Zawgyi ျဖင့္ဖတ္ရန္

သင္အေနနဲ႔ လုံေလာက္တဲ့ အိပ္္စက္မႈ မရွိရင္ သင့္ရဲ႕ ဦးေႏွာက္နဲ႔ ခႏၶာကိုယ္မွာ ဘာေလာက္အထိ သက္ေရာက္ျဖစ္ေပၚလဲဆိုတာကို အေမရိကန္ ကယ္လီဖိုးနီယားတကၠသိုလ္က အာ႐ုံေၾကာႏွင့္္ စိတ္ပညာ ပါေမာကၡက မက္ဒ႐ူးေဝါကာက တင္ျပထားပါတယ္။

အိပ္ေရးမဝရင္ သင့္္ရဲ႕ ဦးေႏွာက္ဟာ မွတ္ဉာဏ္သစ္ေတြကို မွတ္သားႏိုင္စြမ္း မရွိေတာ့ပါ။ အိပ္စက္ျခင္း ခ်ိဳ႕တဲ့သူဟာ ဦးေႏွာက္ရဲ႕ မွတ္္ဉာဏ္သိုေလွာင္ရာက မွတ္သားစရာ အသစ္ေတြကို ပိတ္ထားလိုက္တဲ့အတြက္ သင့္အေနနဲ႔ အခ်က္အလက္ အေတြ႕အႀကဳံသစ္ေတြကို မွတ္သားႏိုင္စြမ္း ရွိေတာ့မွာ မဟုတ္ပါ။

ဒါအျပင္ beta-amyloid လို႔ ေခၚတဲ့ အဆိပ္ျဖစ္ ပ႐ိုတိန္္းဓာတ္္ေတြလည္း ဦးေႏွာက္ထဲမွာ မ်ားျပားဖြံ႕ၿဖိဳးေစပါတယ္။ ဒီ ဓာတ္ဟာ အယ္္ဇိုင္းမားေရာဂါနဲ႔ ဆက္ႏြယ္တဲ့ ဓာတ္ျဖစ္ပါတယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္္ေပ်ာ္ခ်ိန္မွာ ဦးေႏွာက္ရဲ႕ အညစ္အေၾကးသန႔္စနစ္က အျမင့္ဆုံး အလုပ္လုပ္ၿပီး ဒီ အဆိပ္ျဖစ္ ပ႐ိုတိန္းေတြကို စတင္ဖယ္ရွားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ညစဥ္ အိပ္စက္ခ်ိန္နည္းပါးတာဟာ အယ္ဇိုင္္းမားနဲ႔ ဆက္ႏြယ္တဲ့ ပ႐ိုတိန္းေတြ ပိုၿပီးဖြံ႕ၿဖိဳးတည္ေဆာက္တာေၾကာင့္ ဘဝေနာက္ပိုင္းမွာ ဒီေရာဂါျဖစ္္ႏိုင္တဲ့ေဘး အလြန္ကို ျမင့္မားတာပဲ ျဖစ္ပါတယ္။

အိပ္ေရးမဝတာေၾကာင့္ ခႏၶာကိုယ္မွာ သက္ေရာက္မႈေတြကေတာ့ ေတာ္ေတာ္ေလးကို မ်ားပါတယ္။ ပထမအခ်က္အေနနဲ႔ ေျပာရရင္ မ်ိဳးပြားစနစ္ကို သက္ေရာက္ၿပီး အသက္အ႐ြယ္ ပိုအိုမင္းေစတာပါ။ ညဖက္ ငါးနာရီ၊ ေျခာက္္နာရီပဲ အိပ္္ေလ့ရွိတဲ့ အမ်ိဳးသားေတြဟာ ကိုယ္ထက္ ဆယ္ႏွစ္ႏွစ္ေလာက္ႀကီးတဲ့ သူေတြမွာ ရွိတဲ့ ေဝွးေစ့ေဟာ္္မုန္းအဆင့္မ်ိဳး ေရာက္ပါတယ္္။ ဒါေၾကာင့္ အိပ္္ေရးမဝသူေတြဟာ သုတ္အားနဲ႔ ခႏၶာသြင္ျပင္ပိုင္းမွာ ဆယ္ႏွစ္္ေလာက္ ပိုအိုစာေစတာ ျဖစ္ပါတယ္။

