Zawgyi ဖြင့်ဖတ်ရန်
ဆေးနည်း
၂။ မန်ကျည်းရွက်
၃။ ဘူးရွက်
Writer – HW
Unicode ဖြင့်ဖတ်ရန်
ဆီးမထွက်တာတွေ ဓမ္မတာလွန်တာတွေ အတွက်၁၅ မိနစ်လောက်အတွင်းကောင်းတဲ့ဆေးနည်း လာပါပြီ
“အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး..တဲ့ အာရောဂျံ = အနာရောဂါ၊ ပရမံ = မြတ်သော၊ လာဘံ = လာဘ်မည်၏ …လို့ မြန်မာ့ဆိုရိုးစကားရှိပါတယ်…ကျန်းမာရေးကောင်းမွန်ခြင်းဟာ ဘဝမှာ အကြီးမားဆုံးသော ဆုလာဘ်တစ်ခုပါပဲ…ကျန်းမာမှ စားချင်တာစားနိုင်၊ သွားချင်တာ သွားနိုင်၊ လုပ်ချင်တာလုပ်နိုင် မယ်လေ….
အဲဒီ့အတွက် “ယောက်ကျားမှာဆီး-မိန်းမမှာမီး”လို့ ကျန်းမာရေးအတွက် ဆိုရိုးစကားလေးတစ်ခု ရှိလာပြန်ပါတယ်… ယောက်ကျားလေးတွေဟာ ဆီးကောင်းမယ်..မိန်းကလေးတွေကတော့ သွေး ကောင်းမယ်ဆို ဘာရောဂါမှအလွယ်တကူမဖြစ်နိုင်တော့ပါဘူး…ဒါကြောင့် ဆီးနဲ့ မီးကောင်းဖို့ အတွက် အထူးဂရုပြုဖို့လိုအပ်ပါတယ်…
အောက်ဖော်ပြပါ အကြောင်းအရာလေးကတော့ ဆီးမထွက်ခြင်းနဲ့ ဓမ္မတာလွန်ခြင်းတို့ကို ၁၅မိနစ်တည်းနဲ့ ပျောက်ကင်းသွားစေတဲ့ အဖိုးတန်ဆေးနည်းလေးဖြစ်ပါတယ်… အင်္ဂလိပ်ဆေးတွေ သောက်ရမှာကြောက်သူတွေအတွက် သောက်စရာမလိုဘဲ အလွယ်တကူသုံးနိုင်မယ့် မြန်မာဆေးနည်းလေးပါပဲ…လယ်ကန်စွန်းလို့ တစ်ချို့ကခေါ်ဝေါ်ကြတဲ့ ကန်စွန်းရိုးနီရဲ့ အစွမ်းနဲ့ ဆီးအိမ်မှ ဆီးမထွက်ခြင်းနဲ့ ဓမ္မတာလွန်ခြင်း ရောဂါတွေကို ၁၅ မိနစ်အတွင်း ထိထိရောက်ရောက် ကုသပေးနိုင် ပါတယ်။
ဆေးနည်း
၁။ ကန်စွန်းရိုးနီ၏ အရွက် (လယ်ကန်စွန်းလို့လည်း ခေါ်ကြပါတယ်)
၂။ မန်ကျည်းရွက်
၃။ ဘူးရွက်
၄။ အားလုံးကို ဆတူရောကြိတ်လိုက်ပါ။၅။ ကြိတ်ပြီးသည်များကို ဆန်မှုန့်ညက်ညက်နှင့် ဖျော်၍ ဆီးခုံပေါ်သို့ တင်လိုက်ပါ။၆။ဆီးအိမ်တွင်းမှ ဆီးမထွက်သူများ ၁၅ မိနစ်အတွင်း ဆီး ကျဆင်း လာပါလိမ့်မယ်။ဓမ္မတာလွန်နေသူများလည်း ရပ်တန့်ကာ ရောဂါသက်သာ ပျောက်ကင်း စေနိုင်ပါတယ်။
အားလုံးပဲ ရောဂါဘယာကင်းဝေးပြီး သက်ရှည်အနာမဲ့ကြပါစေ…
Writer – HW
LEAVE A REPLY