Zawgyi ျဖင့္ဖတ္ရန္

 

ဒုတိယကမာၻစစ္အတြင္းတြင္ ျပင္သစ္ရွိ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕၌ တာဝန္က် သည့္ အေမရိကန္စစ္သားတစ္ဦးသည္ လွေသြးႂကြယ္လွသည့္ အသက္ ၁၈ ႏွစ္ အ႐ြယ္ ေဒသခံမိန္းကေလးတစ္ဦးႏွင့္ ခ်စ္ကြၽမ္းဝင္သြားခဲ့သည္။ နဖူးစာမင္ရည္ က်ဲသျဖင့္ ေပါင္းဖက္ခြင့္ မရခဲ့သည့္ ၎ တို႔ႏွစ္ဦးသည္ ရ၅ ႏွစ္အၾကာတြင္မွ ပထ မဦးဆုံးအႀကိမ္ ျပန္ဆုံခြင့္ရသြားၾက သည္။

ျပန္ဆုံသည့္အခါ စစ္ျပန္ႀကီးမွာ အသက္ ၉၇ ႏွစ္အ႐ြယ္ အဘိုးအိုႀကီးျဖစ္ ေနၿပီး တစ္ခ်ိန္က လွေသြးႂကြယ္ၿပီး ပိုး ပန္းသူအလြန္မ်ားခဲ့သည့္ မိန္းမပ်ိဳေလးမွာ အသက္ ၉၂ အ႐ြယ္ အဘြားအိုႀကီးျဖစ္ ေနၿပီျဖစ္သည္။ စစ္ျပန္ႀကီး ေကတီေရာ ဘင္စ္က ခ်စ္ဦးသူ ျပင္သစ္သူ၏ဓာတ္ပုံကို ႏွစ္ေပါင္း ၅၀ ေက်ာ္ ျမတ္ျမတ္ႏိုးႏိုးသိမ္း ထားခဲ့သည္။

အသက္ ၂၄ ႏွစ္အ႐ြယ္ အေမရိကန္စစ္သားသည္ အသက္ ၁၈ ႏွစ္အ႐ြယ္ ျပင္သစ္မိန္းကေလးႏွင့္ ၁၉၄၄ ခုႏွစ္တြင္ ဆုံခဲ့ျခင္းျဖစ္သည္။ ခ်စ္သူ သက္တမ္းမွာ ႏွစ္လတာၾကာခဲ့သည္။ အ ေၾကာင္းမွာ အေမရိကန္စစ္သားမ်ားကို

အထက္ကအေရွ႕ဖ်ားသို႔ ေျပာင္းခိုင္း လိုက္၍ပင္။ ဒီေဒးဟုလူသိမ်ားထင္ရွား သည့္ေန႔တြင္ အေမရိကန္ပါဝင္သည့္ မဟာမိတ္တပ္ဖြဲ႕ဝင္မ်ားသည္ ျပင္သစ္ ေနာ္မန္ဒီကမ္းေျခမ်ားကို က်ဴးေက်ာ္ဝင္ ေရာက္ကာ နာဇီတပ္ဖြဲ႕ဝင္မ်ားႏွင့္ သူ ေသကိုယ္ေသ တိုက္ခိုက္ခဲ့ရသည္။

ထို စဥ္ကတည္းက ကြဲသြားၾကသည့္ ခ်စ္သူ ႏွစ္ဦးသည္ ရ၅ ႏွစ္ျပည့္ ဒီေဒးေန႔အ ထိမ္းအမွတ္ပြဲတြင္မွ ျပန္ဆုံၾကျခင္းျဖစ္ သည္။ ကြဲကြာသြားၿပီးေနာက္ ႏွစ္ဦးလုံး အိမ္ေထာင္ရက္သားက်ၿပီး သားသမီးမ်ား ရခဲ့ၾကေသာ္လည္း တစ္ဦးကိုတစ္ဦး မေမ့ ႏိုင္ခဲ့ၾကေပ။ ယခုအခါ ၎တို႔သည္ မုဆိုး ဖိုႏွင့္မုဆိုးမျဖစ္သည္။ ႏွစ္ေပါင္း ရ၅ ႏွစ္ အၾကာတြင္မွျပန္ဆုံၾကအၿပီးတြင္ ၎တို႔ က ေနာက္တစ္ႀကိမ္ ထပ္ဆုံဦးမည္ဟု အ ျပန္အလွန္ကတိေပးလိုက္ၾကသည္။