ကိုယ္ခံစြမ္းအားစနစ္ကို အိ္ပ္္ေရးမဝတာက ေကာင္းေကာင္းသက္ေရာက္တယ္္ဆိုတာ သိၿပီး ျဖစ္မွာပါ။ တညကို ေလးနာရီနဲ႔ ငါးနာရီပဲ အိပ္ရင္ ကင္ဆာတိုက္ဖ်က္ေရး ကိုယ္ခံအားစနစ္ဆဲလ္ေတြ ထုတ္လုပ္ႏႈန္း ရ၀ ရာခိုင္ႏႈန္း ေလ်ာ့က်ပါတယ္။ ဒါေၾကာင့္္ အိပ္္ေရးမဝတာဟာ အမ်ိဳးမ်ိဳးေသာ ကင္္ဆာေတြကို လက္ယပ္ေခၚတာပဲ ျဖစ္ပါတယ္။

အိပ္္ေရးမဝတာက အာ႐ုံေၾကာေသြးလည္ပတ္မႈ စနစ္ကိုလည္း သက္ေရာက္ပါတယ္။ ညပိုင္္း ႏွစ္္ႏွစ္ၿခိဳက္္ၿခိဳက္ အိပ္ေနၿပီဆိုရင္ ေသြးေပါင္ခ်ိန္ဟာ အံ့အားသင့္စဖြယ္ သက္ေရာက္တာကို ေတြ႕ရပါတယ္။ ႏွလုံးခုန္ႏႈန္္း က်လာၿပီး ေသြးေပါင္္လည္း က်လာပါတယ္။

အိပ္ခ်ိန္တာ မျပည့္ဝဘူးဆိုရင္ အာ႐ုံေသြးလည္ပတ္စနစ္ကို မျမႇင့္တင္ေပးႏိုင္တာေၾကာင့္ ေသြေပါင္တက္လာေတာ့မွာပဲ ျဖစ္ပါတယ္။

Writer_ေမာင္သံဆင့္(XYZ News)

Unicode ဖြင့်ဖတ်ရန်

အိပ်ရေးမဝရင် သင့် ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်လာမလဲ

သင်အနေနဲ့ လုံလောက်တဲ့ အိပ်စက်မှု မရှိရင် သင့်ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာ ဘာလောက်အထိ သက်ရောက်ဖြစ်ပေါ်လဲဆိုတာကို အမေရိကန် ကယ်လီဖိုးနီယားတက္ကသိုလ်က အာရုံကြောနှင့် စိတ်ပညာ ပါမောက္ခက မက်ဒရူးဝေါကာက တင်ပြထားပါတယ်။

အိပ်ရေးမဝရင် သင့်ရဲ့ ဦးနှောက်ဟာ မှတ်ဉာဏ်သစ်တွေကို မှတ်သားနိုင်စွမ်း မရှိတော့ပါ။ အိပ်စက်ခြင်း ချို့တဲ့သူဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်သိုလှောင်ရာက မှတ်သားစရာ အသစ်တွေကို ပိတ်ထားလိုက်တဲ့အတွက် သင့်အနေနဲ့ အချက်အလက် အတွေ့အကြုံသစ်တွေကို မှတ်သားနိုင်စွမ်း ရှိတော့မှာ မဟုတ်ပါ။

