Zawgyi ျဖင့္ဖတ္ရန္

ကိုယ့္အခ်စ္ေရးနဲ႔ပတ္သက္လို႔ ဆိုရွယ္မီဒီယာေပၚမွာ ဓာတ္ပုံေလးေတြ၊ ပို႔စ္ေလးေတြေရးၿပီးတင္တယ္ဆိုတာ ဒီေန႔ေခတ္လူငယ္ေတြၾကားမွာ မထူးဆန္းေတာ့တဲ့ ကိစၥတစ္ရပ္ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳးအခ်စ္ေရးနဲ႔ပတ္သက္လို႔ ပုံေတြ၊ပို႔စ္ေတြအလြန္အကြၽံတင္တာက အခ်စ္ေရးအဆင္မေျပမႈနဲ႔ တိုက္႐ိုက္ဆက္စပ္ေနတယ္လို႔ စိတ္ပညာရွင္ေတြကေတြ႕ရွိခဲ့ပါတယ္။

ကိုယ္လိုခ်င္တဲ့ အခ်စ္ေရးမ်ိဳးကိုေဖာ္ျပျခင္းသာျဖစ္ဖို႔မ်ား

ဆိုရွယ္မီဒီယာမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းခ်စ္ျပတဲ့ပို႔စ္ေတြ၊ ပုံေတြ အမ်ားႀကီးတင္တတ္တဲ့ စုံတြဲေတြဟာ သူတို႔လက္ရွိမွာ ပိုင္ဆိုင္ထားတဲ့ အေနအထားထက္ သူတို႔စိတ္ထဲက လိုခ်င္ေနတဲ့ အခ်စ္ေရးမ်ိဳးကို ပုံေဖာ္ၿပီး တင္ေနတာမ်ိဳးျဖစ္ေနတတ္ပါတယ္။ ကိုယ္လိုခ်င္တဲ့ ပုံစံမ်ိဳးကို စိတ္ကူးပုံေဖာ္ၿပီး စိတ္ေက်နပ္မႈရယူေနၾကသူေတြျဖစ္ပါတယ္။ ဒါေၾကာင့္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္နားလည္မႈဆိုတာထက္ ကိုယ္လိုခ်င္တဲ့၊ ကိုယ္ျဖစ္ခ်င္တဲ့ အေျခအေနမ်ိဳးျဖစ္ဖို႔ပဲ ဦးတည္စဥ္းစားၾကတာေၾကာင့္ အခ်စ္ေရးအဆင္မေျပၾကျခင္းျဖစ္ပါတယ္။

ျပႆနာေတြကိုဖုံးကြယ္ထားတယ္

သူတို႔ေတြ ဆိုရွယ္မီဒီယာေပၚတင္တယ္ဆိုတာ ေပ်ာ္စရာေကာင္းတဲ့ပုံ၊ အရမ္းခ်စ္ျပၾကတဲ့ ပုံေလးေတြနဲ႔ ႏွစ္ေယာက္သားအဆင္ေျပေနတာေတြကိုပဲ တင္တာပါ။ ၿပီးေတာ့ လူသိမ်ားၿပီး ၊ လူအမ်ားက အားက်ၾကတဲ့ စံျပစုံတြဲလိုမ်ိဳးဆို အဆင္မေျပမႈေတြလုံ းဝမတင္မိေအာင္ ပိုသတိထားရပါတယ္။ ဒီလိုမ်ိဳး အဆင္မေျပတာေတြကို လုံးဝဖြင့္ဟခြင့္မရဘဲ၊ တကယ္ေပ်ာ္ေပ်ာ္မေပ်ာ္ေပ်ာ္ ေပ်ာ္ေနတဲ့ပုံစံေတြပဲ တစ္ခ်ိန္လုံးတင္ျပေနရျခင္းက ႏွစ္ေယာက္လုံးကို ဖိစီးေစၿပီး အဆင္မေျပမႈကို ဦးတည္ေစပါတယ္။

အခ်စ္ေရးအဆင္ေျပေနတဲ့သူေတြက ကိုယ္အဆင္ေျပေနတယ္ဆိုတာကို ပတ္ဝန္းက်င္ကို သက္ေသျပစရာမလိုပါဘူး။ ေပ်ာ္စရာအမွတ္တရေလးေတြ သိမ္းထားခ်င္တဲ့သူေတြက ပုံေတြပို႔စ္ေတြကို အလြန္အကြၽံ မ်က္စိေနာက္ေလာက္ေအာင္ တင္ေလ့မရွိပါဘူး။ တကယ္တမ္း လူျမင္ေအာင္ အရမ္းခ်စ္ျပ၊ ႐ိုျပေနတဲ့သူေတြကေတာ့ သူတို႔ေတြ အခ်စ္ေရးမွာအရမ္းအဆင္ေျပေနတယ္ဆိုတာကို ပတ္ဝန္းက်င္နဲ႔ေဘးလူေတြကို သက္ေသျပခ်င္သလို၊ သူတို႔ကိုယ္သူတို႔လည္း ဒီလိုအဆင္ေျပေနတာပဲဆိုတဲ့ အေျခအေနတစ္ခု ဖန္တီးထားတာမ်ိဳးျဖစ္တယ္လို႔ စိတ္ပညာရွင္ေတြက ေျပာခဲ့တာပါ။

