Zawgyi ျဖင့္ဖတ္ရန္

၈၈ အေရးအခင္းႀကီး မျဖစ္မီ ႏွစ္ႏွစ္ အလို..ေႏြရာသီ တစ္ရက္ေပါ့။ ရန္ကုန္အင္းစိန္မွာရွိတဲ့ စက္မႈလက္မႈသိပၸံေက်ာင္း တစ္ျဖစ္လဲ Government Engineering School ေက်ာင္းႀကီးရဲ႕ တစ္ေနရာမွာ လက္ေထာက္ကထိကဆရာ တစ္ေယာက္ နဲ႔ တပည့္ တစ္စု အလုပ္ရႈပ္ေနၾကပါတယ္။ ဂ်ပန္ႏိုင္ငံ ဟြန္ဒါ ကုမၸဏီဟာ သူရဲ႕ ပထမဆုံး ႐ိုေဘာ့ P1 ကို ထုတ္လုပ္ႏိုင္ဖို႔ ၇ ႏွစ္အလို ကာလ မွာ ျမန္မာျပည္ စက္မႈလက္မႈသိပၸံေက်ာင္းက ဆရာႀကီးဦးၾကည္ နဲ႔ တပည့္တစ္စုဟာ ကားေဆးမႈတ္လုပ္ငန္းမွာ အသုံးျပဳႏိုင္မယ့္ Robot စက္႐ုပ္တစ္ခုကို အသည္းအသန္ တီထြင္ေနၾကပါတယ္။

ေမာ္ေတာ္ကားေဆးမႈတ္တဲ့လုပ္ငန္းဟာ လူေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစတဲ့အတြက္..စက္႐ုပ္ေတြနဲ႔ အစားထိုးႏိုင္ဖို႔ ဆရာႀကီးဦးၾကည္ တို႔က ရည္႐ြယ္ခဲ့ပါတယ္။ ဆရာတပည့္တစ္စုဟာ စက္မႈ ပစၥည္း ရွားပါးလွတဲ့ မဆလေခတ္ႀကီးထဲမွာ ရရာ ပစၥည္းေတြ လိုက္စုၿပီး တီထြင္ခဲ့ၾကပါတယ္။ ရည္႐ြယ္သလိုလဲ..ေျခာက္လအၾကာမွာ ေအာင္ျမင္ခဲ့ပါတယ္။ ၁၉၈၆ ခုႏွစ္ ျပည္ေထာင္စုျပပြဲမွာ ဦးၾကည္တို႔ရဲ႕ စက္႐ုပ္ဟာ ေကာင္းေကာင္း အလုပ္လုပ္ျပႏိုင္ခဲ့ပါတယ္။ ဆရာႀကီးဟာ လူရဲ႕ အမိန႔္စကားသံအတိုင္း နာခံတဲ့စက္႐ုပ္ နဲ႔ စကားျပန္လည္ေျပာႏိုင္တဲ့စက္႐ုပ္ေတြ တီထြင္ဖို႔ ႀကိဳးစားခဲ့တဲ့အခါ ဦးေနဝင္းရဲ႕ မဆလအစိုးရထံက အကူအညီေတာင္းခံခဲ့တဲ့အခါ အစိုးရက ျငင္းခဲ့ပါတယ္။ ပထမတီထြင္ႏိုင္တဲ့ ေဆးမႈတ္စက္႐ုပ္ကိုေတာင္ ျပပြဲေတြမွာပဲ ျပသခြင့္ျပဳခဲ့ၿပီး…ေနာက္ထပ္အမ်ားႀကီးထုတ္လုပ္ခြင့္ကို အစိုးရက ခြင့္မျပဳခဲ့ပါဘူး။

 