ဒါအပြင် beta-amyloid လို့ ခေါ်တဲ့ အဆိပ်ဖြစ် ပရိုတိန်းဓာတ်တွေလည်း ဦးနှောက်ထဲမှာ များပြားဖွံ့ဖြိုးစေပါတယ်။ ဒီ ဓာတ်ဟာ အယ်ဇိုင်းမားရောဂါနဲ့ ဆက်နွယ်တဲ့ ဓာတ်ဖြစ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချိန်မှာ ဦးနှောက်ရဲ့ အညစ်အကြေးသန့်စနစ်က အမြင့်ဆုံး အလုပ်လုပ်ပြီး ဒီ အဆိပ်ဖြစ် ပရိုတိန်းတွေကို စတင်ဖယ်ရှားတာ ဖြစ်ပါတယ်။

ဒါကြောင့် ညစဉ် အိပ်စက်ချိန်နည်းပါးတာဟာ အယ်ဇိုင်းမားနဲ့ ဆက်နွယ်တဲ့ ပရိုတိန်းတွေ ပိုပြီးဖွံ့ဖြိုးတည်ဆောက်တာကြောင့် ဘဝနောက်ပိုင်းမှာ ဒီရောဂါဖြစ်နိုင်တဲ့ဘေး အလွန်ကို မြင့်မားတာပဲ ဖြစ်ပါတယ်။

အိပ်ရေးမဝတာကြောင့် ခန္ဓာကိုယ်မှာ သက်ရောက်မှုတွေကတော့ တော်တော်လေးကို များပါတယ်။ ပထမအချက်အနေနဲ့ ပြောရရင် မျိုးပွားစနစ်ကို သက်ရောက်ပြီး အသက်အရွယ် ပိုအိုမင်းစေတာပါ။ ညဖက် ငါးနာရီ၊ ခြောက်နာရီပဲ အိပ်လေ့ရှိတဲ့ အမျိုးသားတွေဟာ ကိုယ်ထက် ဆယ်နှစ်နှစ်လောက်ကြီးတဲ့ သူတွေမှာ ရှိတဲ့ ဝှေးစေ့ဟော်မုန်းအဆင့်မျိုး ရောက်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝသူတွေဟာ သုတ်အားနဲ့ ခန္ဓာသွင်ပြင်ပိုင်းမှာ ဆယ်နှစ်လောက် ပိုအိုစာစေတာ ဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားစနစ်ကို အိပ်ရေးမဝတာက ကောင်းကောင်းသက်ရောက်တယ်ဆိုတာ သိပြီး ဖြစ်မှာပါ။ တညကို လေးနာရီနဲ့ ငါးနာရီပဲ အိပ်ရင် ကင်ဆာတိုက်ဖျက်ရေး ကိုယ်ခံအားစနစ်ဆဲလ်တွေ ထုတ်လုပ်နှုန်း ရ၀ ရာခိုင်နှုန်း လျော့ကျပါတယ်။ ဒါကြောင့် အိပ်ရေးမဝတာဟာ အမျိုးမျိုးသော ကင်ဆာတွေကို လက်ယပ်ခေါ်တာပဲ ဖြစ်ပါတယ်။

အိပ်ရေးမဝတာက အာရုံကြောသွေးလည်ပတ်မှု စနစ်ကိုလည်း သက်ရောက်ပါတယ်။ ညပိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်နေပြီဆိုရင် သွေးပေါင်ချိန်ဟာ အံ့အားသင့်စဖွယ် သက်ရောက်တာကို တွေ့ရပါတယ်။ နှလုံးခုန်နှုန်း ကျလာပြီး သွေးပေါင်လည်း ကျလာပါတယ်။

အိပ်ချိန်တာ မပြည့်ဝဘူးဆိုရင် အာရုံသွေးလည်ပတ်စနစ်ကို မမြှင့်တင်ပေးနိုင်တာကြောင့် သွေပေါင်တက်လာတော့မှာပဲ ဖြစ်ပါတယ်။

Writer_မောင်သံဆင့်(XYZ News)

LEAVE A REPLY