Zawgyi ျဖင့္ဖတ္ရန္

တ႐ုတ္ႏိုင္ငံက ကေလး ၃ ေယာက္မိခင္ အမ်ိဳးသမီးတစ္ဦးဟာ ကေလးထပ္မလိုခ်င္ေတာ့တဲ့အတြက္ သံစပရင္(စပလိန္)ေခ်ာင္း တစ္ေခ်ာင္းကို သူမရဲ႕ အမ်ိဳးသမီးအဂၤါထဲ လြန္ခဲ့တဲ့ ၆ လခန႔္က ကိုယ္တိုင္ထည့္ခဲ့ပါတယ္။
စပရင္ေခ်ာင္းဟာ သေႏၶတားတဲ့ ပစၥည္းကရိယာတစ္ခုလိုမ်ိဳး ကေလးမရႏိုင္ေအာင္ တားေပးႏိုင္တယ္လို႔ သူ႔အထင္နဲ႔သူ လုပ္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ အမ်ိဳးသမီးဟာ သူမထင္သလို ျဖစ္မလာပဲ ေနာက္ထပ္ ကိုယ္ဝန္ရလာခဲ့ျပန္ပါတယ္။

Intrauterine device (IUD) ဆိုတဲ့ ကရိယာေလးဟာ T ပုံသ႑န္ရွိၿပီး ပလပ္စတစ္၊ ေၾကးနီတို႔နဲ႔ ျပဳလုပ္ထားပါတယ္။ အဲဒီအရာေလးကို အမ်ိဳးသမီးရဲ႕ သားအိမ္ထဲကို ထည့္ထားတဲ့အခါ ေၾကးနီေၾကာင့္ ကိုယ္ဝန္မရႏိုင္ေအာင္ တားဆီးေပးပါတယ္။

 

အမ်ိဳးသမီးက ၂ လကၼေလာက္ရွည္တဲ့ သံစပရင္ေခ်ာင္း တစ္ေခ်ာင္းကို အလုပ္႐ုံမွာ ေကာက္ရၿပီးေနာက္ သူမရဲ႕ မိန္းမအဂၤါထဲထည့္ထားရင္ IUD device လိုပဲ အလုပ္လုပ္လိမ့္မယ္လို႔ ထင္မွတ္မွားခဲ့တာျဖစ္ပါတယ္။

ဒီလိုနဲ႔ေနရင္ သူမရဲ႕ ကိုယ္ဝန္ ၅ လ ေလာက္ရွိေတာ့မွ ကိုယ္ဝန္ရွိေနတာ သိသြားၿပီး မင္က်ဳံးေဆး႐ုံကို ေရာက္လာခဲ့ပါတယ္။ အဲဒီေနာက္ ဆရာဝန္ကို ကိုယ္ဝန္ဖ်က္ခ်ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ သူ႔ကို စစ္ေဆးၾကည့္တဲ့အခါ အမ်ိဳးသမီးအဂၤါနဲ႔ သားအိမ္ေခါင္းၾကားထဲမွာ အကြင္းအကြင္းေလးေတြ သြားေတြ႕တယ္” လို႔ ဆရာဝန္ျဖစ္သူက ဆိုပါတယ္။

“ေသခ်ာစစ္ေဆးၾကည့္ေတာ့မွ စပရင္ျဖစ္ေနတာကိုသိရတယ္၊ အမ်ိဳးသမီးအဂၤါရဲ႕ တစ္ရႈးအသားစေတြနဲ႔ေတာင္ အျမစ္တြယ္ေနၿပီ” လို႔ ေျပာပါတယ္။

ဆရာဝန္ေတြဟာ စပရင္ကို တစ္ခါထဲ ျပန္ဆြဲထုတ္လို႔မရတာေၾကာင့္ ပလာယာသုံးၿပီး အပိုင္းအပိုင္းေသးေသးေလးေတြျဖစ္ေအာင္ ျဖတ္ၿပီးမွ မိနစ္ ၄၀ ၾကာေအာင္ ဖယ္ရွားခဲ့ရပါတယ္။ အမ်ိဳးသမီးဟာ သံစပရင္ေၾကာင့္ ေရာဂါပိုးဝင္တာေတြ တစ္ရႈးပ်က္ဆီးတာေတြ မရွိခဲ့ဘူးလို႔ သိရပါတယ္။ဒါေပမယ့္ အမ်ိဳးသမီးရဲ႕ ကိုယ္ဝန္ကို ဆရာဝန္ေတြ ဖ်က္ခ်ေပးလိုက္လား၊ မဖ်က္ခ်ခိုင္းခဲ့ဘူးလားဆိုတာကိုေတာ့ ရွင္းလင္းစြာ မသိရွိရပါ။