ဒီလိုနဲ႔ ၈၈ အေရးအခင္းႀကီးျဖစ္။ စက္မႈေက်ာင္းေတြလည္း ပိတ္။ ဆရာႀကီးကို ဂ်ပန္ အပါအဝင္ ႏိုင္ငံျခားကုမၸဏီေတြက သူတို႔ဆီ လာေရာက္လုပ္ကိုင္ဖို႔ ဖိတ္ေခၚခဲ့ေပမယ့္ ဆရာႀကီးကေတာ့ ေက်ာင္းဆရာအျဖစ္ပဲ..ျပည္တြင္းမွာ ေနထိုင္ခဲ့ပါတယ္။ ဆရာႀကီး ပညာဆည္းပူးခဲ့တဲ့ အင္းစိန္က စက္မႈလက္မႈသိပၸံေက်ာင္းႀကီး ဟာ ဒီလို ခြၽန္တဲ့ ထက္တဲ့ ျမန္မာေက်ာင္းသားေတြ၊ ပညာရွင္ေတြကို ေမြးထုတ္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီေက်ာင္းႀကီးမွာ စင္ကာပူ၊ လာအို နဲ႔ ကေမာၻဒီးယားက ေက်ာင္းသားေတြက ပညာလာသင္ယူခဲ့ၾကပါတယ္။ စက္မႈလက္မႈသိပၸံေက်ာင္းႀကီးရဲ႕ ပုံစံ ၊ သင္ၾကားမီုနည္းစနစ္နမူနာကို ယူၿပီး စင္ကာပူႏိုင္ငံက ေက်ာင္းတစ္ေက်ာင္စတည္ေထာင္ခဲ့ပါတယ္။

 

ဒါေပမယ့္ ႏွစ္ေပါင္းႏွစ္ဆယ္နီးပါးၾကာလာတဲ့ အခါမွာေတာ့ သယံဇာတေတြေပါမ်ားၿပီး ေ႐ႊေရာင္လႊမ္းတဲ့ ျမန္မာျပည္ႀကီးက ေက်ာင္းသားေတြဟာ စင္ကာပူ က ပိုလီတကၠနစ္ဆိုတာႀကီးကို ေငြေၾကးကုန္က်ခံၿပီး သြားတက္ရေတာ့သတဲ့။ တိုင္းျပည္ကို ေခ်ာက္ထဲက ကယ္တင္ေပးခဲ့တဲ့ ဘဘႀကီးေတြ ေက်းဇူးနဲ႔…ျမန္မာေက်ာင္းသားေတြ ဟာ စင္ကာပူေရာက္ဖူးသြားေတာ့တာေပါ့ကြယ္။

ပုံျပင္ေလးကေတာ့ဒါပါပဲကြယ္။ အေသးစိတ္ဖတ္ခ်င္ရင္ေတာ့ ဆရာတင္ႏိုင္တိုး ရဲ႕ ပုဂၢိူလ္ထူးတို႔၏ ဘဝတေကြ႕ စာအုပ္မွာ ရွာဖတ္ႏိုင္ပါတယ္ဗ်ာ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဂျပန်ဟွန်ဒါကုမ္ပဏီထက် ၇ နှစ်စောပြီး စက်ရုပ်တီထွင်နိုင်ခဲ့တဲ့ ဆရာကြီးဦးကြည်

၈၈ အရေးအခင်းကြီး မဖြစ်မီ နှစ်နှစ် အလို..နွေရာသီ တစ်ရက်ပေါ့။ ရန်ကုန်အင်းစိန်မှာရှိတဲ့ စက်မှုလက်မှုသိပ္ပံကျောင်း တစ်ဖြစ်လဲ Government Engineering School ကျောင်းကြီးရဲ့ တစ်နေရာမှာ လက်ထောက်ကထိကဆရာ တစ်ယောက် နဲ့ တပည့် တစ်စု အလုပ်ရှုပ်နေကြပါတယ်။ ဂျပန်နိုင်ငံ ဟွန်ဒါ ကုမ္ပဏီဟာ သူရဲ့ ပထမဆုံး ရိုဘော့ P1 ကို ထုတ်လုပ်နိုင်ဖို့ ၇ နှစ်အလို ကာလ မှာ မြန်မာပြည် စက်မှုလက်မှုသိပ္ပံကျောင်းက ဆရာကြီးဦးကြည် နဲ့ တပည့်တစ်စုဟာ ကားဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုနိုင်မယ့် Robot စက်ရုပ်တစ်ခုကို အသည်းအသန် တီထွင်နေကြပါတယ်။

