Zawgyi ဖြင့်ဖတ်ရန်













(၇) အချိုရည်သောက်ခြင်း







Credit :auntymay

Unicode ဖြင့်ဖတ်ရန်

ဆေးလိပ်သောက်တာထက်တောင် ကျန်းမာရေးကို ပိုထိခိုက်စေနိုင်တဲ့ အမူအကျင့်(၁၀)မျိုး

လူတော်တော်များများက အသင့်စားအစားအစာတွေစားတာ၊ ဆေးလိပ်သောက်တာတွေက ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ယူဆကြပေမယ့် အမှတ်မထင် လုပ်နေမိတဲ့ အမူအကျင့်လေးတချို့ကလည်း ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်မှုဖြစ်စေတယ်ဆိုတာ မသိကြပါဘူး။ ဒါကြောင့် အားလုံးသတိထား ဆင်ခြင်နိုင်ဖို့ ကျန်းမာရေးကို ထိခိုက်စေတဲ့နေ့စဉ်လုပ်နေကျ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရနွေးနဲ့လက်ဆေးခြင်း

ရေနွေးနဲ့လက်ဆေးခြင်းက မကောင်းတဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီး ကောင်းမွန်တဲ့ ဘက်တီးရီးယားနဲ့ အရေပြားဆဲလ်အချို့ကိုလည်းပျက်စီးစေပါတယ်။ ဒါကြောင့် အမြဲတမ်းအဲ့လိုဆေးကြောမယ်ဆိုရင် လက်အသားအရေအေလွန်အမင်းခြောက်သွေ့အက်ကွဲခြင်းအပြင် ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်လွယ်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။

(၂) ဘောင်းဘီအနောက်အိတ်ထဲခေါက်ပိုက်ဆံအိတ်ထည့်ခြင်း
ဘောင်းဘီအနောက်အိတ်ကပ်ထဲကို ခေါက်ပိုက်ဆံအိတ် ထည့်ထားရင် ထိုင်လိုက်တဲ့အချိန်မှာ ခါးကိုစောင်းပြီး ထိုင်ရတဲ့အတွက် ကျောရိုးက အနည်းငယ်စောင်းနေပါတယ်။ ဒီလိုထိုင်တာက ခဏလေးပဲဆိုရင်တောင် မကြာခဏ လုပ်မိနေရင် ကြာလာတဲ့အခါ ကျောရိုးပုံစံပျက်လာပြီး ခါးနဲ့နောက်ကျောမှာ ပြဿနာတွေဖြစ်လာပါလိမ့်မယ်။

(၃) ပလတ်စတစ်ဘူးထဲကရေသောက်ခြင်း
ပလတ်စတစ်ဘူးထဲမှာ အချိန်ကြာကြာသိုလှောင်ထားတဲ့ရေထဲမှာ အဆိပ်အတောက် ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ (bisphenol A) ပါဝင်နေတာကြောင့် ပလတ်စတစ်ဘူးနဲ့ ထည့်ထားတဲ့ရေကို အမြဲသောက်မယ်ဆိုရင် ဟော်မုန်းစနစ်ကိုထိခိုက်စေပြီး ၊ အမျိုးသမီးတွေမှာ ရင်သားကင်ဆာကိုဖြစ်စေနိုင်ပါတယ်။

(၄) အစားကိုမြန်မြန်စားခြင်း
အစားကိုမြန်မြန်စားခြင်းက ကိုယ်အလေးချိန်မြန်မြန်တက်စေတဲ့အပြင် heart attack ကိုလည်း ပိုဖြစ်နိုင်စေပါတယ်။ ဒါကြောင့် အစားစားတဲ့အခါ အနည်းဆုံး မိနစ် ၂၀ လောက် အချိန်ယူပြီးစားသင့်ပါတယ်။

