Zawgyi ျဖင့္ဖတ္ရန္

ကံၾကမၼာရဲ႕ မ်က္ႏွာသာမေပးမႈေၾကာင့္ ခ်စ္သူစုံတြဲႏွစ္ေယာက္ရဲ႕ အေပ်ာ္႐ႊင္ဆုံးေန႔ရက္ေတြကေန ေၾကကြဲစရာအေကာင္းဆုံးေန႔ရက္ေတြအတြက္ အခ်ိန္တစ္ခဏေလးအတြင္းမွာ ေျပာင္းျပန္လန္သြားခဲ့ရပါတယ္။

အေမရိကန္ႏိုင္ငံ လူဝီစီယားနားျပည္နယ္မွ Steven Weber Jr. နဲ႔ Kenesha Antonie တို႔ စုံတြဲဟာ အာဖရိကအေရွ႕ပိုင္း ‘တန္ဇန္နီးယား’ ၿမိဳ႕ကို အပန္းေျဖခရီးထြက္ခဲ့ၾကရင္း Weber က Antonie ကို အံ့အားသင့္သြားေအာင္ ေရေအာက္ကေန လက္ထပ္ခြင့္ပန္ခဲ့ရာ မေမွ်ာ္လင့္ပဲ ပင္လယ္ထဲမွာ ေရနစ္ေသဆုံးခဲ့ရမႈတစ္ခု ၿပီးခဲ့တဲ့ေသာၾကာ စက္တင္ဘာလ ၂၀ ရက္ေန႔က ျဖစ္ပြားခဲ့ပါတယ္။

သူတို႔စုံတြဲဟာ ပင္လယ္ထဲမွာ တည္ေဆာက္ထားတဲ့ အပန္းေျဖဘန္ဂလိုတစ္ခုမွာ အနားယူခဲ့ၾကတာျဖစ္ပါတယ္။ ဘန္ဂလိုရဲ႕ အေပၚပိုင္းက ေရေပၚမွာရွိေနၿပီး အိပ္ခန္းရွိရာ ေအာက္ဖက္ပိုင္းကေတာ့ ပင္လယ္ေရျပင္ေအာက္ထဲမွာ မွန္ျပတင္းေပါက္ေတြနဲ႔ ေရေအာက္အလွအပကို ခံစားၾကည့္ရႈႏိုင္ရန္ ေဆာက္ထားတာျဖစ္ပါတယ္။

အဆိုပါေန႔နံနက္ပိုင္းက Weber ဟာ ေရငုတ္ကရိယာအျပည့္အစုံဝတ္ဆင္ၿပီး ဘန္ဂလိုရဲ႕အျပင္ဘက္ကေန ပင္လယ္ေအာက္ထဲ ေရငုတ္ခဲ့ပါတယ္။ အဲဒီေနာက္ ျပတင္းေပါက္ကေန Antonie ကို လွမ္းေခၚၿပီး သူအသင့္ေရးထားၿပီး ပလပ္စတစ္အိတ္ထဲထည့္ထားတဲ့ လက္ထပ္ခြင့္ေတာင္းတဲ့စာကို အျပင္ဘက္ကေန ျဖန႔္ျပခဲ့ပါတယ္။ ဒါကို Antonie က ႐ုပ္သံ႐ိုက္ထားခဲ့ပါတယ္။

အဲဒီေနာက္ Weber က လက္ထပ္လက္စြပ္ကို ေပးဖို႔ ေရေပၚကို ျပန္တက္သြားခဲ့ပါတယ္။ ဒါေပမယ့္ Antonie ဆီကိုေရာက္မလာေတာ့ပဲ လမ္းတစ္ဝက္မွာတင္ ေရနစ္ေသဆုံးသြားခဲ့ပါတယ္။ ေၾကကြဲစရာအျဖစ္ဆိုးကို Antonie က သူမရဲ႕ လူမႈကြန္ယက္ေပၚမွာ ဗီဒီယိုဖိုင္ေတြနဲ႔တစ္ကြ သူတို႔ႏွစ္ေယာက္ရဲ႕ အေပ်ာ္႐ႊင္းဆုံး ေနာက္ဆုံးေန႔ရက္ေတြကို တင္ထားခဲ့ပါတယ္။