Source_ခ်ယ္ရီ

Unicode ဖြင့်ဖတ်ရန်

ဒုတိယကမ္ဘာစစ်အတွင်းမှာ ကွဲကွာသွားပြီး ရ၅ နှစ်အကြာမှ ပြန်လည်ဆုံတွေခဲ့သည့် ချစ်သူစုံတွဲ

ဒုတိယကမ္ဘာစစ်အတွင်းတွင် ပြင်သစ်ရှိ မြို့ငယ်လေးတစ်မြို့၌ တာဝန်ကျ သည့် အမေရိကန်စစ်သားတစ်ဦးသည် လှသွေးကြွယ်လှသည့် အသက် ၁၈ နှစ် အရွယ် ဒေသခံမိန်းကလေးတစ်ဦးနှင့် ချစ်ကျွမ်းဝင်သွားခဲ့သည်။ နဖူးစာမင်ရည် ကျဲသဖြင့် ပေါင်းဖက်ခွင့် မရခဲ့သည့် ၎င်း တို့နှစ်ဦးသည် ရ၅ နှစ်အကြာတွင်မှ ပထ မဦးဆုံးအကြိမ် ပြန်ဆုံခွင့်ရသွားကြ သည်။

ပြန်ဆုံသည့်အခါ စစ်ပြန်ကြီးမှာ အသက် ၉၇ နှစ်အရွယ် အဘိုးအိုကြီးဖြစ် နေပြီး တစ်ချိန်က လှသွေးကြွယ်ပြီး ပိုး ပန်းသူအလွန်များခဲ့သည့် မိန်းမပျိုလေးမှာ အသက် ၉၂ အရွယ် အဘွားအိုကြီးဖြစ် နေပြီဖြစ်သည်။ စစ်ပြန်ကြီး ကေတီရော ဘင်စ်က ချစ်ဦးသူ ပြင်သစ်သူ၏ဓာတ်ပုံကို နှစ်ပေါင်း ၅၀ ကျော် မြတ်မြတ်နိုးနိုးသိမ်း ထားခဲ့သည်။

အသက် ၂၄ နှစ်အရွယ် အမေရိကန်စစ်သားသည် အသက် ၁၈ နှစ်အရွယ် ပြင်သစ်မိန်းကလေးနှင့် ၁၉၄၄ ခုနှစ်တွင် ဆုံခဲ့ခြင်းဖြစ်သည်။ ချစ်သူ သက်တမ်းမှာ နှစ်လတာကြာခဲ့သည်။ အ ကြောင်းမှာ အမေရိကန်စစ်သားများကို

အထက်ကအရှေ့ဖျားသို့ ပြောင်းခိုင်း လိုက်၍ပင်။ ဒီဒေးဟုလူသိများထင်ရှား သည့်နေ့တွင် အမေရိကန်ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့ဝင်များသည် ပြင်သစ် နော်မန်ဒီကမ်းခြေများကို ကျူးကျော်ဝင် ရောက်ကာ နာဇီတပ်ဖွဲ့ဝင်များနှင့် သူ သေကိုယ်သေ တိုက်ခိုက်ခဲ့ရသည်။

ထို စဉ်ကတည်းက ကွဲသွားကြသည့် ချစ်သူ နှစ်ဦးသည် ရ၅ နှစ်ပြည့် ဒီဒေးနေ့အ ထိမ်းအမှတ်ပွဲတွင်မှ ပြန်ဆုံကြခြင်းဖြစ် သည်။ ကွဲကွာသွားပြီးနောက် နှစ်ဦးလုံး အိမ်ထောင်ရက်သားကျပြီး သားသမီးများ ရခဲ့ကြသော်လည်း တစ်ဦးကိုတစ်ဦး မမေ့ နိုင်ခဲ့ကြပေ။ ယခုအခါ ၎င်းတို့သည် မုဆိုး ဖိုနှင့်မုဆိုးမဖြစ်သည်။ နှစ်ပေါင်း ရ၅ နှစ် အကြာတွင်မှပြန်ဆုံကြအပြီးတွင် ၎င်းတို့ က နောက်တစ်ကြိမ် ထပ်ဆုံဦးမည်ဟု အ ပြန်အလှန်ကတိပေးလိုက်ကြသည်။

Source_ချယ်ရီ

LEAVE A REPLY