Zawgyi ျဖင့္ဖတ္ရန္

 

တည္ၿငိမ္ရင့္က်က္သြားတဲ့ မိန္းကေလးေတြက အလုပ္အကိုင္၊ ပညာေရး၊ လူမႈေရးစေတာေတြနဲ႔ပတ္သက္လို႔ ကိုယ့္ရဲ႕ ခံယူခ်က္အျမင္ေတြ ေျပာင္းလဲလာၿပီး အခ်စ္ေရးနဲ႔ပတ္သက္လို႔လည္း အျမင္ေတြအယူအဆေတြကေျပာင္းလာပါတယ္။ ဒီေတာ့ တည္ၿငိမ္ရင့္က်က္လာတဲ့ မိန္းကေလးတစ္ေယာက္က အခ်စ္နဲ႔ပတ္သက္လို႔ အယူအဆအျမင္ေလးေတြဘယ္လိုေျပာင္းလဲသြားလဲဆိုတာ ဖတ္ၾကည့္လိုက္ပါဦး။

(၁) ကိုယ့္ကို ခ်ဥ္းကပ္လာသူတိုင္းက ကိုယ့္ကို နားလည္ေပးလိမ့္မယ္လို႔မထင္ေတာ့ဘူး

အရင္က ကိုယ့္ကိုစိတ္ဝင္စားလို႔ခ်ဥ္းကပ္လာတဲ့သူတိုင္းက ကိုယ့္ကိုနားလည္လိမ့္မယ္လို႔ ေမွ်ာ္လင့္တတ္ေပမယ့္ အခုေတာ့ သူတို႔စိတ္ဝင္စားတာသည္ ကိုယ့္ကိုနားလည္လို႔ဆိုတာထက္ တျခားအေၾကာင္းရင္းေတြေၾကာင့္ျဖစ္ႏိုင္တယ္လို႔ ေတြးတတ္ေနၿပီ။

(၂) တျခားလူကို မခ်စ္ခင္ ကိုယ့္ကိုယ္ကို အရင္ခ်စ္ရမယ္

လူတစ္ေယာက္ကို ခ်စ္မိတဲ့အခ်ိန္မွာ သူကိုယ့္ကိုျပန္ခ်စ္ဖို႔၊ သူကိုယ့္အေပၚေကာင္းဖို႔၊ ကိုယ့္ကို နားလည္ဖို႔ စသျဖင့္ ေမွ်ာ္လင့္တတ္ၾကၿပီး ကိုယ္ေမွ်ာ္လင့္တဲ့အတိုင္းျဖစ္မလာတဲ့အခါ ေၾကကြဲရပါတယ္။ ကိုယ္ေမွ်ာ္လင့္သလိုျဖစ္မလာလို႔ေၾကကြဲရတာမ်ိဳးမျဖစ္ခ်င္ရင္ တျခားလူထက္ ကိုယ့္ကိုယ္ကို ခ်စ္တာအေကာင္းဆုံးလို႔ နားလည္ထားပါတယ္။

(၃) လိုအပ္ရင္တစ္ကိုယ္ေကာင္းဆန္ရမယ္

တစ္ေယာက္ေယာက္ကို ခ်စ္တဲ့အခါ ကိုယ့္အတြက္ကိုပဲေရွ႕တန္းတင္မေနဘဲ သူ႔ဘက္ကိုလည္း အၿမဲထည့္စဥ္းစားေပးရပါတယ္။ ဒါေပမယ့္ အေလွ်ာ့ေပး၊ အရႈံးေပးလြန္းတာမ်ိဳးက အဆင္မေျပမႈေတြကို မေျပလည္ေစတဲ့အျပင္ ပိုဆိုးေစပါတယ္။ မိန္းကေလးတစ္ေယာက္ ရင့္က်က္လာတဲ့အခါ ဒါကိုနားလည္လာၿပီး လိုအပ္ရင္ တစ္ကိုယ္ေကာင္းဆန္ဖို႔ လိုတယ္ဆိုတာသိလာပါတယ္။

(၄) အခ်စ္ခံခ်င္ရင္ခ်စ္တတ္ဖို႔လည္းလိုတယ္

အခ်စ္မွာလည္း အသြားအျပန္ေလး ရွိဖို႔လိုတာေၾကာင့္ ကိုယ္ကခ်ည္းပဲ အခ်စ္ခံခ်င္လို႔မရဘူး၊ ကိုယ့္ဘက္ကလည္း ခ်စ္တတ္ဖို႔လည္း လိုတယ္ဆိုတာ ေကာင္းေကာင္းနားလည္လာပါတယ္။