မော်တော်ကားဆေးမှုတ်တဲ့လုပ်ငန်းဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက်..စက်ရုပ်တွေနဲ့ အစားထိုးနိုင်ဖို့ ဆရာကြီးဦးကြည် တို့က ရည်ရွယ်ခဲ့ပါတယ်။ ဆရာတပည့်တစ်စုဟာ စက်မှု ပစ္စည်း ရှားပါးလှတဲ့ မဆလခေတ်ကြီးထဲမှာ ရရာ ပစ္စည်းတွေ လိုက်စုပြီး တီထွင်ခဲ့ကြပါတယ်။ ရည်ရွယ်သလိုလဲ..ခြောက်လအကြာမှာ အောင်မြင်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ် ပြည်ထောင်စုပြပွဲမှာ ဦးကြည်တို့ရဲ့ စက်ရုပ်ဟာ ကောင်းကောင်း အလုပ်လုပ်ပြနိုင်ခဲ့ပါတယ်။ ဆရာကြီးဟာ လူရဲ့ အမိန့်စကားသံအတိုင်း နာခံတဲ့စက်ရုပ် နဲ့ စကားပြန်လည်ပြောနိုင်တဲ့စက်ရုပ်တွေ တီထွင်ဖို့ ကြိုးစားခဲ့တဲ့အခါ ဦးနေဝင်းရဲ့ မဆလအစိုးရထံက အကူအညီတောင်းခံခဲ့တဲ့အခါ အစိုးရက ငြင်းခဲ့ပါတယ်။ ပထမတီထွင်နိုင်တဲ့ ဆေးမှုတ်စက်ရုပ်ကိုတောင် ပြပွဲတွေမှာပဲ ပြသခွင့်ပြုခဲ့ပြီး…နောက်ထပ်အများကြီးထုတ်လုပ်ခွင့်ကို အစိုးရက ခွင့်မပြုခဲ့ပါဘူး။

ဒီလိုနဲ့ ၈၈ အရေးအခင်းကြီးဖြစ်။ စက်မှုကျောင်းတွေလည်း ပိတ်။ ဆရာကြီးကို ဂျပန် အပါအဝင် နိုင်ငံခြားကုမ္ပဏီတွေက သူတို့ဆီ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ဆရာကြီးကတော့ ကျောင်းဆရာအဖြစ်ပဲ..ပြည်တွင်းမှာ နေထိုင်ခဲ့ပါတယ်။ ဆရာကြီး ပညာဆည်းပူးခဲ့တဲ့ အင်းစိန်က စက်မှုလက်မှုသိပ္ပံကျောင်းကြီး ဟာ ဒီလို ချွန်တဲ့ ထက်တဲ့ မြန်မာကျောင်းသားတွေ၊ ပညာရှင်တွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီကျောင်းကြီးမှာ စင်ကာပူ၊ လာအို နဲ့ ကမ္ဘောဒီးယားက ကျောင်းသားတွေက ပညာလာသင်ယူခဲ့ကြပါတယ်။ စက်မှုလက်မှုသိပ္ပံကျောင်းကြီးရဲ့ ပုံစံ ၊ သင်ကြားမီုနည်းစနစ်နမူနာကို ယူပြီး စင်ကာပူနိုင်ငံက ကျောင်းတစ်ကျောင်စတည်ထောင်ခဲ့ပါတယ်။

ဒါပေမယ့် နှစ်ပေါင်းနှစ်ဆယ်နီးပါးကြာလာတဲ့ အခါမှာတော့ သယံဇာတတွေပေါများပြီး ရွှေရောင်လွှမ်းတဲ့ မြန်မာပြည်ကြီးက ကျောင်းသားတွေဟာ စင်ကာပူ က ပိုလီတက္ကနစ်ဆိုတာကြီးကို ငွေကြေးကုန်ကျခံပြီး သွားတက်ရတော့သတဲ့။ တိုင်းပြည်ကို ချောက်ထဲက ကယ်တင်ပေးခဲ့တဲ့ ဘဘကြီးတွေ ကျေးဇူးနဲ့…မြန်မာကျောင်းသားတွေ ဟာ စင်ကာပူရောက်ဖူးသွားတော့တာပေါ့ကွယ်။

ပုံပြင်လေးကတော့ဒါပါပဲကွယ်။ အသေးစိတ်ဖတ်ချင်ရင်တော့ ဆရာတင်နိုင်တိုး ရဲ့ ပုဂ္ဂိူလ်ထူးတို့၏ ဘဝတကွေ့ စာအုပ်မှာ ရှာဖတ်နိုင်ပါတယ်ဗျာ။

share from : burmese.asia

LEAVE A REPLY