Zawgyi ဖြင့်ဖတ်ရန်
စည်ဖြိုးကတော့
“ကျောက်မျက် အလုပ်ရယ် အနုပညာ အလုပ်ရယ်..ဘယ်ကပဲ ငွေဝင်ဝင် ကိုယ့်ကိုတော့အမြဲ ကန်တော့ရှာတယ်..ကိုယ့်မွေးလ ဆိုတော့ပိုထူးခြားသွားတာပေါ့..ကိုယ်ကလည်းဒါတွေအားလုံးစုပေးထားတာပါ..ကောင်းကျိုးလိုရာပြည့်စုံပါစေ……” ဆိုပြီး
Unicode ဖြင့်ဖတ်ရန်
ချစ်သူ ဖြစ်တဲ့ စည်ဖြိုးကို ကန်တော့ တာနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေကို တုန့်ပြန်လိုက်တဲ့ ခင်လွှမ်း
မော်ဒယ် သရုပ်ဆောင် ခင်လွှမ်းကတော့ ပရိသတ်ရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ အမိုက်စား ဘော်ဒီကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီးတော့ ရုပ်ရှင်မင်းသား စည်ဖြိုးရဲ့ ချစ်သူလေးလည်း ဖြစ်ပါတယ်။
မကြာသေးခင်က မင်းသား စည်ဖြိုးက သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ချစ်သူ ခင်လွှမ်းက သူ့ကို ရသမျှဝင်ငွေကို ကန်တော့တယ်ဆိုတဲ့ အကြောင်းလေးဟာ အတော်လေး လူပြောများလာတာကို တွေ့ရပါတယ်။
စည်ဖြိုးကတော့
“ကျောက်မျက် အလုပ်ရယ် အနုပညာ အလုပ်ရယ်..ဘယ်ကပဲ ငွေဝင်ဝင် ကိုယ့်ကိုတော့အမြဲ ကန်တော့ရှာတယ်..ကိုယ့်မွေးလ ဆိုတော့ပိုထူးခြားသွားတာပေါ့..ကိုယ်ကလည်းဒါတွေအားလုံးစုပေးထားတာပါ..ကောင်းကျိုုးလိုရာပြည့်စုံပါစေ……” ဆိုပြီး
စည်ဖြိုးက ချစ်သူလေးက ထိုင်ကန်တော့နေတဲ့ ပုံလေးကို တင်ထားတာကိုေ တွ့ရပါတယ်။ အဲ့ဒီ Post နဲ့ ပတ်သက်ပြီးတော့ မိဘကိုရော ကန်တော့ရဲ့လား ဆိုပြီး ခင်လွှမ်းအပေါ် ဝေဖန်မှုတွေ အမြောက်အများ ရင်ဆိုင်လာခဲ့ရပါတယ်။ ။
အဲ့ဒါနဲ့ ပတ်သက်ပြီး ခင်လွှမ်းကတော့ သူမရဲ့ FB မှာ အခုလိုပဲ ပြန်လည်ဖြေရှင်းထားတာကို တွေ့ရပါတယ်..
“မိဘကိုလည်း အမြဲကန်တော့တယ်. ကို့ဘဝလက်တွဲဖော်ကိုလည်း ကန်တော့တယ်. မိဘဆိုတာ အစားထိုးမရသလို ကို့ဘဝလက်တွဲဖော်ကိုလည်း အစားမထိုးနိုင်ပါဘူး …မိဘကို မျက်နှာအပျက်မခံသလို ကို့ဘဝလက်တွဲဖော်ကိုလည်း စိတ်မပျက်စေချင်ဘူး… မိဘကို မိဘအရာမှာ အမြတ်တနိုးတန်ဖိုးထားသလို ကို့ဘဝလက်တွဲဖော်လည်း ရိုရိုသေသေ အလေးထားပါတယ်… မိဘကိုစော်ကားတာမျိုး ဘယ်တော့မှအဖြစ်မခံသလို ကို့ဘဝလက်တွဲဖော်ကိုလည်း ဘယ်တော့မှအထိပါးမခံနိုင်ပါဘူး … ဘယ်အရာမဆို သဟဇာတ ဖြစ်နေမှ ရည်ရှည်တည်တံ့နိုင်တာ …ဒါက ကျွန်မ ခံယူချက် 🙏🙏🙏…………….” ဆိုပြီး ခင်လွှမ်းက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။ကဲ ပရိသတ်ကြီးရေ အခုလောက်ဆို ခင်လွှမ်း ရဲ့ သဘောထားလေးကို သိလောက်ပါပြီနော်။
Writer- SMT(Shwe Yaung Lan)
LEAVE A REPLY