(၅) အခ်စ္စစ္မ်ားျဖစ္ေနမလားလို႔မေမွ်ာ္လင့္တတ္ေတာ့ဘူး

အရင္က ရင္ခုန္စိတ္လႈပ္ရွားမႈတိုင္းကို အခ်စ္စစ္မ်ားျဖစ္ေနမလားလို႔ ေတြးမိခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ျဖစ္လာတဲ့ခံစားခ်က္ေတြနဲ႔ပတ္သက္လို႔ အခ်စ္စစ္မ်ားလားဆိုၿပီး မေမွ်ာ္လင့္တတ္ေတာ့ဘူး။

credit :Auntymay

Unicode ဖြင့်ဖတ်ရန်

ရင့်ကျက်သွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်အတွက် ပြောင်းလဲသွားတဲ့ အမြင် (၅)မျိုး

တည်ငြိမ်ရင့်ကျက်သွားတဲ့ မိန်းကလေးတွေက အလုပ်အကိုင်၊ ပညာရေး၊ လူမှုရေးစတောတွေနဲ့ပတ်သက်လို့ ကိုယ့်ရဲ့ ခံယူချက်အမြင်တွေ ပြောင်းလဲလာပြီး အချစ်ရေးနဲ့ပတ်သက်လို့လည်း အမြင်တွေအယူအဆတွေကပြောင်းလာပါတယ်။ ဒီတော့ တည်ငြိမ်ရင့်ကျက်လာတဲ့ မိန်းကလေးတစ်ယောက်က အချစ်နဲ့ပတ်သက်လို့ အယူအဆအမြင်လေးတွေဘယ်လိုပြောင်းလဲသွားလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

(၁) ကိုယ့်ကို ချဉ်းကပ်လာသူတိုင်းက ကိုယ့်ကို နားလည်ပေးလိမ့်မယ်လို့မထင်တော့ဘူး

အရင်က ကိုယ့်ကိုစိတ်ဝင်စားလို့ချဉ်းကပ်လာတဲ့သူတိုင်းက ကိုယ့်ကိုနားလည်လိမ့်မယ်လို့ မျှော်လင့်တတ်ပေမယ့် အခုတော့ သူတို့စိတ်ဝင်စားတာသည် ကိုယ့်ကိုနားလည်လို့ဆိုတာထက် တခြားအကြောင်းရင်းတွေကြောင့်ဖြစ်နိုင်တယ်လို့ တွေးတတ်နေပြီ။

(၂) တခြားလူကို မချစ်ခင် ကိုယ့်ကိုယ်ကို အရင်ချစ်ရမယ်

လူတစ်ယောက်ကို ချစ်မိတဲ့အချိန်မှာ သူကိုယ့်ကိုပြန်ချစ်ဖို့၊ သူကိုယ့်အပေါ်ကောင်းဖို့၊ ကိုယ့်ကို နားလည်ဖို့ စသဖြင့် မျှော်လင့်တတ်ကြပြီး ကိုယ်မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ကြေကွဲရပါတယ်။ ကိုယ်မျှော်လင့်သလိုဖြစ်မလာလို့ကြေကွဲရတာမျိုးမဖြစ်ချင်ရင် တခြားလူထက် ကိုယ့်ကိုယ်ကို ချစ်တာအကောင်းဆုံးလို့ နားလည်ထားပါတယ်။

(၃) လိုအပ်ရင်တစ်ကိုယ်ကောင်းဆန်ရမယ်

တစ်ယောက်ယောက်ကို ချစ်တဲ့အခါ ကိုယ့်အတွက်ကိုပဲရှေ့တန်းတင်မနေဘဲ သူ့ဘက်ကိုလည်း အမြဲထည့်စဉ်းစားပေးရပါတယ်။ ဒါပေမယ့် အလျှော့ပေး၊ အရှုံးပေးလွန်းတာမျိုးက အဆင်မပြေမှုတွေကို မပြေလည်စေတဲ့အပြင် ပိုဆိုးစေပါတယ်။ မိန်းကလေးတစ်ယောက် ရင့်ကျက်လာတဲ့အခါ ဒါကိုနားလည်လာပြီး လိုအပ်ရင် တစ်ကိုယ်ကောင်းဆန်ဖို့ လိုတယ်ဆိုတာသိလာပါတယ်။

(၄) အချစ်ခံချင်ရင်ချစ်တတ်ဖို့လည်းလိုတယ်

အချစ်မှာလည်း အသွားအပြန်လေး ရှိဖို့လိုတာကြောင့် ကိုယ်ကချည်းပဲ အချစ်ခံချင်လို့မရဘူး၊ ကိုယ့်ဘက်ကလည်း ချစ်တတ်ဖို့လည်း လိုတယ်ဆိုတာ ကောင်းကောင်းနားလည်လာပါတယ်။

(၅) အချစ်စစ်များဖြစ်နေမလားလို့မမျှော်လင့်တတ်တော့ဘူး

အရင်က ရင်ခုန်စိတ်လှုပ်ရှားမှုတိုင်းကို အချစ်စစ်များဖြစ်နေမလားလို့ တွေးမိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဖြစ်လာတဲ့ခံစားချက်တွေနဲ့ပတ်သက်လို့ အချစ်စစ်များလားဆိုပြီး မမျှော်လင့်တတ်တော့ဘူး။

credit :Auntymay

LEAVE A REPLY