Credit:Aunty may

Unicode ဖြင့်ဖတ်ရန်

ဆိုရှယ်မီဒီယာပေါ်မှာ အရမ်းချစ်ပြခြင်းက အချစ်ရေးအဆင်မပြေမှုနဲ့ တိုက်ရိုက်ဆက်စပ်နေ

ကိုယ့်အချစ်ရေးနဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံလေးတွေ၊ ပို့စ်လေးတွေရေးပြီးတင်တယ်ဆိုတာ ဒီနေ့ခေတ်လူငယ်တွေကြားမှာ မထူးဆန်းတော့တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးအချစ်ရေးနဲ့ပတ်သက်လို့ ပုံတွေ၊ပို့စ်တွေအလွန်အကျွံတင်တာက အချစ်ရေးအဆင်မပြေမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ စိတ်ပညာရှင်တွေကတွေ့ရှိခဲ့ပါတယ်။

ကိုယ်လိုချင်တဲ့ အချစ်ရေးမျိုးကိုဖော်ပြခြင်းသာဖြစ်ဖို့များ

ဆိုရှယ်မီဒီယာမှာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြတဲ့ပို့စ်တွေ၊ ပုံတွေ အများကြီးတင်တတ်တဲ့ စုံတွဲတွေဟာ သူတို့လက်ရှိမှာ ပိုင်ဆိုင်ထားတဲ့ အနေအထားထက် သူတို့စိတ်ထဲက လိုချင်နေတဲ့ အချစ်ရေးမျိုးကို ပုံဖော်ပြီး တင်နေတာမျိုးဖြစ်နေတတ်ပါတယ်။ ကိုယ်လိုချင်တဲ့ ပုံစံမျိုးကို စိတ်ကူးပုံဖော်ပြီး စိတ်ကျေနပ်မှုရယူနေကြသူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုဆိုတာထက် ကိုယ်လိုချင်တဲ့၊ ကိုယ်ဖြစ်ချင်တဲ့ အခြေအနေမျိုးဖြစ်ဖို့ပဲ ဦးတည်စဉ်းစားကြတာကြောင့် အချစ်ရေးအဆင်မပြေကြခြင်းဖြစ်ပါတယ်။

ပြဿနာတွေကိုဖုံးကွယ်ထားတယ်

သူတို့တွေ ဆိုရှယ်မီဒီယာပေါ်တင်တယ်ဆိုတာ ပျော်စရာကောင်းတဲ့ပုံ၊ အရမ်းချစ်ပြကြတဲ့ ပုံလေးတွေနဲ့ နှစ်ယောက်သားအဆင်ပြေနေတာတွေကိုပဲ တင်တာပါ။ ပြီးတော့ လူသိများပြီး ၊ လူအများက အားကျကြတဲ့ စံပြစုံတွဲလိုမျိုးဆို အဆင်မပြေမှုတွေလုံ းဝမတင်မိအောင် ပိုသတိထားရပါတယ်။ ဒီလိုမျိုး အဆင်မပြေတာတွေကို လုံးဝဖွင့်ဟခွင့်မရဘဲ၊ တကယ်ပျော်ပျော်မပျော်ပျော် ပျော်နေတဲ့ပုံစံတွေပဲ တစ်ချိန်လုံးတင်ပြနေရခြင်းက နှစ်ယောက်လုံးကို ဖိစီးစေပြီး အဆင်မပြေမှုကို ဦးတည်စေပါတယ်။

အချစ်ရေးအဆင်ပြေနေတဲ့သူတွေက ကိုယ်အဆင်ပြေနေတယ်ဆိုတာကို ပတ်ဝန်းကျင်ကို သက်သေပြစရာမလိုပါဘူး။ ပျော်စရာအမှတ်တရလေးတွေ သိမ်းထားချင်တဲ့သူတွေက ပုံတွေပို့စ်တွေကို အလွန်အကျွံ မျက်စိနောက်လောက်အောင် တင်လေ့မရှိပါဘူး။ တကယ်တမ်း လူမြင်အောင် အရမ်းချစ်ပြ၊ ရိုပြနေတဲ့သူတွေကတော့ သူတို့တွေ အချစ်ရေးမှာအရမ်းအဆင်ပြေနေတယ်ဆိုတာကို ပတ်ဝန်းကျင်နဲ့ဘေးလူတွေကို သက်သေပြချင်သလို၊ သူတို့ကိုယ်သူတို့လည်း ဒီလိုအဆင်ပြေနေတာပဲဆိုတဲ့ အခြေအနေတစ်ခု ဖန်တီးထားတာမျိုးဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ပြောခဲ့တာပါ။

Credit:Aunty may

LEAVE A REPLY