဲ့ပေါ့ဗျာ” လို့ Bhumjaithai ပါတီမှ Supachai Jaisamut က Reuters ကို ပြောပါတယ်။ ထို့အတူ Bhumjaithai ပါတီက တင်သွင်းထားတဲ့ ဥပဒေကြမ်းအရ ဆေးဝါးအဖြစ် ရည်ရွယ်သုံးစွဲမှုအတွက် အဖွဲ့အစည်းတစ်ခုရဲ့ ကြီးကြပ်မှုဖြင့် လိုင်စင်ရသူတွေကိုလည်း ဆေးခြောက်ပင် ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။

ဥပဒေကြမ်းမှာ အဆိုပြုထားတဲ့ Plant-based Drug Institute ဟာ ဆေးခြောက်ဝယ်ယူမှု၊ ထုတ်ယူမှုနဲ့ တင်ပို့မှု လုပ်ဆောင်ရန် အခွင့်အာဏာရှိကြောင်း Supachai က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ဆေးခြောက်ဥပဒေနဲ့ နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။

အစိုးရအနေနဲ့ ယခုတင်သွင်းထားတဲ့ ဥပဒေမူကြမ်းအတွက် လိုအပ်တဲ့ထောက်ခံမှုရရှိခဲ့ပါက လွှတ်တော်ပြန်လည်စတင်မယ့် နိုဝင်ဘာကုန်ပြီးနောက် ခြောက်လအတွင်း အတည်ပြုနိုင်ကြောင်းလည်း Supachai က ဆိုပါတယ်။ ဆေးခြောက်နဲ့ပတ်သက်တဲ့ ဥပဒေမူကြမ်းဟာ Bhumjaithai ပါတီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ ပါတီက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း ထိုင်းနိုင်ငံသားများ ဆေးခြောက်စိုက်ပျိုးခွင့်ပြုမယ်လို့ ပြောထားခဲ့ပါတယ်။

Credit : Duwun

LEAVE A REPLY