Zawgyi ဖြင့်ဖတ်ရန်




credit : aunty may

Unicode ဖြင့်ဖတ်ရန်

ရင်းနှီးခဲ့ဖူးသူဆီကနေ အက်ဆစ်နဲ့ပက်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ Song Hye Kyo ရဲ့ မိသားစု

Song Hye Kyo နဲ့ သူမရဲ့ မိခင်ဖြစ်သူတို့ကတော့ အတူ အလုပ်တွဲလုပ်ခဲ့တဲ့ဖူးတဲ့ သူတစ်ယောက်ဆီကနေ ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုတစ်ခုကို ခံခဲ့ရဖူးပါတယ်။ ဒီအကြောင်းကိုတော့ Channel A ရဲ့ Rumor Has It ဆိုတဲ့ အစီအစဉ်မှာ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ Song Hye Kyo နဲ့ မိခင်ဖြစ်သူတို့ကတော့ ၂၀၀၅ခုနှစ် ဇန်နဝါရီလလောက်က ကိုရီးယားဝမ် သန်း၂၅၀ ပေးဖို့အတွက် ခြိမ်းခြောက်ခံခဲ့ရပါတယ်။

စာထဲမှာတော့ ခြိမ်းခြောက်တဲ့သူ သူ့ဆီကို ပိုက်ဆံမပို့ခဲ့ဘူးဆိုရင် Song Hye Kyo နဲ့ မိခင်ဖြစ်သူတို့ရဲ့ ခန္ဓာကိုယ်ကို အက်ဆစ်နဲ့ ပက်ဖို့အတွက် ဟိုက်ဒရိုကလိုရင်း အက်ဆစ်တွေနဲ့ စိတ်ချောက်ခြားဆေးတွေကို စည်းပိုင်းကြီးနဲ့တောင် ပြင်ဆင်ထားပြီးပြီလို့ ပို့ခဲ့တာဖြစ်ပါတယ်။

ဒီစာရပြီးပြီးချင်းမှာတော့ Song Hye Kyo ရဲ့ မိခင်ဖြစ်သူက Song Hye Kyo ကို အိမ်နဲ့ဝေးတဲ့ အခြားနေရာကို ပို့ခဲ့ပြီး ရဲတွေကို တိုင်ခဲ့တာဖြစ်ပါတယ်။ ရဲတွေက စုံစမ်းခဲ့တဲ့အခါမှာတော့ အဲဒီခြိမ်းခြောက်စာပို့သူက Song Hye Kyo နဲ့ သုံးနှစ်ကြာ အတူရှိခဲ့ဖူး သူမရဲ့ မန်နေဂျာဟောင်းဖြစ်နေပါတယ်။ အဲဒီ မန်နေဂျာကတော့ Song Hye Kyo ရဲ့ ဖိုတိုရှုက ရတဲ့ အမြတ်ငွေတွေကို ပြန်မတင်ပြပဲ လတ်လွတ်စပယ် သုံးပစ်တာကြောင့် အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

credit : aunty may

LEAVE A REPLY