Zawgyi ျဖင့္ဖတ္ရန္

 

ဆင္းရဲမႈေတြနဲ႔ စတင္ခဲ့ရတဲ့ အိမ္ေထာင္ေရးဘဝျဖစ္ပါတယ္။စမိုင္းလ္ တို႔ ဇနီးေမာင္ႏွံကေတာ့ အိမ္ေထာင္သက္တမ္း ၁၅ ႏွစ္ျပည့္ၿပီျဖစ္ပါတယ္။ ၂၀၀၄ ခုႏွစ္ စက္တင္ဘာလ ၁၇ ရက္ေန႔မွာ ဒုကၡဆင္းရဲေတြၾကားက က်င္းပခဲ့ရတဲ့ မဂၤလာပြဲေလးကို ဘယ္ေတာ့မွ မေမ့ဘူးလို႔ ခင္ပြန္းျဖစ္သူ ကိုျပည့္ေမာင္က ေျပာခဲ့ပါတယ္။

 

သ႐ုပ္ေဆာင္ စမိုင္းလ္ နဲ႔ ခင္ပြန္းျဖစ္သူ ကိုျပည့္ေမာင္ တိို႔ဟာ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၁၇ ရက္ေန႔မွာ အိမ္ေထာင္သက္တမ္း ၁၅ ႏွစ္ျပည့္ခဲ့ၿပီလို႔ သိရပါတယ္။ အခက္အခဲေတြၾကားက မဂၤလာပြဲက်င္းပခဲ့ရတဲ့ အခ်ိန္ေတြကို စမိုင္းလ္ရဲ႕ ခင္ပြန္းျဖစ္သူ ကိုျပည့္ေမာင္က အခုလို ေျပာျပထားပါတယ္။

‘’September 17th 2004. ၂ေယာက္သားေက်ာင္းတက္ရင္းဘိုက္ႀကီး၊ငယ္လည္း ငယ္ေသးေတာ့ ဘာလုပ္ရမွန္းလဲမသိ။ မဂၤလာသြားေဆာင္ေတာ့မိန္းမဗိုက္ ၆လ။ အဲဒီ Wedding Dress ကဆိုင္ကေန £99 နဲ႔သြားဝယ္ၿပီး ညေနခ်က္ခ်င္းျပန္သြားၿပီး refund လုပ္ခဲ့တဲ့ dress ေလး။ Suit က Bouncer လုပ္ေတာ့ Security company ကေပးတဲ့ uniform. ဖိတ္ထားတဲ့လူ ၅ေယာက္ကို ပြဲၿပီး Lunch ေႂကြးဖို႔ပိုက္ဆံမရွိလို႔ သူတို႔ကျပန္ေႂကြးသြားၾကတယ္’’ လို႔ အစပ်ိဳးရင္း ေျပာျပခဲ့ပါတယ္။

 

ဒုကၡ၊ အခက္အခဲေတြရင္ဆိုင္ေနရတဲ့အခ်ိန္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ေမတၱာစစ္၊ ေမတၱာမွန္နဲ႔ ေဖးမ ကူညီရင္း ျဖတ္သန္းခဲ့ရတယ္လို႔ ကိုျပည့္ေမာင္က ေျပာပါတယ္။

‘’ဒါေပမဲ့အဲဒီလြန္ခဲ့ေသာ ၁၅ႏွစ္က တစ္ေယာက္ နဲ႔ တစ္ေယာက္ ကတိေပးခဲ့တယ္ For Better or For Worse.. Till Death Do Us Part. ဗိုက္ထဲကသမီးေလး ကိုယ္ေတြလိုဘယ္ေတာ့မွမမြဲရဘူး ဆိုုၿပီး ႏွစ္ေယာက္စလုံး ႐ုန္းကန္ႀကိဳးစားခဲ့တာဒီေန႔ထိပဲ’’ ဆိုၿပီးေတာ့ စက္တင္ဘာလ ၁၇ ရက္ေန႔ မနက္ ၈ နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာေရးသားခဲ့ပါတယ္။

ေငြေၾကးဆင္းရဲခ်ိန္အခါက ခက္ခက္ခဲခဲေဆာင္ခဲ့ရတဲ့ မဂၤလာပြဲေလးကိုေတာ့ ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ပါဘူးတဲ့။ ဒါေၾကာင့္လည္း အဲဒီအခ်ိန္တုန္းက ဝယ္ဝတ္ခဲ့ရတဲ့ မဂၤလာလက္စြပ္ေလးကို ဘယ္ေတာ့မွ မခြၽတ္ဘူးလို႔လည္း ကိုျပည့္ေမာင္က ေျပာပါတယ္။

‘’အမွတ္တရကေတာ့ လက္ထပ္လက္စြတ္ £15 တန္ ၁ကြင္းပဲဝယ္ႏိုင္လို႔ လက္စြပ္ဝတ္ေပးတဲ့အခ်ိန္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ဝတ္လိုက္ခြၽတ္လိုက္နဲ႔ ၁ကြင္းထဲကိုလဲလိုက္တယ္။ မဂၤလာေဆာင္ေပးတဲ့လူေတာင္ရယ္တယ္။အဲဒီ £15 တန္လက္စြပ္ကြၽန္ေတာ္ဒီေန႔ထိဝတ္တုန္းပဲ။ ဘယ္လက္စြပ္နဲ႔မွတန္ဖိုးမတူဘူး။ဘယ္အေျခေနဘယ္လိုပဲေရာက္ေရာက္ဒီပုံထဲကလိုအၿမဲေမာင့္ေဘးမွာၿပဳံးေနေပးတဲ့အတြက္ ေက်းဇူးပါ။ HAPPY ANNIVERSARY CHIT’’ ဆိုၿပီးေတာ့လည္း ဆက္လက္ေရးသားခဲ့ပါတယ္။

