Zawgyi ဖြင့်ဖတ်ရန်



 


 



Unicode ဖြင့်ဖတ်ရန်

ရွှေထူးရဲ့မွေးနေ့မှာ တန်ဖိုးကြီး GM8 ကားအပါအဝင် အဖိုးတန် လက်ဆောင်တွေနဲ့ Surprise လုပ်ခဲ့တဲ့ ရွှေမှုန်ရတီ

အနုပညာ လောကမှာ ရွှေနှစ်ရွှေလို့ လူသိများတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ ဟာဆိုရင် လူသိများပြီး နှစ်ဦးလုံးမှာလည်း ပရိသတ်ကိုယ်စီနဲ့ အားပေးမှုရှိကြသူတွေဖြစ် ပါတယ်။ သူတို့ဟာဆိုရင် မကြာသေးခင်ကမှ ဗြုန်းစားကြီး အမှတ်မထင် လက်ထပ် လိုက်တာကြောင့် ပရိသတ်ကို အံ့သြအမှတ်ရ စေခဲ့တဲ့ ဇနီးမောင်နှံ လည်းဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်မှုတွေကို အင်တာနက် လူမှုကွန်ရက်သတင်းတွေမှာ အမြဲတွေ့နေရတတ်ပါတယ်။ အရမ်းကို ချစ်ကြပြီးတော့ အရမ်းကို ကြင်နာကြတဲ့ ဇနီးမောင်နှံအဖြစ်လည်း ပရိသတ်က ပြောကြရတဲ့ အထိပါပဲ။ အခုတော့ ဇနီးသည် ရွှေမှုံရတီက ချစ်ခင်ပွန်း ရွှေထူးရဲ့ မွေးနေ့မှာ အရမ်းကို အဖိုးတန်တဲ့ လက်ဆောင်တွေနဲ့ Surprise လုပ်ခဲ့တယ်လို့ ရွှေမှုံရတီ ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြလာပါတယ်။

ချစ်ခင်ပွန်းတွက် တန်ဖိုးကြီး GM8 ကားအပါအဝင် အခြားတန်ဖိုးကြီး တာတွေ စုစုပေါင်း သိန်းပေါင်း ၁၅၀၀ အကုန်ခံပြီးတော့ ချစ်ခင်ပွန်းရဲ့ မွေးနေ့ကို ပျော်စေခဲ့ တယ်လို့ သိရပါတယ်။ ဒါဟာ သူမရဲ့ အချစ်ကိုလည်း ဖွင့်ဟပြလိုက်တဲ့ နည်းလမ်းတစ်ခုအဖြစ် ပရိသတ်က အသိအမှတ်ပြုကြပါတယ်။

ပရိသတ်ကြီးတို့အနေနဲ့လည်း ရွှေမှုံရဲ့ ချစ်ခင်ပွန်း ရွှေထူးရဲ့ မွေးနေ့လေးအတွက် ဆုတောင်း မေတ္တာလေး ပို့သပေးကြပါဦးနော်။

share from: burmese.asia

LEAVE A REPLY