Zawgyi ျဖင့္ဖတ္ရန္

 

သင္သာေႁမြေၾကာက္တတ္တဲ့သူဆိုရင္၁၈ေပရွိတဲ့ျမန္မာစပါးႀကီးေႁမြ၄ေကာင္နဲ႔ႏွိပ္တာကိုလက္ခံႏိုင္မယ္ထင္ပါသလား။ရဲရင့္တဲ့ဖိလစ္ပိုင္ကေကာင္မေလးကေတာ့ဒါကိုသည္းခံခဲ့ပါတယ္။

ေၾကာက္စိတ္ဆိုတာကေတာ့စိတ္ထဲကေနအလိုအေလ်ာက္တုန႔္ျပန္တဲ့အရာတခုပါ။အျမင့္ေၾကာက္တဲ့သူကျမင့္တဲ့ေနရာကေနျပဳတ္က်ရင္ေသမယ္လိုယုံၾကည္ၾကၿပီးလွ်ပ္စီးကိုေၾကာက္တဲ့သူကျမင္တာနဲ႔လန႔္ပါတယ္။တိရစာၦန္ေၾကာက္တတ္တဲ့သူေတြကေတာ့ဝက္ဝံေတြကိုက္မွာငါးမန္းေတြတိုက္ခိုက္မွာကိုလဲေၾကာက္ၾကပါတယ္။

 

ေရာဂါကုသူေတြရဲ႕အေျပာအရေၾကာက္စိတ္ကိုေက်ာ္လႊားဖို႔နည္းတခုကေတာ့ထိပ္တိုက္ရင္ဆိုင္တာပါပဲ။အသက္ ၁၉ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ဖိလစ္ပိုင္ေကာင္မေလးလုပ္သလိုမ်ိဳးေပါ့။

ဆန္းရႈိင္းကတကယ္ပဲေႁမြေတြကိုအရမ္းေၾကာက္ခဲ့တာပါ။ဆန္းရႈိင္းဆိုတဲ့ေကာင္မေလးကေႁမြကိုေသေအာင္ေၾကာက္ပါတယ္။အဲဒီစိတ္ကိုေက်ာ္လႊားဖို႔ကသူမရဲ႕ပန္းတိုင္ပါ။အဲဒါေၾကာင့္လူသိပ္မ်ားမ်ားမလုပ္ႏိုင္ေလာက္မယ့္နည္းကိုလုပ္ဖို႔လက္ခံခဲ့ပါတယ္။ေႁမြနဲ႔အႏွိပ္ခံျခင္းကိုလက္ခံခဲ့တာပါပဲ။ဒီအႀကံကိုဓာတ္ပုံဆရာမက္လင္းဆိုသူကစီဘူတိရစာၦန္႐ုံမွာေႁမြနဲ႔ႏွိပ္ခြင့္ေပးတယ္ဆိုတဲ့အေၾကာင္းၾကားၿပီးေျပာျပခဲ့တာပါ။

တိရစာၦန္႐ုံမန္ေနဂ်ာဂိုဗာနီ႐ိုမာရိတ္နဲ႔အၾကာႀကီးေဆြးေႏြးၿပီးတဲ့ေနာက္မွာဆန္းရႈိင္းကေၾကာက္စိတ္ေက်ာ္လႊားဖို႔လက္ခံခဲ့ပါတယ္။ႏွိပ္တာမစခင္မွာေႁမြထိန္းသူေတြကဒီျမန္မာစပါးႀကီးေႁမြေလးေကာင္ကိုတေကာင္ခ်င္းစီကိုဆယ္နပ္စာအဝအလင္ေကြၽးၿပီးၿပီျဖစ္လို႔သူမကိုထပ္ၿပီးမစားႏိုင္ဘူးဆိုတာေသခ်ာေအာင္ေျပာျပပါတယ္။

စႏွိပ္ႏွိပ္ခ်င္းမွာသူမကေၾကာက္လို႔တုန္ေနပါတယ္။တျဖည္းျဖည္းနဲ႔ေၾကာက္စိတ္ေလ်ာ့လာၿပီးေႁမြေတြကိုပြတ္၍အလွကိုလဲခ်ီးမြမ္းေပးႏိုင္လာပါတယ္။

၁၅မိနစ္အႏွိပ္ခံၿပီးတဲ့ေနာက္မွာသူမကဒီအေတြ႕အႀကဳံကိုႀကိဳက္လာၿပီးေႁမြမေၾကာက္ေတာ့ဘူးလို႔ဝန္ခံခဲ့ပါတယ္။

ဆန္းရႈိင္းရဲ႕ေႁမြေၾကာက္တဲ့ေရာဂါကိုေဖ်ာက္တဲ့နည္းကစိတ္ဝင္စားစရာပါပဲ။အဲဒီအေတြ႕အႀကဳံကိုသူမကသူငယ္ခ်င္းေတြကိုလဲမွ်ေဝေပးခဲ့ပါတယ္။

Writer -Min Thu (XYZ News )

Unicode ဖြင့်ဖတ်ရန်

မြွေကြောက်တဲ့ရောဂါရှိတဲ့ကောင်မလေးတယောက်ကမြန်မာစပါးကြီးမြွေနဲ့နှိပ်တာကိုလက်ခံ….