သ႐ုပ္ေဆာင္စမိုင္းလ္ (Smile) ဟာ အခုဆိုရင္ စမိုင္းလ္႐ုပ္ရွင္ထုတ္လုပ္ေရးကိုပါ ဦးေဆာင္ေနသလို ပရိသတ္နဲ႔ အဆက္အသြယ္မျပတ္ဖို႔ သ႐ုပ္ေဆာင္ အလုပ္ေတြပါ ျပန္လုပ္ေနၿပီလို႔ သိရပါတယ္။ အဲ့ဒီေနာက္ အလႉအတန္းေတြလည္း မၾကာခဏဆိုသလို ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။ လက္ရွိမွာေတာ့ သူခ်စ္ရတဲ့ ခင္ပြန္းရယ္၊ သမီးေလး ႏွစ္ေယာက္ရယ္ နဲ႔ေပ်ာ္႐ႊင္စရာမိသားစုဘဝေလးကို ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

Credit :duwun

Unicode ဖြင့်ဖတ်ရန်

အိမ်ထောင်သက်တမ်း ၁၅ နှစ်ပြည့်ပြီဖြစ်တဲ့ စမိုင်းလ် တို့ ဇနီးမောင်နှံ

ဆင်းရဲမှုတွေနဲ့ စတင်ခဲ့ရတဲ့ အိမ်ထောင်ရေးဘဝဖြစ်ပါတယ်။စမိုင်းလ် တို့ ဇနီးမောင်နှံကတော့ အိမ်ထောင်သက်တမ်း ၁၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဒုက္ခဆင်းရဲတွေကြားက ကျင်းပခဲ့ရတဲ့ မင်္ဂလာပွဲလေးကို ဘယ်တော့မှ မမေ့ဘူးလို့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်က ပြောခဲ့ပါတယ်။

 

သရုပ်ဆောင် စမိုင်းလ် နဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင် တို့ဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ အိမ်ထောင်သက်တမ်း ၁၅ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အခက်အခဲတွေကြားက မင်္ဂလာပွဲကျင်းပခဲ့ရတဲ့ အချိန်တွေကို စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်က အခုလို ပြောပြထားပါတယ်။

‘’September 17th 2004. ၂ယောက်သားကျောင်းတက်ရင်းဘိုက်ကြီး၊ငယ်လည်း ငယ်သေးတော့ ဘာလုပ်ရမှန်းလဲမသိ။ မင်္ဂလာသွားဆောင်တော့မိန်းမဗိုက် ၆လ။ အဲဒီ Wedding Dress ကဆိုင်ကနေ £99 နဲ့သွားဝယ်ပြီး ညနေချက်ချင်းပြန်သွားပြီး refund လုပ်ခဲ့တဲ့ dress လေး။ Suit က Bouncer လုပ်တော့ Security company ကပေးတဲ့ uniform. ဖိတ်ထားတဲ့လူ ၅ယောက်ကို ပွဲပြီး Lunch ကြွေးဖို့ပိုက်ဆံမရှိလို့ သူတို့ကပြန်ကြွေးသွားကြတယ်’’ လို့ အစပျိုးရင်း ပြောပြခဲ့ပါတယ်။

Photo: Pyae Maung

ဒုက္ခ၊ အခက်အခဲတွေရင်ဆိုင်နေရတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ဖေးမ ကူညီရင်း ဖြတ်သန်းခဲ့ရတယ်လို့ ကိုပြည့်မောင်က ပြောပါတယ်။

‘’ဒါပေမဲ့အဲဒီလွန်ခဲ့သော ၁၅နှစ်က တစ်ယောက် နဲ့ တစ်ယောက် ကတိပေးခဲ့တယ် For Better or For Worse.. Till Death Do Us Part. ဗိုက်ထဲကသမီးလေး ကိုယ်တွေလိုဘယ်တော့မှမမွဲရဘူး ဆိုပြီး နှစ်ယောက်စလုံး ရုန်းကန်ကြိုးစားခဲ့တာဒီနေ့ထိပဲ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

ငွေကြေးဆင်းရဲချိန်အခါက ခက်ခက်ခဲခဲဆောင်ခဲ့ရတဲ့ မင်္ဂလာပွဲလေးကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးတဲ့။ ဒါကြောင့်လည်း အဲဒီအချိန်တုန်းက ဝယ်ဝတ်ခဲ့ရတဲ့ မင်္ဂလာလက်စွပ်လေးကို ဘယ်တော့မှ မချွတ်ဘူးလို့လည်း ကိုပြည့်မောင်က ပြောပါတယ်။

‘’အမှတ်တရကတော့ လက်ထပ်လက်စွတ် £15 တန် ၁ကွင်းပဲဝယ်နိုင်လို့ လက်စွပ်ဝတ်ပေးတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်ဝတ်လိုက်ချွတ်လိုက်နဲ့ ၁ကွင်းထဲကိုလဲလိုက်တယ်။ မင်္ဂလာဆောင်ပေးတဲ့လူတောင်ရယ်တယ်။အဲဒီ £15 တန်လက်စွပ်ကျွန်တော်ဒီနေ့ထိဝတ်တုန်းပဲ။ ဘယ်လက်စွပ်နဲ့မှတန်ဖိုးမတူဘူး။ဘယ်အခြေနေဘယ်လိုပဲရောက်ရောက်ဒီပုံထဲကလိုအမြဲမောင့်ဘေးမှာပြုံးနေပေးတဲ့အတွက် ကျေးဇူးပါ။ HAPPY ANNIVERSARY CHIT’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။

သရုပ်ဆောင်စမိုင်းလ် (Smile) ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Credit :duwun

LEAVE A REPLY