Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ယောကျာ်းထုကြီးကို ချော့နည်းအသစ် အကြံပေးလိုက်တဲ့ရွှေထူး
ရွှေနှစ်ရွှေလို့ လူသိများတဲ့ သရုပ်ဆောင် ရွှေမှုံရတီ နဲ့ အဆိုတော် ရွှေထူးဟာ ဆိုရင် အနုပညာလောက သားတွေဖြစ်သလို အောင်မြင်မှုအသီးသီး ရရှိနေတဲ့စုံတွဲလေးလည်းဖြစ်ပါတယ်။ သူတို့ စုံတွဲလေးကတော့ သက်ဆိုင်ရာ နယ်ပယ်အလိုက်မှာ ပရိသတ် အသီးသီးရရှိထားကြ သူတွေဖြစ်ပြီးတော့..သူတို့ကိုလည်း လိုက်ဖက်လွန်းတဲ့ စုံတွဲလေးအဖြစ် ပရိသတ်က ချစ်ခင်ကြပါတယ်။
မကြာသေးတဲ့ ရက်ပိုင်းက ရွှေထူးရဲ့ မွေးနေ့မှာ ချစ်ဇနီးဖြစ်တဲ့ ရွှေမှုံရတီက သိန်း ၁၅၀၀ တောင် သုံးပြီး Brithday စပရိုက် လုပ်ခဲ့တာ အားလုံး သိမြင်ကြမှာပါ။ ဒါဟာ ရွှေထူးအပေါ်အလေးထားတာ ဖြစ်ပြီးတော့ အရမ်းလည်းချစ်တဲ့ ခင်ပွန်းလည်း ဖြစ်တာကြောင့် ဖြစ်တယ်လို့ အများက မှတ်ချက်ပြုကြပါတယ်။ရွှေထူးကလည်း သူ့ရဲ့ချစ်ဇနီးလေးရဲ့ သိတတ်မှုကို ကြည်နူးရသလို သူဟာ နိုင်ငံကျော်အဆိုတော် ဖြစ်နေပေမယ့် မိန်းမကားပဲ သုံးနေရခဲ့ရတာ အခုတော့ ချစ်ဇနိးက ကားဝယ်ပေးလို့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။
အခုတော့ သူတို့လင်မယား စုံတွဲလေးဟာ ဘာကို ကောက်နေကြတယ် မသိရပဲ ကောက်နေကြတယ်လို့ အဆိုတော် ရွှေထူးရေးတင်ထားတဲ့ လူမှုကွန်ရက်ပေါ်က စတေးတပ်တစ်ခုအရ သိရပါတယ်။ ထို့အတူပဲ အဆိုတော် ရွှေထူးက မိန်းမချောနည်းပါ အမျိုးသားထုကြီးအတွက် ပေးထားပါသေးတယ်။ သူပြောထားတာက “ကိုယ့် မိန်းကလေး ကိုယ်ဘာမှမလုပ်ပဲစိတ်ကောက်နေလား… ချော့ပါ…ချော့ပစ်ပါ… ငပေါကြီးဖြစ်နေပါစေဟာသတွေပြောပြီးချော့ပစ်ပါ…မှတ်ချက် – ဘာလို့ကောက်တာလဲမမေးပါနဲ့ အဲ့တာဟာအပြစ်ပိုကြီးတတ်ပါတယ် 😁” တဲ့..။
ကဲ.. ပရိသတ်ထဲက အမျိုးသားထုကြီးရေ.. ရွှေထူးပေးလိုက်တဲ့ အကြံသစ်လေးကို အခုဆို သိလောက်ပြီ ထင်ပါတယ်နော်။ ဒီအပေါ်မှာ အမျိုးသမီးထုအနေနဲ့ရော ကျေနပ်မှန်ကန်လားဆိုတာ ပြောပြပေးပါဦးနော်..။
Writer- SMT(Shwe Yaung Lan)
LEAVE A REPLY