(၅) နားကျပ်ဂွမ်းတံအသုံးပြုခြင်း

နားကျပ်ဂွမ်းတံလေးတွေက နားထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အပြင် နားအတွင်းဘက်တီးရီးယားနဲ့ဖုန်မှုန့်တွေမဝင်အောင် တားဆီးပေးတဲ့ဖယောင်းလွှာလေးကို ပျက်စီးစေပါတယ်။ ဒါကြောင့် အဲ့ဒီဂွမ်းတံလေးတွေနဲ့ အတွင်းပိုင်းထိ သန့်စင်မယ့်အစား အပြင်ပိုင်းမှာ တာဝါအသန့်လေးနဲ့ သုတ်ပေးပါ။

(၆) လက်အခြောက်ခံစက်သုံးခြင်း
သန့်စင်ခန်းတွေထဲက လက်အခြောက်ခံစက်တွေကို အသုံးပြုတဲ့အခါ အဲ့ဒီအခန်းထဲမှာရှိတဲ့ ရောဂါပိုးမွှားအမျိုးမျိုးကို ကိုယ့်လက်ပေါ်ကိုရောက်ရှိလာစေပါတယ်။ ဒါကြောင့် လက်အခြောက်ခံစက်အစား တစ်သျှူးကို သုံးပါ။

(၇) အချိုရည်သောက်ခြင်း

အချိုရည်တွေမှာပါဝင်တဲ့ သကြားပမာဏက ကြောက်စရာကောင်းလောက်အောင် များပါတယ်။ တစ်နေ့တစ်ခွက်လောက်သောက်တယ်ဆိုရင်တောင် ရက်ရှည်သောက်သုံးမယ်ဆိုရင် အဝလွန်ခြင်း၊ ဆီးချိုရောဂါ စတာတွေဖြစ်လာနိုင်ပါတယ်။

(၈) အငန်များများစားခြင်း
အငန်များတဲ့ အစားအစာတွေကို တစ်နေ့နည်းနည်းပဲ စားပေမယ့် ရေရှည်ဆိုရင် သွေးတိုးရောဂါ၊ နှလုံးရောဂါ နဲ့ အစာအိမ်ကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် အငန်ကိုလျှော့စားပါ။

(၉) တစ်နေကုန်ထိုင်ခြင်း
တစ်နေကုန် ထိုင်ရာမထ အလုပ်လုပ်ခြင်းက ခန္ဓာကိုယ်ထဲက ကယ်လိုရီတွေကို မချေဖျက်နိုင်ခြင်းကိုဖြစ်စေတာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကို ပုံမမှန်ဖြစ်စေပြီး အစားစားချင်စိတ်လျော့နည်းတာ၊ ညဘက်အိပ်မပျော်တာ၊ ကိုယ်အလေးချိန်တက်လာတာတွေအပြင် နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါ၊ ဆီးချိုရောဂါ နဲ့ အရွယ်မတိုင်မီသေဆုံးခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေကုန်ထိုင်ရတဲ့အလုပ်လုပ်တဲ့သူတွေက မကြာခဏလမ်းထလျှောက်ပေးဖို့လိုပါတယ်။

(၁၀) နာရီများစွာဆက်တိုက်အိပ်ခြင်း
အိပ်ချိန်လုံလောက်အောင် အိပ်တာကကောင်းပါတယ်။ ဒါပေမယ့် လူတစ်ယောက်က ပုံမှန် ၇ နာရီ နဲ့ ၉ နာရီကြားအိပ်စက်ရင် လုံလောက်ပါပြီ။ ဒီထက်ပိုအိပ်မယ်ဆိုရင် ဦးနှောက်စွမ်းဆောင်ရည်လျော့ကျခြင်းကြောင့် မှတ်ဉာဏ်စွမ်းရည်ကျဆင်းလာခြင်း၊ အဝလွန်ခြင်း၊ စိတ်ကျရောဂါ၊ နှလုံးရောဂါနဲ့ အရွယ်မတိုင်ခင်သေဆုံးခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

Credit :auntymay

LEAVE A REPLY