သူမပို႔စ္ရဲ႕ေအာက္မွာေတာ့ ဝမ္းနည္းေၾကာင္း ဝင္ေရာက္ေရးသားထားသူေတြနဲ႔ ျပည့္ႏွက္ေနတာကို ျမင္ေတြ႕ရမွာပါ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ရေငုတ်ပြီးလက်ထပ်ခွင့်တောင်းရာမှ ရေနစ်သေဆုံး

ကံကြမ္မာရဲ့ မျက်နှာသာမပေးမှုကြောင့် ချစ်သူစုံတွဲနှစ်ယောက်ရဲ့ အပျော်ရွှင်ဆုံးနေ့ရက်တွေကနေ ကြေကွဲစရာအကောင်းဆုံးနေ့ရက်တွေအတွက် အချိန်တစ်ခဏလေးအတွင်းမှာ ပြောင်းပြန်လန်သွားခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်မှ Steven Weber Jr. နဲ့ Kenesha Antonie တို့ စုံတွဲဟာ အာဖရိကအရှေ့ပိုင်း ‘တန်ဇန်နီးယား’ မြို့ကို အပန်းဖြေခရီးထွက်ခဲ့ကြရင်း Weber က Antonie ကို အံ့အားသင့်သွားအောင် ရေအောက်ကနေ လက်ထပ်ခွင့်ပန်ခဲ့ရာ မမျှော်လင့်ပဲ ပင်လယ်ထဲမှာ ရေနစ်သေဆုံးခဲ့ရမှုတစ်ခု ပြီးခဲ့တဲ့သောကြာ စက်တင်ဘာလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

သူတို့စုံတွဲဟာ ပင်လယ်ထဲမှာ တည်ဆောက်ထားတဲ့ အပန်းဖြေဘန်ဂလိုတစ်ခုမှာ အနားယူခဲ့ကြတာဖြစ်ပါတယ်။ ဘန်ဂလိုရဲ့ အပေါ်ပိုင်းက ရေပေါ်မှာရှိနေပြီး အိပ်ခန်းရှိရာ အောက်ဖက်ပိုင်းကတော့ ပင်လယ်ရေပြင်အောက်ထဲမှာ မှန်ပြတင်းပေါက်တွေနဲ့ ရေအောက်အလှအပကို ခံစားကြည့်ရှုနိုင်ရန် ဆောက်ထားတာဖြစ်ပါတယ်။

အဆိုပါနေ့နံနက်ပိုင်းက Weber ဟာ ရေငုတ်ကရိယာအပြည့်အစုံဝတ်ဆင်ပြီး ဘန်ဂလိုရဲ့အပြင်ဘက်ကနေ ပင်လယ်အောက်ထဲ ရေငုတ်ခဲ့ပါတယ်။ အဲဒီနောက် ပြတင်းပေါက်ကနေ Antonie ကို လှမ်းခေါ်ပြီး သူအသင့်ရေးထားပြီး ပလပ်စတစ်အိတ်ထဲထည့်ထားတဲ့ လက်ထပ်ခွင့်တောင်းတဲ့စာကို အပြင်ဘက်ကနေ ဖြန့်ပြခဲ့ပါတယ်။ ဒါကို Antonie က ရုပ်သံရိုက်ထားခဲ့ပါတယ်။

အဲဒီနောက် Weber က လက်ထပ်လက်စွပ်ကို ပေးဖို့ ရေပေါ်ကို ပြန်တက်သွားခဲ့ပါတယ်။ ဒါပေမယ့် Antonie ဆီကိုရောက်မလာတော့ပဲ လမ်းတစ်ဝက်မှာတင် ရေနစ်သေဆုံးသွားခဲ့ပါတယ်။ ကြေကွဲစရာအဖြစ်ဆိုးကို Antonie က သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ဗီဒီယိုဖိုင်တွေနဲ့တစ်ကွ သူတို့နှစ်ယောက်ရဲ့ အပျော်ရွှင်းဆုံး နောက်ဆုံးနေ့ရက်တွေကို တင်ထားခဲ့ပါတယ်။

သူမပို့စ်ရဲ့အောက်မှာတော့ ဝမ်းနည်းကြောင်း ဝင်ရောက်ရေးသားထားသူတွေနဲ့ ပြည့်နှက်နေတာကို မြင်တွေ့ရမှာပါ။

Credit : popolay

LEAVE A REPLY