သင်သာမြွေကြောက်တတ်တဲ့သူဆိုရင်၁၈ပေရှိတဲ့မြန်မာစပါးကြီးမြွေ၄ကောင်နဲ့နှိပ်တာကိုလက်ခံနိုင်မယ်ထင်ပါသလား။ရဲရင့်တဲ့ဖိလစ်ပိုင်ကကောင်မလေးကတော့ဒါကိုသည်းခံခဲ့ပါတယ်။

ကြောက်စိတ်ဆိုတာကတော့စိတ်ထဲကနေအလိုအလျောက်တုန့်ပြန်တဲ့အရာတခုပါ။အမြင့်ကြောက်တဲ့သူကမြင့်တဲ့နေရာကနေပြုတ်ကျရင်သေမယ်လိုယုံကြည်ကြပြီးလျှပ်စီးကိုကြောက်တဲ့သူကမြင်တာနဲ့လန့်ပါတယ်။တိရစ္ဆာန်ကြောက်တတ်တဲ့သူတွေကတော့ဝက်ဝံတွေကိုက်မှာငါးမန်းတွေတိုက်ခိုက်မှာကိုလဲကြောက်ကြပါတယ်။

ရောဂါကုသူတွေရဲ့အပြောအရကြောက်စိတ်ကိုကျော်လွှားဖို့နည်းတခုကတော့ထိပ်တိုက်ရင်ဆိုင်တာပါပဲ။အသက် ၁၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ဖိလစ်ပိုင်ကောင်မလေးလုပ်သလိုမျိုးပေါ့။

ဆန်းရှိုင်းကတကယ်ပဲမြွေတွေကိုအရမ်းကြောက်ခဲ့တာပါ။

ဆန်းရှိုင်းဆိုတဲ့ကောင်မလေးကမြွေကိုသေအောင်ကြောက်ပါတယ်။အဲဒီစိတ်ကိုကျော်လွှားဖို့ကသူမရဲ့ပန်းတိုင်ပါ။အဲဒါကြောင့်လူသိပ်များများမလုပ်နိုင်လောက်မယ့်နည်းကိုလုပ်ဖို့လက်ခံခဲ့ပါတယ်။မြွေနဲ့အနှိပ်ခံခြင်းကိုလက်ခံခဲ့တာပါပဲ။ဒီအကြံကိုဓာတ်ပုံဆရာမက်လင်းဆိုသူကစီဘူတိရစ္ဆာန်ရုံမှာမြွေနဲ့နှိပ်ခွင့်ပေးတယ်ဆိုတဲ့အကြောင်းကြားပြီးပြောပြခဲ့တာပါ။

တိရစ္ဆာန်ရုံမန်နေဂျာဂိုဗာနီရိုမာရိတ်နဲ့အကြာကြီးဆွေးနွေးပြီးတဲ့နောက်မှာဆန်းရှိုင်းကကြောက်စိတ်ကျော်လွှားဖို့လက်ခံခဲ့ပါတယ်။နှိပ်တာမစခင်မှာမြွေထိန်းသူတွေကဒီမြန်မာစပါးကြီးမြွေလေးကောင်ကိုတကောင်ချင်းစီကိုဆယ်နပ်စာအဝအလင်ကျွေးပြီးပြီဖြစ်လို့သူမကိုထပ်ပြီးမစားနိုင်ဘူးဆိုတာသေချာအောင်ပြောပြပါတယ်။

စနှိပ်နှိပ်ချင်းမှာသူမကကြောက်လို့တုန်နေပါတယ်။တဖြည်းဖြည်းနဲ့ကြောက်စိတ်လျော့လာပြီးမြွေတွေကိုပွတ်၍အလှကိုလဲချီးမွမ်းပေးနိုင်လာပါတယ်။

၁၅မိနစ်အနှိပ်ခံပြီးတဲ့နောက်မှာသူမကဒီအတွေ့အကြုံကိုကြိုက်လာပြီးမြွေမကြောက်တော့ဘူးလို့ဝန်ခံခဲ့ပါတယ်။

ဆန်းရှိုင်းရဲ့မြွေကြောက်တဲ့ရောဂါကိုဖျောက်တဲ့နည်းကစိတ်ဝင်စားစရာပါပဲ။အဲဒီအတွေ့အကြုံကိုသူမကသူငယ်ချင်းတွေကိုလဲမျှဝေပေးခဲ့ပါတယ်။

Writer -Min Thu (XYZ News )

LEAVE A REPLY