Credit :popolay

Unicode ဖြင့်ဖတ်ရန်

ကလေးမလိုချင်လို့ မိန်းမအင်္ဂါထဲ သံစပရင်ချောင်း ကိုယ်တိုင်ထည့်တဲ့ အမျိုးသမီး

တရုတ်နိုင်ငံက ကလေး ၃ ယောက်မိခင် အမျိုးသမီးတစ်ဦးဟာ ကလေးထပ်မလိုချင်တော့တဲ့အတွက် သံစပရင်(စပလိန်)ချောင်း တစ်ချောင်းကို သူမရဲ့ အမျိုးသမီးအင်္ဂါထဲ လွန်ခဲ့တဲ့ ၆ လခန့်က ကိုယ်တိုင်ထည့်ခဲ့ပါတယ်။
စပရင်ချောင်းဟာ သန္ဓေတားတဲ့ ပစ္စည်းကရိယာတစ်ခုလိုမျိုး ကလေးမရနိုင်အောင် တားပေးနိုင်တယ်လို့ သူ့အထင်နဲ့သူ လုပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးဟာ သူမထင်သလို ဖြစ်မလာပဲ နောက်ထပ် ကိုယ်ဝန်ရလာခဲ့ပြန်ပါတယ်။

Intrauterine device (IUD) ဆိုတဲ့ ကရိယာလေးဟာ T ပုံသဏ္ဍန်ရှိပြီး ပလပ်စတစ်၊ ကြေးနီတို့နဲ့ ပြုလုပ်ထားပါတယ်။ အဲဒီအရာလေးကို အမျိုးသမီးရဲ့ သားအိမ်ထဲကို ထည့်ထားတဲ့အခါ ကြေးနီကြောင့် ကိုယ်ဝန်မရနိုင်အောင် တားဆီးပေးပါတယ်။
အမျိုးသမီးက ၂ လက္မလောက်ရှည်တဲ့ သံစပရင်ချောင်း တစ်ချောင်းကို အလုပ်ရုံမှာ ကောက်ရပြီးနောက် သူမရဲ့ မိန်းမအင်္ဂါထဲထည့်ထားရင် IUD device လိုပဲ အလုပ်လုပ်လိမ့်မယ်လို့ ထင်မှတ်မှားခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့နေရင် သူမရဲ့ ကိုယ်ဝန် ၅ လ လောက်ရှိတော့မှ ကိုယ်ဝန်ရှိနေတာ သိသွားပြီး မင်ကျုံးဆေးရုံကို ရောက်လာခဲ့ပါတယ်။ အဲဒီနောက် ဆရာဝန်ကို ကိုယ်ဝန်ဖျက်ချပေးဖို့ တောင်းဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ သူ့ကို စစ်ဆေးကြည့်တဲ့အခါ အမျိုးသမီးအင်္ဂါနဲ့ သားအိမ်ခေါင်းကြားထဲမှာ အကွင်းအကွင်းလေးတွေ သွားတွေ့တယ်” လို့ ဆရာဝန်ဖြစ်သူက ဆိုပါတယ်။

“သေချာစစ်ဆေးကြည့်တော့မှ စပရင်ဖြစ်နေတာကိုသိရတယ်၊ အမျိုးသမီးအင်္ဂါရဲ့ တစ်ရှုးအသားစတွေနဲ့တောင် အမြစ်တွယ်နေပြီ” လို့ ပြောပါတယ်။

ဆရာဝန်တွေဟာ စပရင်ကို တစ်ခါထဲ ပြန်ဆွဲထုတ်လို့မရတာကြောင့် ပလာယာသုံးပြီး အပိုင်းအပိုင်းသေးသေးလေးတွေဖြစ်အောင် ဖြတ်ပြီးမှ မိနစ် ၄၀ ကြာအောင် ဖယ်ရှားခဲ့ရပါတယ်။ အမျိုးသမီးဟာ သံစပရင်ကြောင့် ရောဂါပိုးဝင်တာတွေ တစ်ရှုးပျက်ဆီးတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။ဒါပေမယ့် အမျိုးသမီးရဲ့ ကိုယ်ဝန်ကို ဆရာဝန်တွေ ဖျက်ချပေးလိုက်လား၊ မဖျက်ချခိုင်းခဲ့ဘူးလားဆိုတာကိုတော့ ရှင်းလင်းစွာ မသိရှိရပါ။

Credit :popolay

LEAVE A REPLY