Zawgyi ဖြင့်ဖတ်ရန်






Unicode ဖြင့်ဖတ်ရန်

ဘဝမမေ့တဲ့ သိန်းတစ်သောင်းခွဲဆုရှင် ကျောင်းစောင့်ကြီး

မြင်ရကြည်နူးပီတိဖြစ်မိပါတယ်။ ဒီလ သိန်းတစ်သောင်းခွဲကံထူးရှင် မော်လမြိုင် ငန်းတေးအထက ခွဲ ကျောင်းမှကျောင်းလုပ်သား ကိုကျော်မျိုးဝင်းမိသားစုမှ ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အလှူငွေ သိန်းတစ်ထောင်ကျပ် ဆရာဆရာမအားလုံးတဦးချင်းစီ အလှူငွေကျောင်းသား ကျောင်းသူအားလုံးတွက် ဗလာအုပ် ဘောပင် လှူတန်းခဲ့တယ်။

မြင်ရကြက်သီးထမိ ဝမ်းသာာမိ မုဒိတာပွားမိ ချမ်းသာခဲ့ကြပြီ။ ဘဝမမေ့ ဝတ်ထားစားထားတာလည်း ယခင်တိုင်း အများစု ငွေလေး လက်ထဲ သိန်းငါးရာတစ်ထောင်လောက်ရှိ အောက်ခြေလွတ်သွားကြပြီ ငယ်ကျွမ်းသူတွေသော်မှနုတ်မဆက်ချင်ကြတော့ သူဌေးထင်သူတွေရှာပေါင်းကြ ညနေဘီယာတမြမြသူ့လိုလူ သိပ်ရှားတာသူထီပေါက်ခဲ့တာ သူ့တို့မိသားစုလည်းအကျိုးရှိ နိုင်ငံတော်တွက်လည်းအကျိုးရှိ ဒီလိုစိတ်မျိုးရှိလို့လည်း သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေက မတယ်ထင်ပါတယ်။

ပိုထူးတာက တလမှ တစ်သိန်းသုံးသောင်းလောက်သာရတဲ့ သူ့အလုပ်ကမထွက်တဲ့ ကျောင်းလုပ်သားဆိုတာက ကျောင်းရဲ့ သန့်ရှင်းရေးကစ အကုန်လုပ်ရဒါလည်း သူငယ်ဘဝကဘဲခုထိနေခဲ့နေရာလေး သံယောစဉ်မပြတ် ရိုးရှင်းတဲ့စိတ်ကလေးသူ့ဘဝ လစာလေးနဲ့မလုံလောက်တော့ အားချိန်တွေမှာ ဆိုင်ကယ်တက္ကစီဆွဲခဲ့ရတယ်။

ဒီအလုပ်လည်းသူလုပ်အုံးမှာတဲ့လေ တကယ်ဆိုသူဌေးဖြစ်နေပြီလေ ရိုးသားလိုက်တာ အကိုအကြံပေးချင်တယ် သိန်းတစ်သောင်းလောက် မြန်မာ့စီးပွားရေးဘဏ်မှာထား တလ 85 သိန်းဘဏ်တိုးရမှာ စားမကုန်လှူမကုန်လေ။ သူခိုး ခိုးမှာလည်းမစိုးရ လေဘေး ရေဘေး မီးဘေးသင့်မှာလည်းစိုးရိမ်စရာမလို သားသမီးနောင်ရေးတွက်လည်း စိတ်ချရတယ်လေတကယ် စိတ်ထားမွန်မြတ်တဲ့ ညီလေးပါ။ ဂုဏ်ယူပါတယ် ညီလေးရေ ပညာရေးဝန်ထမ်းအများစု နွမ်းပါးကြပါတယ်နော် ။

share from : burmese.asia

LEAVE A REPLY